Monday, January 2, 2012


" သူငယ်ချင်းများသို့ အမှာ "


တစ်နှစ်ကုန်ပြန်ပြီ၊
ရင့်ရော်လာသည့် ခန္ဓာ၊
ဆုတ်ယုတ်လာသည့် အားအင်၊
သေမင်းထံ နင်ပေးနေတဲ့ အချိန်ရယ်၊
မိဘကျေးဇူး ဆပ်ဖူးချင်ပါသေးတယ်၊
တရားထူးအရသာလည်း ခံစားဖူးချင်ပါသေးတယ်၊
သနားကာ ထောက်ထားလို့၊
တစ်နှစ်တာ အသက်ရှင်ခွင့်ပေးပါနော်။

မိဘကျေးဇူးလည်း ဆပ်ဖူးချင်တယ်၊
တရားထူးအရသာလည်း ခံစားဖူးချင်တယ်၊
အများအကျိုးလည်း သယ်ပိုး ရွက်ဆောင်ချင်ပါတယ်၊
ကူညီတဲ့ သဘော၊
သင့် မနောမှာ ထားလို့၊
၂၀၁၂ တစ်နှစ်တာ အသက်ရှင်ခွင့်ပေးပါနော်၊
နောက်နှစ်ခါ နှစ်ကုန်ပြန်လည်း၊
ဒီလိုပဲ တောင်းဆုချွေမည်၊
သေမင်းရေ မရယ် (မရည်) ပါနဲ့၊
လူ့ဘ၀ ရခဲလှလို့၊
တောင်းနေမိ ရဲ့  ။

ဘ၀တွက် အသက်ရှင်သန်၊
တည်မြဲနိုင်ရန်ပ ရည်စူး၊
ဝီရိယထား အလုပ် လုပ်ကားနေ၊
ကုသိုလ်ထူးလည်း ဆက်ကာထားတာမို့၊
ငါ မသေပါဘူးလို့ ယုံကြည်၊
မိဘကျေးဇူး ဆပ်ဖူးအောင်သာ ကြိုးစား၊
တရားထူးအရသာလည်း ခံစားဖူးမှ သင့်မည်၊
တရားအားထုတ်ဘို့ကိုလည်း စိတ်က ရည်ပါ။

စိတ်ဆိုတာ မကောင်းမှု့မှာ ပျော်တာမို့၊
ပျော်ဘို့လည်း စိတ်သန်မည်၊
သိပ်မာန်တွေ တက်မနေကြပဲ၊
ခံစားသင့်တာ ခံစားလို့၊
တရားထူးအရသာ စံစားဘို့လည်း စိတ်ကူးပါ၊
နှစ်ကူးမှာ အထူးမှာချင်ပါသည်၊
မိဘကျေးဇူး ဆပ်ဖူးအောင် လုပ်ပါ၊
တရားထူးအရသာကို ခံစားဖူးအောင်လည်း တရားအားထုတ်ပါ၊
နောက်တစ်နှစ် မသေချာ၊
မရေရာတဲ့ ဘ၀၊
သေချာနေတဲ့ ခဏလေးမှာ၊
ကျိုးနှစ်ဖြာ လုပ်နိုင်မှ၊
နှစ်သစ်မှာ တို့တတွေ၊
အကျိုးရှိမှာပ။

No comments:

Post a Comment