Sunday, February 24, 2013

နောင်တ ရှိုက်သံ (စာရေးသူ- စံလင်း)

“မောင်မောင်၊ ကျော်ဆွေရဲ့ အဖေဆုံးတာ သိပြီးပြီလား”
“ဗျာ၊ ဟုတ်လား၊ ကျွန်တော် မသိသေးဘူး ဦး၊ ဘယ်တုန်းက ဆုံးတာလဲ”၊
“မနေ့ကပဲ၊ ငါးရက် ထားမယ်တဲ့၊ မင်း သွားလိုက်ပါအုံးလား”၊
ဟုတ်၊ ကျွန်တော် သွားလိုက်ပါ့မယ်၊ တကယ်ကို မသိတာပါ၊ ကျေးဇူးနော် ဦး”၊
ဦးလေးတင့် ပြောမှ သိရသည်။ ကျော်ဆွေ ဆိုတာ ကျွန်တော့်ဆရာလေ။ မြို့တစ်မြို့မှာ တစ်နေရာတည်း အတူတူ နေခဲ့ဘူးတဲ့ ဆရာ။ သူ့လက်အောက်ငယ်သားတွေ အတွက် များစွာ အကျိုးဆောင်ရွက်ပေးခဲ့တဲ့ဆရာ။ ကူညီပေးခဲ့တဲ့ ဆရာ။ တပည့်တွေကို တန်းတူညီတူ သဘောထားဆက်ဆံတတ်တဲ့ ဆရာ။ လူချစ်လူခင် အရမ်းပေါတဲ့ဆရာ။ တစ်ခါကပေါ့။ ကျွန်တော်က အမှန်တရားကို လုပ်ပါလျှက်နဲ့ အပြစ်ပြောခံခဲ့ရတယ်။ မကျေနပ်လို့ ပေါက်ကွဲပြလိုက်ပြန်တော့လည်း အဲလို ပေါက်ကွဲပြရမလားဆိုပြီး အပြစ်ထပ်ဖြစ်ပြန်တယ်။ အပြစ်တွေ လုံးချာလိုက်နေတဲ့ ကျွန်တော့်ကို ဆရာကျော်ဆွေက အစစအရာရာ တာဝန်ယူ ကူညီဖြေရှင်းပေးခဲ့တယ်။ ပြီးတော့ လောကလူတွေနဲ့ နေထိုင်ရတဲ့အခါ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ဘို့ သင်ပေးခဲ့တဲ့ ဆရာ။ တွေ့ဆုံကြပြီး ကွဲသွားကြတဲ့ နှစ်တွေလည်း မနည်းတော့ဘူး။ အဆက်အသွယ်ရှိပေမဲ့ မဆုံဖြစ်ခဲ့။ ဆရာရဲ့ ကူညီမှု့ သွန်သင်ဆုံးမမှု့တွေက ကျွန်တော့်အပေါ်မှာ လွန်စွာ ကျေးဇူးကြီးလှသည်။ ဒါကြောင့် ဆရာ့ဆီကို အမြန်ဆုံးရောက်အောင် သွားဖြစ်ခဲ့သည်။ ဆရာက ပဲခူးတိုင်း၊ --- မြို့နယ်မှာ နေတာလေ။

မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဆရာ။ ကျွန်တော့်ကို မှတ်မိအုံးမလား။ ကျွန်တော့်ကိုတွေ့ရင်ရော အရင်လိုပဲ သွန်သွင်ဆုံးမ အုံးမလား။ ကျွန်တော့်ပုံစံကို မြင်ရင် အံ့သြ၀မ်းသာနေမလား။ ဆရာ့အကြောင်းများကို တွေးရင်းနဲ့ပေါ့။ ကျွန်တော်ရောက်သွားတော့ ဆရာက အံ့သြမှု့တွေနဲ့ ကြည့်နေခဲ့တာပါ။ ဆရာ့ခြေအစုံကို လက်တင်ပြီး ကန်တော့လိုက်တယ်။ မျက်ရည်စလေးတွေနဲ့ ဆရာ။ ဘာကြောင့်ပါလဲ။ ကျွန်တော့်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။ သူ့အဖေအတွက်ပဲ ဖြစ်မှာပါလေ။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့တယ်ဆိုရင်လည်း အရင်က ပုံစံနဲ့ တော်တော်လေး ကွာခြားသွားတဲ့အတွက် ၀မ်းသာပီတိမျက်ရည်ပဲ ဖြစ်ပါစေ။ ဘာကြောင့်လဲလို့ ဆရာ့ကို မေးကြည့်တော့ “ငါ အဖေ့ကို မင်းကန်တော့သလို ကန်တော့လည်း ငါ့ကို ဘာမှ မတုန့်ပြန်နိုင်တော့ဘူးကွ” လို့ ၀မ်းနည်းသံလေးနဲ့ ပြောနေတဲ့ ဆရာ။ ကျွန်တော်တောင် မျက်ရည်ဝဲချင်လာပြီ။ ဆရာ့အိမ်မှာပဲ ကျွန်တော်နေလိုက်သည်။ ကူညီ လုပ်ပေးစရာရှိတာ လုပ်ပေးနိုင်တာ အကုန်လုပ်ပေးခဲ့သည်။ ငွေကြေး အကူညီ လုံးဝမလိုခဲ့။ ဆရာတို့က ပစ္စည်းဥစ္စာ ငွေကြေး ပြည့်စုံသည်။ ဆရာ့အဖေရဲ့ နောက်ဆုံးခရီးကို ပို့ကြတဲ့အခါ ကျွန်တော် မသိသေးတဲ့ဆရာ့အကြောင်း တစ်စိတ်တစ်ဒေသကို သိခဲ့ရသည်။ စိတ်မကောင်းလိုက်တာ ဆရာရယ်။

“သား ကျော်ဆွေ ၊ မင့်ညီမလေးကို သွားကြည့်လိုက်ပါအုံးကွာ၊ လိုအပ်တာ ရှိရင်လည်း ကူညီလိုက်ပါအုံး၊ အဖေ မသွားနိုင်လို့ပါ၊ အဖေ့ကိုယ်စား သွားပေးပါ သားရယ်”။ ဦးငြိမ်းရဲ့ စကားသံပါ။ သမီးဝင်းဝင်းက လေးယောက်မြောက်ကလေးကို ဗိုက်ခွဲမွေးဘို့ နာမည်ကြီးဆေးရုံတစ်ခုကို ရောက်နေတာလေ။ အရင်သုံးယောက်ကိုလည်း ဗိုက်ခွဲမွေးခဲ့တာ။ ဒါကြောင့် ခုတစ်ခါမွေးမယ့်ကိစ္စမှာ စိတ်ပူရတယ်။ စိုးရိမ်ရတယ်။ ဖခင်ဖြစ်တော့ မနေသာ။ သွားချင်သည်။ သမီးအတွက် စိတ်မချ။ ဒါကြောင့် သားကို သူ့ကိုယ်စား သွားဘို့ ပြောရသည်။ အိမ်ကို မလာတော့တဲ့ သားကို ခေါ်ပြောရသည်။

ဦးငြိမ်းမှာ သားကျော်ဆွေနဲ့ သမီးဝင်းဝင်း ရှိသည်။ ဇနီး ခင်ဆွေဝင်း ဆုံးသွားပြီးတဲ့နောက် သားနဲ့ သမီးကို ရသင့်ရထိုက်တဲ့ အမွေများ ခွဲပေးခဲ့သည်။ သားကျော်ဆွေရဲ့ဇနီး တင်တင်ထိုက်နဲ့ ၀င်းဝင်းနဲ့က မတည့်ကြ။ သူတို့ နှစ်ယောက်ရဲ့ မတည့်မှု့က ကျော်ဆွေနဲ့ ၀င်းဝင်းဆိုတဲ့ မောင်နှမနှစ်ယောက်ထိ ဂယက်ရိုက်သွားခဲ့သည်။ အဲဒီနောက်တော့ မိဘအိမ်က အပြီးဆင်းသွားခဲ့သည်။ သူ့အိမ်သူ့ခြံ သူ့စီးပွား သူ့လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ ကျော်ဆွေတို့ မိသားစုက ၀င်းဝင်းရှိတဲ့ မိဘအိမ်ကို ယောင်လို့တောင် မသွားခဲ့။ မရောက်ခဲ့။ ၀င်းဝင်းလည်း အိမ်ထောင်ကြပြီး မိဘအိမ်မှာ နေခဲ့သည်။ မင်္ဂလာဆောင်တော့ အစ်ကိုကျော်ဆွေတို့ မိသားစုကို မဖိတ်။ ကျော်ဆွေတို့မိသားစုလည်း မသွားခဲ့။ အဲလောက်ထိ တင်းမာခဲ့ကြသည်။ ကျော်ဆွေတို့ရခဲ့တဲ့ မိဘအမွေ ရွှေဆိုင်နဲ့ အခြားလုပ်ငန်းများက အောင်မြင်သထက် အောင်မြင်လာသည်။ ဒါပေမဲ့ ၀င်းဝင်းရဲ့ လုပ်ငန်းတွေကတော့ ကျသထက် ကျသွားသည်။ ငွေရှုံး ငွေနဲ့လိုက် ဆိုတဲ့အတိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ပါပါ သွားခဲ့သည်။ အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ သမီးကို ဖခင်ဖြစ်သူ ဦးငြိမ်းက လက်ပိုက်ကြည့်မနေနိုင်။ မိဘမေတ္တာ ကင်းသူ မဟုတ်။ ဒါကြောင့် အိုစာ မင်းစာ ချန်ထားတဲ့ သစ်စက်ကို ပေးလိုက်သည်။ သစ်စက်ရနေပေမဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဘို့ အရင်းအနှီးက လိုနေသေးသည်။ အသက်အရွယ်အရ သိပ်မနေရတော့မယ့် ဦးငြိမ်းက သမီးဘ၀ အဆင်ပြေစေဘို့အတွက် ဆီစက်ပါ ထပ်ပေးလိုက်သည်။ အိုစာ မင်းစာ အဖြစ် ချန်ထားတဲ့ သစ်စက်နဲ့ ဆီစက်က သားနဲ့ သမီးအတွက်ဖြစ်သည်။ သူဆုံးလျှင် တစ်ယောက်တစ်ခုစီ ခွဲဝေပေးခဲ့မှာ ဖြစ်သည်။ သို့သော်လည်း လောလောဆယ်အခြေအနေအရ သမီးကိုပဲ ပေးလိုက်သည်။ သားကျော်ဆွေအတွက် ပူစရာမလို။ သူ့လုပ်ငန်းတွေ အဆင်ပြေနေသည်ပဲ။ သမီးကိုပေးလိုက်တဲ့ အကြောင်းကို သားကို မတိုင်ပင်။ မပြောခဲ့။ ပြောခဲ့ တိုင်ပင်ခဲ့လျှင်လည်း သားက လက်ခံချင်မှ လက်ခံမည်။ လက်မခံလျှင် သမီးအတွက် စိတ်မအေးရ။ ထို့ကြောင့် မတိုင်ပင်ပဲ ပေးလိုက်သည်။ လူသတင်းလူချင်းဆောင် ဆိုသလိုပါပဲ။ ကြာတော့လည်း သိလာရသည်။ အဲဒီကိစ္စနဲ့လည်း အကြီးအကျယ် စကားများကြသည်။

ဦးငြိမ်းကိုတိုင်က မြို့မှာ ရပ်မိရပ်ဖ။ နေတာကလည်း ဘုရားနဲ့ တရားနဲ့။ အလှူဒါနလုပ်လိုက်ထားတာကလည်း အများကြီးပဲ။ ဦးငြိမ်းဆိုရင် မြို့ပေါ်က လူအများစုက သိသည်။ ဦးငြိမ်းဆုံးတော့ အားလုံးက ဦးငြိမ်းလို ပုဂ္ဂိုလ်မျိုးဟာ နတ်ပြည်ကို ရောက်မယ့်လူမျိုး ဘာမျိုး ညာမျိုးဆိုပြီး အမွှမ်းတင်ကြသည်။တကယ်တော့ ဦးငြိမ်းက အရက်သောက်များပြီး ဆုံးသွားခြင်းဖြစ်သည်။ သားကို သမီးဆီသွားကြည့်ဘို့ ပြောသည်။ ဒါပေမဲ့ သားက လက် မခံ။ မ နာခံ။ မလိုက်နာခဲ့။ နားမထောင်ခဲ့။ မသွားဘူး- ဆိုတဲ့ စကားနဲ့ ပြန်လာခဲ့သည်။ သမီးကို စိတ်ပူတာရော သားကို ပြောမရလို့ စိတ်ညစ်တာရော သူ့စကားကို အလေးမထားလို့ စိတ်မကောင်း ဖြစ်တာရောကြောင့် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ပစ် လိုက်သည်။ တစ်ကြိမ်တစ်ခါမှ မသောက်ဘူးခဲ့တဲ့ ဦးငြိမ်း။ စိတ်ညစ်ညစ်နဲ့ မလွန်အကျွံ သောက်ပစ်ခဲ့သည်။ ဦးငြိမ်းသည် တရားလုပ်ပေမဲ့ သောကရဲ့ နှိပ်စက်မှု့ကို မခံနိုင်ခဲ့။ သောကရဲ့ နှိပ်စက်မှု့ကို အောင်နိုင်လောက်တဲ့ တရားအဆင့်အတန်းလည်း မရှိခဲ့။ ဒါကြောင့် မိုက်မိုက်မဲမဲ အရက်ကို သောက်ပစ်ခဲ့သည်။ အဲဒီရက်ပိုင်းက အအေးလိုင်းဖြတ်နေသည့်အတွက် အရမ်းကို အေးပါသည်။ အိမ်အပေါ်ထပ် ၀ရံတာမှာ ဘာမှ မသိအောင်သောက်ခဲ့တဲ့ ဦးငြိမ်း မနက်လင်းတော့ တောင့်နေပါပြီ။ နံနက်စာ စားဘို့ ခြံစောင့်အလုပ်သမားက သွားခေါ်မှ သိရသည်။ သားကျော်ဆွေက သူ့အဖေအတွက် နာမည်ပျက်မှာ စိုးတာကြောင့် မည်သူ့ကိုမျှ အသိမပေးခဲ့။ ဦးငြိမ်းအသက်က ၇၆ -နှစ်။ သုသာန်မှာ တရားဟော လှူဖွယ်ကပ်လှူပြီး အမျှ ပေးဝေကြသည်။ ဆရာ ကျွန်တော့်ဆရာ။ သုသာန်မှာ ရောက်ကတည်းက တလှုပ်လှုပ် တသိမ့်သိမ့်နဲ့ ကြိတ်ပြီး ငိုနေခဲ့သည်။ အသံ မထွက် ။ ပါးစပ်လေး ဟ- လာလိုက်။ အသက်ကို ပြင်းပြင်းရှူလိုက်။ မျက်ရည်တွေက ဝေါ ခနဲ ကျလာလိုက်။ ဆရာ့ဇနီးနဲ့ ဆရာ့သားသမီးတွေကတော့ မငိုကြ။ ဘုန်းဘုန်းတွေလည်း တရားဟော ရေစက်ချ အမျှဝေပြီး ပြန်ကြွသွားကြသည်။ ပရိသတ်လူတွေကလည်း မီးသဂြိုဟ်မည့်နေရာကို သွားကြသည်။ ဦးငြိမ်းရဲ့ ရုပ်ကလာပ်ကို နောက်ဆုံးအနေနဲ့ ကြည့်နေကြသည်။ ဆရာကတော့ လက်နှစ်ဘက်ကို ရှေ့မှာချပြီး ခေါင်းကို ငိုက်စိုက်ကျလျှက် တသိမ့်သိမ့်ငိုနေတုန်း။ မျက်ရည်တွေကလည်း တလိမ့်လိမ့် စီးကျနေတုန်းပါပဲ။ ကျွန်တော်လည်း မနေနိုင်။ ဆရာ့အတွက် ၀မ်းနည်းမိသည်။ ဖြစ်မှဖြစ်ရလေ ဆရာရယ်လို့ တွေးမိတိုင်း မျက်ရည်က ဝေ့တက်လာသည်။ ဆရာ့ရှေ့မှာ ချထားတဲ့ ဦးငြိမ်းကို ခေါ်ထားတဲ့ သစ်ကိုင်းကို အသာလေး ယူပြီး သုသာန်ဘေးက သစ်ပင်မှာ တင်ထားလိုက်သည်။ အမှန်တော့ ကျွန်တော့်ငိုတာကို သိမှာ စိုးလို့ ခဏထွက်သွားတဲ့ သဘောပါ။ ဆရာ့ကို ကြည့်ရင်း ကြည့်ရင်းနဲ့ သြော် ဆရာ နောင်တရနေတာဖြစ်မယ်- လို့ ကျွန်တော်တွေးမိလိုက်သည်။ “ဖြစ်မှဖြစ်ရလေ အဖေရယ်။ အဖေ့ကို မုန်းလို့ မဟုတ်ပါဘူး။ အဖေ့စကားကို နားမထောင်တာ အဖေ့ကို မုန်းလို့ မဟုတ်ပါဘူး” ဆိုတဲ့ အသံတွေ ဆရာ့ရင်ထဲမှာ ဆူညံ နေပေလိမ့်မည်။ “ အဖေ အဲလောက် ခံစား သွားရမယ်မှန်းသိရင် သားမလုပ်ခဲ့ပါဘူးအဖေရယ်။ အဖေ့စကားကို သား နားထောင်ခဲ့မှာပါ”လို့ နောင်တစကားတွေ ပြောနေပေလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ်ပါလေ။ မိဘကို ကျေးဇူးဆပ်ချင်တယ်ဆိုရင် သက်ရှိထင်ရှားရှိတုန်း ဆပ်ကြပါနော်။ မိဘကို ပစ်မှားမိလို့ ရလိုက်တဲ့ နောင်တက တစ်ခြားနောင်တတွေနဲ့ မတူနိုင်ဘူးဆိုတာကို ယုံစေချင်ပါတယ်။ နောင်တရခဲ့မယ်ဆိုတောင် မိဘစကားကို နားမထောင်လို့ မိဘကို ပစ်မှားမိလို့ ရတဲ့ နောင်တ မဖြစ်ကြပါစေနော်။ ဖြစ်နိုင်ရင်တော့ နောင်တ မရအောင် နေနိုင်တာ အကောင်းဆုံးပါပဲ။ နောင်တအပူ ကင်းကြပါစေ။ နောင်တ ရှိုက်သံများ ကင်းကြပါစေလို့--

ဆန္ဒမွန်ဖြင့်
အားလုံးကို
ခင်တဲ့
စံလင်း

တန်ဘိုးသိပါ (စာရေးသူ- စံလင်း)

1-28-2013 နေ့။  မနက်အစောကြီး ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်သည်။ ( --) ဆေးခန်းက ဆက်တာပါတဲ့။ ကျွန်တော့်သူငယ်ချင်း ကျော်စိုး။ အကြောင်းစုံ မေးကြည့်တော့ သူ့ဆရာတစ်ယောက် သွေးအန်ပြီး အသည်းအသန်ဖြစ်လို့တဲ့။ လာပေးနိုင်မယ်ဆိုရင် လာစေခြင်ကြောင်း ပြောတာပါတဲ့။ အသည်းအသန်ဖြစ်လို့ ဆိုတာနဲ့ မြန်မြန်ထ မျက်နှာသစ် သွားတိုက်ပြီး ထွက်လာခဲ့သည်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကျော်စိုး အကြောင်းများကို တွေးရင်း ဆိုင်ကယ်ကို အပြင်းမောင်းလာခဲ့တာ အေးမှန်းတောင် သတိ မထားမိလိုက်ဘူး။ အရမ်းအရေးကြီးနေ မလားလို့ တွေးမိပြီး ဘယ်မှလည်း မ၀င်, ဘာမှလည်း စား မနေတော့။ ဆေးခန်းကိုပဲ ဦးတည်ခဲ့သည်။ ဆေးခန်းရောက်တော့ ကျော်စိုးကိုရော သူ့ဆရာကိုရော အခြေအနေကြည့်လိုက်သည်။ အခြေအနေကောင်းသဖြင့် အားရှိသွားသည်။ ကျွန်တော့်ကိုမြင်တော့ ၀မ်းသာအားရ ကျေနပ်နေပုံပါပဲ။  ပြီးတော့ ရောဂါအခြေအနေ ဖြစ်ပုံ ဟိုရောက် ဒီရောက် မေးဖြစ် ပြောဖြစ်ကြသည်။ သိလို့တော့ မဟုတ်ဘူး။ လောက၀တ်အရပေါ့။ ဘာရောဂါလည်းဆိုတာကိုတော့ မသိရသေးပါဘူး။ ခဏကြာတော့ ဆရာမတစ်ယောက်က “ လူနာအတွက် သွေးလိုမယ်နော်။ သွေး ရှာထားပြီးပြီလား။ ရှာထားပြီးရင် သွေးဖောက်လို့ ရပါပြီ ” လို့ ပြောသွားသည်။ ရှာပြီးပြီလား- လို့  မေးလိုက်တော့ မရှာရသေးဘူး- တဲ့။ ဘာသွေးလည်း-   မေးလိုက်တော့ ( o ) သွေး- တဲ့။ ကွက်တိပဲ ကျွန်တော်လည်း အိုသွေးလေ။ သွေးလှူဘို့ ကိုယ့်အနေအထားကို ကြည့်လိုက်တော့ အိပ်ပျက်ထားတာ နှစ်ညရှိပြီ။ ခရီးသွားနေလို့  မြို့တော်က ပို့ထားတဲ့ ပို့စ်တွေ မဖတ်ရတာ တော်တော်များနေခဲ့တာ။ ပြန်ရောက်တော့ အဲဒါတွေကို ညတိုင်း အချိန်တော်တော်ပေးပြီး ဖတ်ခဲ့တာပါ။ အဒါကြောင့် အိပ်ပျက်ခဲ့တာလေ။ သွေးမပြည့်မှာ စိုးလို့ ရေများများ သောက်ပစ်လိုက်သည်။ ပြီးတော့ ကျော်စိုးဝယ်ထားတဲ့ နန်းကြီးသုတ် တစ်ပွဲ စားလိုက်သည်။ ပြီးတော့ သွေးလှူဘို့ သူငယ်ချင်းနှစ်ယောက် အောက်ထပ်ကို ဆင်းခဲ့ကြသည်။

ဆရာမ --                    သွေးလှူ မလို့လား
ကျွန်တော်--                 ဟုတ်
ဆရာမ--                     ဘယ်အခန်း အတွက်လဲ
ကျွန်တော်--                 အခန်း ( -- ) အတွက်ပါ
ဆရာမ --                    နာမည်ပြောပါအုံး
ကျွန်တော် --                စံလင်းပါ
ဆရာမ--                     သွေးလှူ ဘူးလား
ကျွန်တော် --                ဟုတ်၊ လှူဘူးပါတယ်။
ဆရာမ--                     ဘယ်နှစ်ကြိမ် ရှိပြီလဲ
ကျွန်တော်--                 ဆယ်ကြိမ် ရှိပြီ
ဆရာမ--                     သွေးက
ကျွန်တော်--                  အိုသွေး
ဆရာမ--                      သွေးစစ်ပြီးပြီလား
ကျွန်တော်--                 ဘာအတွက်လဲ
ဆရာမ--                     လူနာအတွက်ပါ။
ကျွန်တော်သိလိုက်ပါသည်။ ကျွန်တော့်ကို မယုံတဲ့ သဘောလို့။ ဟိ။ ဒါနဲ့ သွေးစစ်ဘို့ သွေးစစ်ခန်းကို သွားလိုက်သည်။ သွေးဖောက်ယူပြီး မိနစ် (၂၀) လောက်မှာ အဖြေ ရပါသည်။ ဘာရောဂါမှ မရှိပါ။ သွေးလှူလို့ ရပါပြီ တဲ့။ ဒါနဲ့ သွေးဖောက်မည့်အခန်းကို သွားလိုက်သည်။ အခန်းရောက်တယ်ဆိုရင်ပဲ အခန်းထဲမှာ ငိုသံတွေ ကြားနေရသည်။ အခြေအနေကို သေချာကြည့်လိုက်တော့ မွတ်ကုလားတွေ။ အများကြီးပဲ။ အပြင်မှာလည်း ဟောတစ်စီး ဟောတစ်စီး ရောက်လာကြတဲ့ ကားတွေ။ ဖုန်းသံတွေ ဆူညံလို့။ သူတို့ ပြောနေကြတဲ့ အသံတွေကလည်း ဆူညံလို့ပဲ။ ၀မ်းနည်းနေတဲ့ မျက်နှာ ငိုနေတဲ့ မျက်နှာတွေ ပုံစံအစုံ ပါပဲ။ အသိုင်းအ၀န်းတော်တော် ကြီးကြီးထဲက ထင်ပါရဲ့။ လူနာက ဆုံးသွားခဲ့ပါပြီ။ ဆေးရုံမရောက်ခင် ကတည်းက ဆုံးနေတာလို့ တာဝန်ရှိတဲ့ ဆရာဝန်က ပြောပြတာကိုလည်း ကြားလိုက်ရသည်။ သူတို့ရဲ့ လှုပ်ရှားမှု့ အားလုံးကို မြင်နေရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်သွေးကို ဖောက်နေစဉ် မြတ်ဗုဒ္ဓရဲ့ ဒါနပါရမီအကြောင်းများကို အာရုံပြုနေလိုက်သည်။ သွေးဖောက်ပြီး အခန်းပြန်သွားလိုက်သည်။ ပြီးတော့ လူနာအနားမှာ အားပေးစကားပြောရင်း ခဏထိုင်နေလိုက်သည်။ ပြီးတော့ အနားယူဘို့ အိမ်ပြန်လာခဲ့သည်။ ငါ့သွေးနဲ့ အဆင်ပြေ နေကောင်းပါစေလို့ စိတ်ထဲမှာ ဆုတောင်းလျှက်။ ဆေးခန်းက ပြန်လာတဲ့ ကျွန်တော့်ရင်ထဲမှာ “ဖန်ဆင်းခြင်း” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး တော်တော်လေး အတွေးနယ်ချဲ့ နေမိသည်။ ဒီပို့စ်မှာ ကျွန်တော်တွေးမိပုံကို သူငယ်ချင်းတို့အား ချပြရုံ သက်သက်ပါ။

 “ သလ္လာအရှင်မြတ်ဟူသော ဘုရားသခင်သည် ဘာကြောင့် လူတွေကို ငိုအောင် လုပ်ပါသနည်း? ။ သူ့အလိုတိုင်း လိုက်ခဲ့တဲ့သူတွေကရော ကြည်ကြည်ဖြူဖြူ ပျော်ပျော်ရွှင်ရွှင် လိုက်ခဲ့ကြတာ ဟုတ်ပါရဲ့လား? ။ ကျန်ရစ်ခဲ့တဲ့ သူတွေ ပူဆွေးသောကရောက်နေတာကိုရော သူက ပြုံးပြုံးကြီး ကြည့်နေရက်တဲ့ နှလုံးသား ရှိပါသလား? ။ သူကိုယ်တိုင် ဖန်ဆင်းထားတဲ့ လူတွေကို ဘာကြောင့် မပျော်ရွှင်စေချင်တာလဲ? ။ သူကိုယ်တိုင်ဖန်ဆင်းပြီး သူကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့ သဘောလား? ။ ငါဖန်ဆင်းထားတဲ့ လူတွေပဲ၊ ငါလုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ စိတ်ထား ရှိနေလို့လား၊ တစ်ပါးသူကို ငဲ့ညှာသနားတတ်တဲ့ စိတ် မရှိလို့လား? ။ ဒါမှ မဟုတ် သူဟာမြင့်မြတ်တဲ့စိတ် သနားကြင်နာတတ်တဲ့စိတ် မရှိလို့လား? ၊ ဒါမှ မဟုတ် သူဖန်ဆင်းထားတဲ့ သူတွေ မဟုတ်လို့ ဒီလို လုပ်ရက်တာလား?  ” စသည် စသည်ဖြင့် ကျွန်တော် တွေးနေမိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ပုထုဇဉ်မှန်ရင် သေရမှာတော့ ကြောက်ကြသူတွေချည်းပါပဲ။ ဘာကြောင့် ကြောက်ကြတာလဲ။ ဒါကို စဉ်းစားဘို့တော့ လိုသည်။ ဘုရားသခင်ကို ကိုယ်းကွယ်ယုံနဲ့ ဘုရားသခင်ကို အရိုသေပေးရုံနဲ့ အပြစ်တွေက ကြေသည် ပျောက်သည် ဆိုတဲ့စကား မှန်ကန်ခဲ့မယ်ဆိုလျှင် ဘယ်မှာ ကြောက်စရာ ၀မ်းနည်းစရာ နှမျောစရာ ရှိမည်နည်း။ မြင့်မြတ်တဲ့ ဘုရားသခင်နဲ့ အတူတူ နေလိုက်ရုံပေါ့။ ခုတော့ ဒီလိုမဟုတ်။ မြင့်မြတ်တဲ့ ဘုရားသခင်နဲ့ နေရမှာကို ကြောက်နေကြသလိုပဲ။ သေရမှာ ကြောက်တတ်တဲ့ သူဟာ ဆင်းရဲတဲ့ဘ၀ ကြီးမှားတဲ့ ဒုက္ခတွေနဲ့ တွေ့ရ ကြုံရ ဆုံရမှာကြောင့် ကြောက်ကြတာပါ။ ဥပမာပေါ့။ သေပြီး နတ်ပြည်ရောက်မည့်သူဟာ ဘာကြောင့် သေရမှာကို ကြောက်လန့်နေမည်နည်း။ လူပြည်ကတိုင် မြန်မြန်တောင် သေချင်ပေဦးမည်။ နတ်ပြည်က လူ့ပြည်ထက် ပိုပြီး သာယာ ပြည့်စုံနေလို့လေ။ သေပြီး ပြိတ္တာ(သို့) တိရစ္ဆာန် (သို့) ငရဲ တစ်ခုခုကို ရောက်မည့်သူကတော့ သေရမှာကို အရမ်းကြောက်လန့်နေမှာ အမှန်ပါပဲ။ အဲဒီဘ၀တွေက ခုလက်ရှိ လူ့ဘ၀ထက် ဆိုးရွား ဆင်းရဲ လွန်းလို့လေ။ သေရမှာ လုံးဝမကြောက်တတ်တဲ့ လူတွေရှိပါတယ်။ အဲဒါကတော့ နိဗ္ဗာန်သေချာနေပြီးဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်များပါပဲ။  ရဟန္တာမဟုတ်သော်လည်း သောတာပန် - စ တဲ့အရိယာသူတော်စင်များ,  ပုထုဇဉ်ဖြစ်သော်လည်း သီလလုံခြုံသူများဟာ သေရမှာကို ကြောက်လန့် တွန့်ဆုတ် မနေကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း နိမ့်ကျဆင်းရဲတဲ့ ဘ၀တွေကို မရောက်နိုင်တဲ့ အတွက်ကြောင့်ပါ။ အကြောက်တရားဟာ အနာဂါမ်ဖြစ်မှ ကုန်တာ ကင်းတာလို့ မှတ်သားဖူးပါတယ်။ ကျွန်တော်ပြောချင်တဲ့ အချက်က ဖန်ဆင်းခံလူသားများရဲ့ အပြစ်တွေကို ဖန်ဆင်းတဲ့ ဘုရားသခင်က တာဝန်ယူတယ်ဆိုတာ ဟုတ်/ မဟုတ်၊  ဖြစ်နိုင်/ မဖြစ်နိုင် စဉ်းစားစေချင်တာပါ။ ဥပမာပေါ့- သူတို့ဘာသာဝင်တစ်ယောက်က လူသတ်မှု့ ကျူးလွန်းသွားတယ်။ အဲဒီပြစ်မှု့အတွက် ပြစ်ဒဏ်ကို ဘုရားသခင်က ကိုယ်စားဝင်ခံ ပေးပါသလား၊ တာဝန် ယူပေးပါသလား?။ ပြစ်မှု့အတိုင်း ထောင်ကျသွားတယ်ဆိုရင်ရော အဲဒီလိုထောင်ကျနေရတာဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလား?။ ဒီလိုဆိုရင် တော်တော်လေးကို သနားညှာတာမှု့, ငဲ့ညှာထောက်ထားမှု့, စာနာမှု့ မေတ္တာတရား အကြင်နာတရား ကင်းမဲ့တာပဲ။ သာမာန်လူတစ်ယောက်တောင် ထားနိုင်တဲ့ စိတ်ဓာတ်မျိုးကို  ဘုရာသခင်လို ပုဂ္ဂိုလ်မျိုးမှာ ဘာကြောင့် မရှိရတာလဲ?။ စဉ်းစား စရာပဲနော်။  ပြီးတော့ အပြစ်တရားတိုင်းကို တာဝန်ယူတယ်ဆိုရင် ဘာကြောင့် ငိုကြ ကြောက်ကြ ထိတ်လန့်ကြတာလဲ? ဆိုတာကိုလည်း စဉ်းစားစေချင်တာပါ။ အရာရာတိုင်းကို ဖန်ဆင်းထားတယ်ဆိုတဲ့ စကားဟာ သင့်/ မသင့် ချင့်ချိန်စေချင်တာပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ဟာ ဘယ်သူလဲလို့မေးလာရင် မိဘနှစ်ပါးလို့ပဲ ဖြေမိမှာပါ။ လူတစ်ယောက်ဖြစ်လာဘို့ အထောက်အပံ့ အကြောင်းကံ တရားကတော့ ရှိရမှာပေါ့နော်။ အရာရာတိုင်းဟာ ဖန်ဆင်းတာမဟုတ်ပဲ ကံတရားအတိုင်းဆိုရင်တော့ မကောင်းတဲ့ကံကို ပြုလုပ်သူက ကြောက်လန့်ပြီး ကောင်းတဲ့ကံကို ပြုလုပ်သူက မကြောက် မလန့်  နေရုံပဲပေါ့။ အမှန်တကယ် ဖန်ဆင်းပေးနိုင်ရင် လူနာကို ဆေးခန်းဘာလို့ ခေါ်လာသလဲ? - လို့ မဆီမဆိုင် တွေးမိ လိုက်သေးသည်။ ခုထိ သူတို့ဘုရားသခင်ဟာ အသက်ရှင်သန်နေတုန်းပဲလေ။ လူနာကို နေကောင်း ကျန်းမာအောင် ဖန်ဆင်းပေးနိုင်တာက ဘုရားမဟုတ် ဆရာဝန်သာ ဖြစ်သည်ဆိုတာကိုရော လက်ခံနိုင်ကြပါ့မလား မသိဘူးနော်။

ဗုဒ္ဓဘာသာဆိုတာ ဥာဏ်ပညာကို ဦးစားပေးပြီး အကျင့်သီလ, တည်ငြိမ်မှု့ သမာဓိတွေနဲ့ အေးချမ်းတဲ့ဘ၀ မြင့်မြတ်တဲ့ဘ၀ကို တည်ဆောက်တတ်ဘို့ ညွှန်ပြပေးတဲ့ ဘာသာပါ။ သူများကို စော်ကားဘို့ အနိုင်ကျင့်ဘို့ ရန်ရှာဘို့ ရန်စဘို့ သွန်သင်ပေးတဲ့ ဘာသာမဟုတ်ဘူး။ မြင့်မြတ်သူတို့သာ ယုံကြည်ကိုးကွယ် လိုက်နာနိုင်တဲ့ အဆုံးအမတွေနဲ့ စီခြယ်ထားတဲ့ ဘာသာပါ။ မြတ်ဗုဒ္ဓက အရာရာတိုင်းကို မှန်လား မှားလား အကျိုးရှိလား မရှိဘူးလား စသည်စသည်ကို ဥာဏ်နဲ့ အရင်ဆုံး ဆင်ခြင်စဉ်းစားပါတယ်။ ပြီးရင် အမှန်အတိုင်းဖြစ်အောင် ဆုံးဖြတ်ပါတယ်။ အဲဒီလို ဥာဏ်နဲ့ အရင်သိပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်ပြီးမှ အရိုးကြေကြေ အရေခန်းခန်း အသွေးခြောက်ခြောက် ဆိုတဲ့ မြင့်မားတဲ့ ၀ီရိယနဲ့ လုလ္လပြု အားထုတ်ခဲ့တဲ့ သူပါ။ သူက ဘာသာရေးခေါင်းဆောင် တစ်ယောက်ဖြစ်ချင်လို့ ဘာသာတစ်ခု တည်ထောင်ထားခဲ့တာလည်း မဟုတ်ပါဘူး။ သူသိထားတဲ့ မြင့်မြတ်အေးချမ်းတဲ့ အရသာကို ကမ္ဘာသူ ကမ္ဘာသား လူအများကို သိစေချင်တဲ့ ရရှိခံစားစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ လှည့်လည်ဟောပြော ပို့ချပေးခဲ့တာပါ။ လိုက်နာလိုက လိုက်နာ၊ မလိုက်နာလိုကလည်း အပြစ်ပြောခြင်း အပြစ်ပေးခြင်း အပြစ်မြင်ခြင်းမျိုး မပြု။ အမှန်တရားကို သိအောင် မြင်အောင် ပြောပြနိုင်သမျှ ဟောပြနိုင်သမျှ ဘယ်လိုပုဂ္ဂိုလ်မျိုး မဆို ပြောပြခဲ့ ဟောပြခဲ့ နည်းလမ်း ပေးခဲ့တာပါ။ ကိုယ်ကိုယ်တိုင် တကယ့်ကျင့်ပြီး တကယ်သိတဲ့အရာကိုပဲ တိတိကျကျ ဟောပြ ပြောပြခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ လေးလေးနက်နက် မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ ရပ်တည်နေတာပေါ့။ သူငယ်ချင်းတို့ရေ ဗုဒ္ဓဘာသာဆိုတာ ငွေနဲ့ ပေးဝယ်လို့ ရတဲ့အရာ မဟုတ်ဘူး၊ ဥာဏ်နဲ့ ရင်းမှ ရတဲ့အရာဆိုတာကို သိစေချင်ပါတယ်။ ဥာဏ်ပညာ မရှိသူ မစဉ်းစား မတွေးခေါ်တတ်သူတွေဟာ ကိုယ့်လက်ထဲ ရောက်နေတဲ့ စစ်မှန်တဲ့ တန်းဘိုးကြီးမားတဲ့ ဘာသာတရားကို ရောင်းစားပစ်ကြတယ်။ ဘာကြောင့် တစ်ခြားဘာသာတွေက ၀ယ်ကြသလဲဆိုတာကို မတွေးမိတတ်ကြဘူး။ ငွေနဲ့ပေးဝယ်တယ်ဆိုမှတော့ လိုချင်လို့ တန်ဘိုးရှိလို့ဆိုတာ သေချာနေပြီပေါ့။ ဗုဒ္ဓဘာသာကိုတော့ ငွေနဲ့ ပေးဝယ်လို့ ရသွားမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ရောင်းစားလိုက်တဲ့ လူမိုက်( စဉ်းစားတွေးခေါ်တတ်တဲ့ ပညာမဲ့သူ၊ ပညာ မရှိသူ) ကိုပဲ ရပါလိမ့်မယ် ပိုင်ဆိုင်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာက ဘယ်ဘာသာကိုမှ ငွေနဲ့ပေး မ၀ယ်ဘူး။ အဲဒါ ဘာကြောင့်လဲ ? --- ။ သိသင့်တယ်နော်။ စဉ်းစား စေချင်ပါတယ်။ ကဲ သယ်ချင်းတို့ရေ လက်ထဲ ရောက်နေတဲ့ ပတ္တမြားရဲ့ တန်ဘိုးကို မသိဘဲ ရေဆာပြေစေဘို့ ရေခဲရေတစ်ခွက်နဲ့ လှဲသောက်ပစ်တဲ့လူလို မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုပါတယ်နော်။ ကိုယ့်ဘာသာရဲ့တန်ဘိုးကို သိစေချင်ပါတယ်။ တကယ့်ကို လေးလေးနက်နက် ခိုင်ခိုင်မာမာ သိတဲ့ အသိမျိုးပေါ့။ သူငယ်ချင်းတို့ရေ ကိုယ့်ဘာသာတရားရဲ့ တန်ဘိုးကို သိနိုင်ပါစေနော်။ တန်ဘိုးကို သိပြီး တန်ဘိုးရှိသည့်အတိုင်း တန်ဘိုးထားတတ်ကြပါစေ တန်ဘိုးထားနိုင်ကြပါစေ။ ဘာသာရေးနဲ့ ပတ်သက်ပြီး စော်ကာလိုတဲ့ သဘော မပါပါဘူး။ ငြိမ်းချမ်းသော တရားမျှတသော သဘာဝကျသော မှန်ကန်တိကျသော အပိုအလိုမရှိသော ခိုင်မာပြတ်သားသော ရှင်းလင်းတည်ငြိမ်သော အဆုံးအမနဲ့ ရှင်သန်နေတဲ့ သူပါ။ အရာရာတိုင်းကို စဉ်းစားစေချင်တဲ့,     ဖြစ်နိုင် မဖြစ်နိုင် ယုတ္တိရှိ မရှိကို သိစေချင်တဲ့ ဆန္ဒအမှန်ဖြင့်သာ ---

စေတနာ အမှန်ဖြင့်
အားလုံးကို
ခင်တဲ့
စံလင်း

Sunday, October 21, 2012

ဝဋ်ကြွေးရှိက ကြေပါစေ (ရေးသားသူ -- စံလင်း)။


“ ဟလို  အစ်ကို ”။
“အင်း ပြော ယွန်း”။
“ဘာလုပ်နေတာလဲ ယွန်းစောင့်နေတာ ကြာလှပြီ”။
“အင်း အလုပ်နည်းနည်းရှိလို့ နောက်ကြသွားတာ စိတ်ဆိုးနဲ့နော်”။
“အင်းပါ စိတ်တော့ မဆိုးပါဘူး။ ဒါပေမဲ့  စိတ်မကောင်းတော့ ဖြစ်မိတယ်”။
“ဘာဖြစ်လို့လဲ ယွန်းရဲ့”။
“ဟုတ်တယ်လေ။ အစ်ကိုက ယွန်းကိုမှ ဂရုမစိုက်တာ”။
“သြော် ယွန်းလေးရယ်။ အစ်ကို တကယ် အလုပ်ရှိနေလို့ပါ”။
“ထားပါတော့ ဖုန်းနံပါတ်ပေး”။
“ဘာလုပ်မလို့လဲ။ ယွန်းက ဆက်မှာမို့လား”။
“အင်း ဆက်မယ်၊ ည အိပ်ယာဝင်မှ ဆက်မယ်။ အစ်ကိုနဲ့ စကားပြောပြီး အိပ်ချင်တယ်”။
“အင်းပါ အစ်ကို့ ဖုန်းနံပါတ် ----------------------”။
အဲဒီနောက်ပိုင်း သူနဲ့ကျွန်တော် ဖုန်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ ညတိုင်း မနက်လင်းတိုင်း လိုလိုပါပဲ။ နေ့ခင်းဘက်တွေလည်း သူကအားရင် အားသလို ဖုန်းဆက်ခဲ့တယ်။ ကျွန်တော့်ကို မြင်ဖူးချင်တယ်ဆိုလို့ ဓာတ်ပုံလည်း ပို့ပေးခဲ့ရတယ်။ ကျွန်တော့်ပုံကိုမြင်ရတော့ အရမ်းကြည့်ကောင်းတယ် လို့ သူက ပြောပါတယ်။ အဲဒီစကားလေးက ကျွန်တော့်ကို အတော်လေး အားရှိစေခဲ့တယ်။ ယွန်းဆိုတဲ့နာမည်လေးကို ကြားလိုက်ရုံနဲ့ ကျွန်တော် သူ့ကို ချစ်သွားခဲ့တာပါ။ သူ့ပုံစံကို ကျွန်တော် မမြင်ဖူးပါဘူး။ မြင်ရဘို့လည်း မလိုပါဘူးလေ။ ယွန်းဆိုတဲ့ နာမည်လေးကို ပိုင်ဆိုင်လိုက်တာနဲ့တင် သူ့ကိုချစ်ဘို့ လုံလောက်နေခဲ့ပါပြီ။ နောက်တော့ သူက ကျွန်တော့်ပုံ သေချာ ဟုတ်/ မဟုတ် သိချင်တယ်တဲ့။ ဒါနဲ့ VZO နဲ့ ပြောဖြစ်သွားခဲ့တယ်။ VZO နဲ့ပြောတာဟာ ဒါ ပထမဆုံးပါပဲ။ တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ သူ့ရဲ့ ပူဆာမှု့ကြောင့် ကျွန်တော်လိုက်လျောခဲ့ပါတယ်။  သူမြင်လိုက်ရတဲ့ ကျွန်တော်ဟာ ဓာတ်ပုံထဲကအတိုင်း တစ်ယောက်တည်းဆိုတာ သိရတော့ ပိုချစ်သွားသည်ထင်ပါရဲ့။ အပြင်မှာ တွေ့ချင်တယ်တဲ့။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် အပြင်မှာ တွေ့ဖြစ်ကြတယ်။ သူက အပြင်မှာ ပိုချောနေသလိုပါပဲ။ ဖြူဖြူ နုနု လှတ ပတလေးပါ။ ငယ်ငယ်ရွယ်ရွယ် သွယ်သွယ် လျလျလေးပေါ့။ ဘ၀က ကြမ်းခဲ့လို့ ထင်ပါရဲ့။ ကျွန်တော့်မျက်နှာက အမြဲတမ်း တင်းနေခဲ့တာလေ။ သူနဲ့တွေ့ပြီး စကားပြောကြတော့ ကျွန်တော်ရယ်တာကို သူမြင်လိုက်ရတယ်။ ကျွန်တော်ပြုံးရယ်တော့ သူ အရမ်းပျော် သတဲ့။ ဒီလိုနဲ့ မပြုံးတတ်တဲ့ ကျွန်တော် တစ်ခါတစ်လေ အပြုံးပန်းလေးတွေ ပွင့်တတ်ခဲ့ပါပြီ။ ပျော်စရာ ကင်းနေတဲ့ ကျွန်တော့်ရင်မှာ ပျော်ရွှင်စရာ ပန်းလေးတွေ ဖူးဝေနေခဲ့ပါပြီ။ နေပူဒဏ်ကြောင့် မလန်းခဲ့ရတဲ့ ဥယျာဉ်လေးတစ်ခု။ ခုတော့ ပျော်ရွှင်မှု့အရိပ်လေးတွေ ဝေဆာလို့ပေါ့။ ကျွန်တော်က တစ်ကောင်ကျွတ်လေ။ အဖေအရင်းလို ကျွန်တော့်ကို မွေးစားခဲ့တဲ့ ဦးလေးအောင်က ဆုံးသွားခဲ့ပြီ။ မိဘနာမည်ခံထားတဲ့ ဦးမြမောင်တို့က ခင်တော့ခင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ သဘောထားချင်း သိပ်အဆင်မပြေဘူး။

ဦးလေးအောင်ဆိုတာ အရင်က အရမ်းကို အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပါ။ စိတ်ကောင်းလည်း ရှိတယ်။ အများက ချစ်ခင်လေးစားရတဲ့ လူတစ်ယောက်။ လူရိုး လူအေး လူဖြောင့်တစ်ယောက်ပေါ့။ တစ်နေ့မှာပေါ့။ သီတာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ကြတယ်။ သီတာက လမ်းမှာ ကားပျက်သွားတယ်။ ဦးလေးအောင်က ဆိုင်အတွက်လိုအပ်တဲ့ ပစ္စည်းသွားဝယ်ရင်း ကားပျက်နေတာတွေ့လို့ ကူညီလိုက်တယ်။ သူတို့ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ဆရာဝန်တစ်ယောက်က လူနာတွေ့ရင် ကူညီချင်သလို ကားပျင်ဆရာတစ်ယောက်က ကားပျက်နေတာ တွေ့လို့ ကူညီချင်ခဲ့တာ ရိုးသားမှု့အပြည့်ပါတဲ့ သဘာဝဖြစ်စဉ်လေး တစ်ခုပါပဲ။ နောက်ပိုင်းတော့ သီတာက ဦးလေးအောင်တို့ ဆိုင်ကို မကြာ မကြာ လာတတ်ပါတယ်။ ကားကိစ္စတစ်ခုခု ပေါ်လာတိုင်း ဦးလေးအောင်တို့ဆိုင်ကိုပဲ လာတတ်ပါတယ်။ ဒီလိုနဲ့ ကြာလာတော့လည်း အပျိုကြီး လူပျိုကြီးတွေ ကြိုးချင်းနီးတော့ ကြိုးချင်းငြိတော့တာပေါ့။ သူတို့ဘ၀တွေက ချစ်သူအဆင့်ထက် ကျော်ကုန်ကြပါပြီ။ ဦးလေးအောင်က လက်ထပ်ဘို့ အတန်တန်ပြောပေမဲ့ သီတာက လက်မခံခဲ့ပါဘူး။ နေ့တွေ လတွေ ပြောင်းလာတာနဲ့အမျှ ဦးလေးအောင်ဆီ လာတဲ့အကြိမ်ရေတွေ နည်းသွားခဲ့ပါတယ်။ သီတာပေါ်မလာတော့ ဦးလေးအောင် တစ်ယောက် ယောက်ျားချစ်တော့ စိုက်စိုက်လာဆိုတဲ့ ဆိုရိုးကို ပြောင်းပြန်လုပ်ပြီး ချစ်တဲ့သူမို့ မျှော်ရတာ ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သီတာ လက်ထပ်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ သီတာ့မှာ စေ့စပ်ထားပြီးသားလူ ရှိနေပါတယ်။ သူ့လူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ။ ပြန်လာရင်လက်ထပ်ကြဘို့ အားလုံး စီစဉ်ပြီးသားပါ။ ဒါတွေကို ဦးလေးအောင် လုံးဝ မသိခဲ့ရပါဘူး။ အားလုံးကို သိလိုက်ရချိန်မှာတော့ ဦးလေးအောင်တစ်ယောက် အရူးတစ်ပိုင်းဖြစ်သွားခဲ့ပါတယ်။ နှစ်ဦးသဘောတူ စိတ်တူကိုယ်တူ ခံစားချက်တူလို့ စည်းတွေ ကျော်ခဲ့ကြပေမဲ့ မကျော်သင့်တဲ့ စည်းဖြစ်နေခဲ့တာလေ။ ဘာကြောင့်များ သီတာအနေနဲ့ အဲလို လုပ်ခဲ့တာပါလိမ့်။ ဦးလေးအောင်က တကယ်ချစ်ခဲ့တာပါ။ တကယ်လက်ထပ်ယူဘို့ အထိရည်ရွယ်ပြီးမှ စည်းတွေကို ကျော်ဖြတ်ခဲ့တာပါ။ ခုတော့ ပျော်ရွှင်စွာ စည်းကို ခုန်ကျော်ပြီးမှ ချောက်ထဲ ပြုတ်ချသူလို ဖြစ်နေရပြီ။ မြတ်နိုးစွဲလန်းခဲ့တဲ့ ပစ္စည်းကိုလည်းမရ ၊ ပိုင်ရှင်ရှိပြီးသား ပစ္စည်းတစ်ခုကိုမှ စည်းကျော်မိတဲ့အဖြစ်၊ အားလုံးကို တွေးပြီး အရူးတစ်ပိုင်းဖြစ်သွားခဲ့တဲ့ ဦးလေးအောင်။ ခပ်ညံ့ညံ့ယောက်ျားတစ်ယောက် မဟုတ်ပေမဲ့ လေလွင့်သွားတဲ့ စိတ်ကို အရက်သောက်ရင်းနဲ့ ဖြေသိမ့်လိုက်တာ  အရက်သမားတစ်ပိုင်း အရူးတစ်ပိုင်း ဖြစ်သွားခဲ့တယ်။ မိဘတွေက သားဆိုတဲ့ ချစ်စိတ်ရှိပေမဲ့ ထိန်းမရတော့တဲ့သားကို လွှတ်ထားလိုက်ကြတယ်။ ဘာအလုပ်မှ မလုပ်တော့ပဲ အရက်ပဲ သောက်နေခဲ့တဲ့ ဦးလေးအောင်။ တစ်နေ့ လူသူကင်းတဲ့ ပိတောက်ပင်ကြီးတစ်ပင်အောင်မှာ မူးမူးနဲ့ အိပ်ပစ်လိုက်တယ်။ ပြန်နိုးလာတော့ ကလေးငိုသံကို ကြားလိုက်ရတယ်။ တစ္ဆေခြောက်တာများလား။ နည်းနည်း လန့်သွားခဲ့တယ်။ အမူးလည်း ပြေနေပြီမို့ ကြောက်စိတ်လေးကြောင့် ကြက်သီးမွှေးညင်းလေးတွေတောင် ထလာတယ်။ မှုန်ဝါးနေတဲ့ မျက်စိကို အတင်းပွတ်ပြီး အသံကြားရာကို ကြည့်လိုက်တော့ ဟင် ကလေးလေး တစ်ယောက်ပါလား။ ဘယ်သူများ လာပစ်ထားတာပါလိမ့်။ ကလေးရဲ့ မျက်နှာလေးကို တုန်လှုပ်နေတဲ့ သူ့လက်ဝါးလေးနဲ့ ထိလိုက်တယ်။  ကြည့်စမ်းပါဥိး။ ထိရာ မီရာ လက်ချောင်းလေးတွေကို အတင်း စုတ်နေလိုက်တာ။ နို့ဆာနေပြီ ထင်ပါရဲ့။ အငိုလည်း တိတ်သွားခဲ့တယ်။ ချစ်စရာ ကောင်းလိုက်တဲ့ ကလေးလေး။ မကြည့်လိုက်တော့ ဟင် ယောက်ျားလေးပါလား။ ခဏလာချ ထားတာ ထင်ပြီး ထိုင်ကြည့်နေလိုက်တယ်။ ကလေးလေး စုတ်နေတဲ့ လက်ချောင်းလေးတွေကို ပြန်မနှုတ်ရက်ခဲ့ဘူး။ သူ့အမေရဲ့ -- ထင်ပြီး စို့နေခဲ့တာ ထင်ပါရဲ့။ အချိန်တော်တော်လေး ကြာသွားသည့်တိုင် အခြေအနေက ထူးမလာခဲ့။ ဒါနဲ့ ကလေးလေးကို ပွေ့ချီပြီး ဦးမြမောင်ရဲ့ အိမ်ကို သွားခဲ့တယ်။ ဦးမြမောင်ဆိုတာ ဦးလေးအောင်ရဲ့ အောင်ဝါယာရိန်း ဆိုင်ကို တာဝန်ယူ လုပ်ပေးနေသူပါ။ ဦးလေးအောင်ရဲ့ အားကိုးရတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ အဲဒီအချိန်ကစပြီး ဦးလေးအောင်ရဲ့ ဘ၀ဟာ ပြန်လည် တောက်ပြောင်လာခဲ့ပါတယ်။ ကလေးလေးကိုလည်း ထွန်းတောက်လို့ အမည်ပေးခဲ့တယ်။ သူ့သားလေးပေါ့။ မိဘအမည်စာရင်းမှာတော့ ဦးမြမောင်နဲ့ ဒေါ်အေးမွန်။ ဦးလေးအောင်ရဲ့ တောင်းဆိုမှု့ကြောင့် ဦးမြမောင်တို့က လက်ခံခဲ့တာပါ။ သူ့သားလေး ထွန်းတောက်အတွက်ဆိုတဲ့စိတ်နဲ့  ဦးလေးအောင် ဘ၀ဟာ အဓိပ္ပါယ်ရှိရှိပြန်လည် ရှင်သန်လာခဲ့ပါတယ်။ အဲဒီထွန်းတောက်ဆိုတာ ကျွန်တော်ပါပဲ။

ကျွန်တော်နဲ့ ယွန်းနဲ့ ခဏခဏ အပြင်မှာ ဆုံဖြစ်ခဲ့ကြတယ်။ အချိန်တွေ ကြာလာတော့ သံယောဇဉ်တွေလည်း ခိုင်သထက် ခိုင်,  မာသထက်မာလာခဲ့ကြပြီပေါ့။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း ပိုင်ဆိုင်ချင်လာကြပြီ။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် ဦးမြမောင်တို့လူကြီးတစ်စုကို အကူညီတောင်းပြီး ကျွန်တော်တို့ရပ်ကွက်ရုံးမှာ တိတ်တိတ်ကလေး လက်မှတ်ထိုးခဲ့ကြတယ်။ ကျွန်တော်က လာတောင်းမယ်လို့ ပြောပါတယ်။ ယွန်းက သူ့မိဘတွေကို မပြောရဲသေးလို့ဆိုတဲ့ စကားနဲ့ လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ လက်မှတ်ထိုးထားတဲ့ ကိစ္စကိုတော့ လက်ခံခဲ့တယ်။ ပန်းသတင်းကို လေညှင်းက ဆောင်သတဲ့။ လူသတင်းကို လူချင်းဆောင်သတဲ့။ သိပ်မှန်တဲ့ စကားပါ။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက် ကြာကြာ ဖုံးကွယ်ထားနိုင်မှာလဲ။ တစ်နေ့တော့ ယွန်းရဲ့ မိဘတွေ သိသွားခဲ့တယ်။ ဒါနဲ့ အများသိအောင် လက်ထပ်ပွဲလေး ကျင်းပပေးဘို့ ကျွန်တော်တို့ကို ခေါ်ပြီး တိုင်ပင်ပါတယ်။ ကျွန်တော်အရမ်းပျော်နေခဲ့တာပေါ့။ အဲဒီအပျော်တွေဟာ ခဏပါပဲ။ မိဘတွေက ဘယ်သူတွေလဲလို့ မေးလိုက်တဲ့ စကားက ကျွန်တော့်အပျော်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော်ဘယ်လို ဖြေရမလဲ။ ဦးမြမောင်နဲ့ ဒေါ်အေးမွန်ဆိုတာ ဦးလေးအောင်ရဲ့ တောင်းဆိုမှု့ကြောင့် လက်ခံထားသူတွေပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း သူတို့ကို မိဘနေရာမှာ မထားချင်ပါဘူး။ ဒါဆို ကျွန်တော့်အဖေ ဘယ်သူလဲ။ ဦးလေးအောင်ကို အဖေလို့ ပြောနိုင်ပါတယ်။ ပြောလည်း ပြောချင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေ။ ဘယ်သူ့ကို အမေလို့ ပြောရမှာလဲ။ ကျွန်တော် မသိ။ ကျွန်တော့်နာမည်ရဲ့ အထက်မှာ နေရာတစ်ခု လွတ်နေမယ်။ အဲလို အဖြစ်ကို ယွန်းရဲ့ မိဘတွေက လုံးဝ မကြိုက်ဘူး။ မိဘနာမည် ရေးပေးနိုင်မှ ယွန်းနဲ့ လက်ထပ်ပေးမယ်လို့ ကျွန်တော့်ကို ပြောလိုက်တယ်။ ဦးမြမောင်တို့ကတော့ သူတို့ကို မိဘအရင်းလို သဘောထားနိုင်ပါတယ်လို့  ပြောပေးကြပါတယ်။ ဒါပေမဲ့ ယွန်းမိဘတွေက လက်မခံခဲ့ဘူး။ ခုတော့ ကျွန်တော်လည်း ရူးချင်နေပြီ။ ဘာလုပ်ရမလဲ။ ကျွန်တော့်မိဘတွေ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်မသိချင်ခဲ့ပါဘူး။ ကျွန်တော့်ကို မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ မိဘကို ကျွန်တော် မရှာချင်ဘူး။ ဦးလေးအောင် မသေခင်ကလည်း ကျွန်တော့်ကို ရှာလို့ တွေ့လို့ ပြန်ခေါ်ရင်တောင် ပြန်လိုက်မသွားဘူး လို့ အကြိမ်ကြိမ်အခါခါ ပြောဘူးပါတယ်။ မလိုချင်လို့မှ စွန့်ပစ်ထားတဲ့ ကျွန်တော့်ကို မိဘတွေက ပြန်ရှာကြမှာလဲ မဟုတ်ပါဘူးလေ။ ခုတော့ မိဘနာမည်ဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိလာရပြီ။ ယွန်းကို ပိုင်ဆိုင်ခွင့်ရဘို့အတွက် မသိချင်တဲ့ နာမည်တစ်စုံကို ရှာဖွေစုံစမ်းရတော့မည်။

တစ်နေ့။  ကျွန်တော်တို့ မြို့နယ် ဘောလုံးပြိုင်ပွဲကို သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အသင်းပွဲမို့ပါ။ ကျွန်တော့်ဘေးက လူတစ်ယောက်က ကျွန်တော့်တို့ အသင်းအဖွဲ့သားတွေကို မကြားသာအောင် ဆဲဆိုအော်ဟစ်နေပါတယ်။ သူက တစ်ဘက်အသင်းဘက်သား ဖြစ်မှာပေါ့။ ကျွန်တော်တို့အသင်းသားတွေက ဘောလုံးရသွားရင် ချကွာ ဆော်ကွာ မင်းတို့ဘက်မှာ ငါရှိတယ် ဘာညာဆိုပြီး ကျွန်တော်တို့ရပ်ကွက်သားတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးလာတဲ့ စကားတွေနဲ့ ပြောဆိုပါတယ်။ အစကတည်းကမှ စိတ်ညစ်နေတဲ့ ကျွန်တော်။ ရပ်ကွက်ပါ ထိလာတော့ မရတော့ဘူး။ စိန်ခေါ်ပြီး ဖိုက်ကြတယ်။ သူက လူကောင်ကြီးတော့ ကျွန်တော့်ကို ချုပ်တယ်။ ကျွန်တော်ကလည်း တွေ့ရာ မိရာနေရာစုံအောင် ဘယ်ညာ ပစ်ထိုးတယ်။ သူက ကျွန်တော့်အင်္ကျီနဲ့ ကျွန်တော့်ကို ပြန်ချုပ်တယ်။ ဘောလုံးပွဲကလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ။ တာဝန်ရှိသူတွေရော အသင်းသားတွေရော ပရိသတ်တွေရော အကုန်အုံလာကြတယ်။ ကျွန်တော်က အင်္ကျီတွေကို ချွတ်ပေးလိုက်တယ်။ ဒီတော့ သူချုပ်ထားတဲ့ အထဲက ကျွန်တော်လွတ်ထွက်သွားတယ်။ ကျွန်တော့်အင်္ကျီတွေကတော့ သူ့လက်ထဲမှာ။ အားလုံးက ၀ိုင်းဆွဲကြ တားကြနဲ့ပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်နာမည်ခေါ်သံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တော့ ယွန်းရဲ့ ဦးလေး ဦးခင်ဇော်ကို တွေ့လိုက်ရတယ်။ သူက ကျွန်တော့်ကို ဆွဲခေါ်သွားတယ်။ ပြီးတော့ ကျွန်တော့်ကျောကို ကြည့်လိုက်တယ်။ ပြီးတော့ ဦးခင်ဇော်နဲ့က ကျွန်တော့်အိမ်ကို လိုက်ခဲ့တယ်။ ကျွန်တော်က ရှေ့က သူက နောက်က။ ဆိုင်ကယ် တစ်ယောက်တစ်စီး စီနဲ့ပေါ့။ အင်္ကျီမပါတဲ့ ကျွန်တော့်ကျောက အမှတ်ကြီးကို ဦးခင်ဇော် ကြည့်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော် မသိ။ အိမ်ရောက်တော့ ဦးလေးမြမောင်နဲ့ မိတ်ဆက် ပေးလိုက်တယ်။ သူတို့ စကားတွေ ပြောနေကြတုန်း ကျွန်တော်က ရေချိုးနေ လိုက်တယ်။ ရေချိုးလို့ ပြီးတော့ ဦးလေးမြမောင်က ကျွန်တော်သိမ်းထားတဲ့ ဆွဲကြိုးကို ယူလာပေးဘို့ ပြောတယ်။ ကျွန်တော် ယူပေးလိုက်ပါတယ်။ ဆွဲကြိုးလည်း မြင်ရော ဦးခင်ဇော်တစ်ယောက် မျက်လုံးထွက်ကြမတတ် ဖြစ်သွားခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို ငါ့တူ ငါ့တူ လို့ ခဏခဏ ခေါ်နေခဲ့တယ်။ အကြောင်းစုံ မေးကြည့်လိုက်တော့ ------။

ကျွန်တော်က ဦးရွှေမောင်+ ဒေါ်နှင်းဆီတို့ရဲ့ သားတဲ့။ ဒါ ဒါဆို ယွန်း။ ယွန်းနဲ့ ကျွန်တော်။ ဟာ သွားပြီ။ ယွန်းမိဘတွေက ဦးသန့်ဇင် + ဒေါ်နှင်းဆီ။ ကျွန်တော့်မျက်စိတွေ လုံးဝ ပြာဝေသွားခဲ့သည်။ ဒေါ်နှင်းဆီသည် ဦးရွှေမောင်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ မိဘတွေ လုံးဝ မရိပ်မိ။ ဖုံးမရ ဖိမရမှ မိဘတွေ သိခဲ့ရသည်။ တင်းကြပ်လွန်းတဲ့ မိဘတွေရဲ့ အရိပ်အောက်မှာ နေကြတဲ့ မိန်းကလေးတွေဟာ ဒီလိုပဲ အဖြစ်များကြသည် ထင်ပါရဲ့။ တင်းကြပ်မှု့အပြည့်နဲ့ လွတ်လပ်မှု့ မရှိ ၊ ပွင့်လင်းမှု့ မရှိ။ မိဘတွေသဘောတူထားတာက ဦးသန့်ဇင်နဲ့။ ဦးရွှေမောင်ကို လုံးဝသဘောမတူနိုင်။ ဒါကြောင့် ဘယ်သူမှ မသိအောင် ဦးရွှေမောင်နဲ့ ရခဲ့တဲ့ ရင်သွေးလေးကို စွန့်ပစ်ခဲ့ကြသည်။ အပျိုစင်တစ်ယောက်လို ပုံစံနဲ့ ဦးသန့်ဇင်ကို လက်ထပ်ခဲ့ရသည်။ ဒေါ်နှင်းဆီရဲ့ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းအစုံကို ဦးသန့်ဇင် မသိခဲ့။ မသိခဲ့အောင်လည်း ဖုံးဖိခဲ့ကြသည်။ ဒေါ်နှင်းဆီရဲ့ အစ်ကို ဦးခင်ဇော်က ဦးရွှေမောင်နဲ့ သဘောတူသည်။ ဦးရွှေမောင်နဲ့ ကိစ္စမှာလည်း သူ့ရဲ့ အလိုတူ ကူညီမှု့တွေ များစွာပါသည်။ မိဘတွေရဲ့ စကားကို မလွန်ဆန်တဲ့ အဆုံးမှာ သူကိုယ်တိုင် ကလေးငယ်ငယ်ကို စွန့်ပစ်ခဲ့ရသည်။ သူကိုယ်တိုင် ဆွဲပေးထားခဲ့တဲ့ ဒီကြိုးလေးကို သူ ကောင်းကောင်း မှတ်မိခဲ့တာပေါ့။ ခုတော့ ကျွန်တော်။ ဘာလုပ်ရမည်နည်း။ ညီမလေး ယွန်း။ ကျွန်တော်နဲ့ လက်မှတ်ထိုးပြီး အချစ်မိုးတွေ ရွာခဲ့ကြတဲ့ ညီမလေး။ ယွန်းသာ သိရင် --------- ။
ဟူးးးးးးးးးးးးးးးးးးး  ကျွန်တော်ဆက်မတွေးရဲတော့။ ကျွန်တော့်အမေဆိုတဲ့ ဒေါ်နှင်းဆီသာ သိခဲ့ရင် ------- ။ ဦးသန့်ဇင်သာ သိသွားခဲ့ရင် ------------ ။ အားးးးးးးးးးးးးးးးးး ဘာတွေလဲ ။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ခုတော့ ကျွန်တော်တစ်ယောက်တည်း။ အားလုံးနဲ့ ဝေးတဲ့ နေရာလေးမှာ ------------ ။ ညီမလေးယွန်းအတွက် ဦးလေးအောင်အတွက် ကျွန်တော့်ဘ၀ကံကြမ္မာအတွက် အမေဒေါ်နှင်းဆီအတွက် ကျွန်တော့်နှလုံးသားအတွက် ဆုတောင်းမိပါသည်။
“ ၀ဋ်ကြွေးရှိက ကြေပါစေ ” -- လို့။

အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
(ကိုယ်တိုင် ခံစား ရေးဖွဲ့သည်)။

Friday, September 21, 2012

ကိုယ်စီ တာဝန်ရှိသည် (ရေးသားသူ -- စံလင်း)


                       “ ဒီတစ်ခါ အလှည့်ကျသူက အီမာပါ။ ကဲ အီမာ မင်း အေးချမ်းသာ ရွာကို သွားရမယ်။ ရွာအခြေအနေ အားလုံးကို ဒို့စုံစမ်းပြီးပြီ။ မြို့နဲ့ အလှမ်းဝေးတယ်။ ရွာသူရွာသားတွေက အနေအေးတယ်။ ရိုးတယ်။ ပြောရရင်ကွာ အမြင်မကျယ်ဘူးပေါ့။ မင်းရဲ့ပုံစံကို ပြောင်းပစ်ရမယ်။ မင်းမျက်နှာက အမွှေးအားလုံးကို ရိပ်သွားရမယ်။ မင်း သွားဘို့အတွက် လိုအပ်တာ အားလုံး ဒို့ စီစဉ်ပြီးပြီ။ မနက်ဖြန်မှာ လုပ်ငန်းစမယ်။ မင်း လုပ်ရမှာက အဲဒီရွာက လူတွေချစ်အောင် ယုံအောင် နေရမယ်။ ပြီးရင် အမှီတစ်ခု နေရာတစ်ခု ရအောင် ယူနိုင်ရမယ်။ လိုအပ်တဲ့ အထောက်အပံ့ အားလုံးကို ဒို့ ပို့ပေးမယ်” ။ ခေါင်းဆောင်ဖြစ်သူ တစ်ယောက်က အီမာကို မှာနေသည့် စကားများဖြစ်သည်။ ဘယ်သူမှ မ၀င်ရဟု စည်းကမ်းတွေ ဘောင်တွေနဲ့ ခြံခတ်ထားသော ဗလီတစ်ခုအတွင်းမှ စကားသံများ ဖြစ်သည်။ အေချမ်းသာရွာလေးသည် မချမ်းသာသော်လည်း စီးပွားရေး အသင့်အတင့် ရှိသည်။ နူညံ့သိမ့်မွေ့သော ဗုဒ္ဓရဲ့အဆုံးအမ အောက်မှာ နေထိုင်ကြသည့်အားလျှော်စွာ အေးချမ်းသည်။ သိမ့်မွှေ့သည်။ ချစ်စရာ ကောင်းသည်။ ရည်မွန်သည်။ သို့သော်လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ဖြစ်တာက တစ်ကြောင်း,  ရွာမှာ ရှိတဲ့ ဦးဇင်းကိုရင်တွေက ရွာနဲ့ပတ်သက်နဲ့ ပညာရေးကဏ္ဍ အမျိုးသားရေး ကဏ္ဍတွေမှာ ပါဝင်သက်ပတ်သက်မှု့ မရှိပဲ အေးအေးဆေးဆေးနေတာက တစ်ကြောင်း,  ဘာသာရေးအသိအမြင်များ ဖွင့်ပြမပေး ဟောပြ မပေးတာက တစ်ကြောင်းကြောင့် ဘာသာရေး အသိ သိပ်မရှိကြ။


                    “ ဒန်အိုးပေါက် ဓာတ်ဗူးပျက်တွေဝယ်တယ်။ စောင်တွေ ခြင်ထောင်တွေ ပါတယ်နော် ”။ အထမ်းဈေးသည်များ၏ အော်သံဖြစ်သည်။ အထမ်းဈေးသည် သုံးယောက် ရွာထဲမှာ လည့်လည် ရောင်းချနေကြသည်။ ရွာသူ ရွာသားများကလည်း သူသူ ငါငါ လိုအပ်တာများ ၀ယ်ကြသည်။ မလိုအပ်သည့် ဒန်ဘိုး ဒန်ခွက် ဓာတ်ဗူးပျက်များ ရောင်းကြသည်။ အားလုံးက မြန်မာတွေချည်း ထင်ရသည်။ စောင်ရောင်းသူ ခြင်ထောင်ရောင်းသူတွေက မြန်မာစစ်စစ်တွေပါ။ ဒန်အိုး ဒန်ခွက် စသည် ၀ယ်ကသူကတော့ မြန်မာရုပ်ပုံနဲ့ အီမာပါပဲ။ မြန်မာစကား မြန်မာ့ဓလေ့ မြန်မာ့ရိုးရာ မြန်မာတွေရဲ့ အကြိုက်နဲ့ စရိုက်ကို နောကျေအောင် လေ့လာထားတဲ့ အီမာက လူချစ်လူခင်ပေါအောင် ပြောဆိုသည်။ ဆက်ဆံသည်။ ရွာသူ ရွာသားများကလည်း အပြောကောင်း သဘောကောင်း မှတ်ထင်ပြီး ခင်ကြသည်။ အီမာတို့ အဖွဲ့သည် ရွာထဲမှာ တစ်နေကုန် ဈေးရောင်းကြသည်။ ညဘက်တွင် ဘုန်းကြီးကျောင်းသွားပြီး လျှောက်ထား တည်ခိုးကြသည်။ ဘုန်းကြီးကလည်း မြန်မာတွေပဲလို့ ထင်ပြီး ကိုယ့်မြန်မာအချင်းချင်းမို့ အလွယ်တကူပဲ လက်ခံခဲ့သည်။ ကူညီတတ်သော ကြင်နာတတ်သော ယုံကြည်လွယ်သသော မြန်မာတို့ရဲ့ အကျင့်ကို ပြင်ဘို့ ကောင်းပြီ။ စဉ်းစား ချင့်ချိန်သင့်သည်။ ကိုယ်စိုက်လိုက်တဲ့ သစ်ပင်က အဆိပ်ပင် မဖြစ်သင့်။  ပက်စက်တဲ့ အကြံနဲ့ လူလည် လူပါး အီမာက ဘုန်းကြီးအကြိုက်တွေ့အောင် နေသည်။ မြန်မာများထက်ပင် စကားပြော ပြောပြစ်ကြေညက် သေးသည်။ မြန်မာများကမှ ဘုန်းကြီးနဲ့ စကားပြောရင် မပြောတတ်တာလိုလို ကြောက်တာလိုလို လူ့စာရင်းထဲ မထည့်သွင်းတာလိုလိုနဲ့


နောက်ပိုင်းတွင် အခြားဈေးသည်များ မပါလည်း အီမာက ရောက် ရောက်လာသည်။ ရောက်တိုင်း ရောက်တိုင်းလည်း ဘုန်းကြီးကျောင်းမှာပဲ တည်းခိုသည်။ ကြာလာတော့ ဘုန်းကြီးနဲ့တောင် တော်တော်လေး ရင်းနှီးနေပါပြီ။  ဒီလိုနဲ့ နေ့တွေ လတွေ ကြာလာတဲ့အခါ ရွာထဲက အပျိုချောလေး အိအိနဲ့ ချစ်သူတွေ ဖြစ်သွားကြသည်။ ဘယ်က လာမှန်းမသိ ဘယ်လိုစရိုက်ရှိမှန်းမသိပဲ တစ်ရွာသားကို အထင်ကြီးတတ်သည့် မြန်မာမိန်းကလေးတို့ရဲ့ အကျင့်စရိုက်က သိပ်ကို ဆိုးလွန်းသည်။ ကိုယ့်မြန်မာအချင်းချင်း  ကိုယ့်မြို့သား/သူ အချင်းချင်း ကိုယ့်ရွာသား/သူ အချင်းချင်းဆိုရင် မတူသလိုလို မတန်သလိုလိုနဲ့။ ရိုက်သတ်ပစ်ဘို့ ကောင်းသည်။ ဘယ်လို ဘယ်ပုံ စည်းရုံးထားသည် မသိ။ အိအိ မိဘတွေကလည်း သဘောတူသည်။ ဒီလိုနဲ့ အိအိနဲ့ အီမာတို့ လက်ထပ်လိုက်ကြသည်။ လက်ထပ်ပွဲကို ခန်းခန်းနားနားက ကျင်းပသည်။ တစ်ရွာလုံးကို မီခိုးတိတ် ဒံပေါက်ကျွေးသည်။ အီမာကျွေးသော ဒံပေါက်က စားလို့ ကောင်းသလောက် အရမ်းကြောက်စရာကောင်းသည့် အဆိပ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြ။ အီမာက သူဟာ တစ်ကောင်ကြွတ် တစ်ယောက်တည်း သမားဟု ပြောထားသည်။ တစ်ရွာလုံးကလည်း ယုံကြသည်။ လက်ထပ်ပွဲအတွက် ကုန်ကျငွေအားလုံးကို သူတာဝန်ယူခဲ့သည်။ လက်ထပ်ပွဲကုန်ကျငွေများသည် သူစုထားသော ငွေများဖြစ်သည်ဟု ပြောသည်။ တကယ်တော့ မြို့ပေါ်က အဖွဲ့အစည်း တစ်ခုက ထောက်ပံ့ပေးသည့် ငွေဆိုတာကို အီမာမှ တစ်ပါး တစ်ယောက်မျှ မသိ။ အိအိနဲ့ အိမ်ထောင်ကျပြီး မကြာပါဘူး။ သူတို့ ကိုယ်ပိုင်အိမ်လေးနဲ့ ခွဲနေလိုက်ကြသည်။ မြန်မာတို့ရဲ့ အကြိုက်ကို သိသော အီမာက အိအိတို့မိဘပိုင် တောင်သူလုပ်ငန်းကို ကြိုးစား ပမ်းစားလုပ်သည်။ အလုပ်ကြိုးစားသော အီမာကို ပျော်တစ်ပြုံးပြုံးနဲ့ ၀မ်းသာမဆုံး ဖြစ်နေကြသော အိအိတို့ အမျိုးတွေ ။ တစ်နေ့တွင် အီမာက မြို့ပေါ်က အဖွဲ့စည်းထံ စာရေးပြီး လူမှာလိုက်သည်။ အဖွဲ့ကတိုင် လူနှစ်ယောက် ပေးလွှတ်လိုက်သည်။ အီမာက သူ့အမျိုး ညီအစ်ကို ၀မ်းကွဲတွေဖြစ်ကြောင်း ရွာကို အလည်လာတာ ဖြစ်ကြောင်း ပြောထားသည်။ ရောက်လာတဲ့ လူတွေကလည်း မြန်မာပုံစံလေးတွေနဲ့ပါပဲ။ အီမာလိုပဲ အရမ်းအလုပ်လုပ်ကြသည်။ အလည်လာတာတောင် ဒီလောက်အလုပ်လုပ်တဲ့ အဲဒီနှစ်ယောက်ကိုလည်း ရွာသူများက မျက်စာ တပစ်ပစ်နဲ့။ လက်ကမလှုပ် ဖင်ကလှုပ်နေသည်။ အဲလိုပဲ ပြောလိုက်ချင်သည်။ ဒီလိုနဲ့ ရွာသူတွေနဲ့ အဆင်ပြေသွားကြတဲ့ အဲဒီနှစ်ယောက်ကလည်း မပြန်တော့ဘူး။ အီမာကပဲ  အမိ အဖလုပ်ပြီး လက်ထပ်ပေးလိုက်သည်။ တစ်နေ့ အီမာက မြို့တက်ပြီး သံတို သံစများကို ၀ယ်သည်။ ပြီးတော့ အေးချမ်းသာ ရွာလေးမှာ ကုန်မာဆိုင်တစ်ဆိုင် ဖွင့်လိုက်သည်။ အနီးအနားရှိ ရွာများက တဖွဲဖွဲ လာရောက် ၀ယ်ယူကြသည်။ သူတို့အတွက် မြို့သွားစရာ မလိုတော့သဖြင့် အီမာကို များစွာ ကျေးဇူးတင်နေကြသည်။ တစ်လတစ်လ တစ်နှစ်တစ်နှစ်နဲ့ ရောက်ရောက်လာလိုက်တဲ့ အီမာအမျိုးတွေလည်း မနည်းပါဘူး။ ရောက်လာတဲ့ လူတွေကလည်း ရွာသူတွေ အကြိုက်နေကြသည်။ ရွာသူတွေကလည်း လုမတတ်တောင် ဖြစ်လာကြသည်။ အကုန်လုံး ငြုတ်သီးနဲ့ နယ်ပစ်ဘို့ ကောင်းသည်။ ဒီလိုနဲ့ အီမာတို့ လူစုတွေမှာ သားသမီးလေးတွေ ရလာကြတဲ့အခါ။


                        သားသမီးလေးတွေ မရခင် လူအင်းအား မကြီးမားခင် အချိန်အထိ အီမာတို့ရဲ့ အသွင်အပြင်က ချစ်စရာကောင်းနေပါသည်။ ရွာသူ ရွာသားများ နည်းတူ ဘုရားသွား ကျောင်းတက် အလှူရက်များဆို ကူညီလုပ်ကိုင်လို့ပါပဲ။ သားသမီးလေးတွေလည်းရလာ လူအင်အားလည်း ကြီးလာတော့ သူတို့နိုင်တဲ့ ကိုယ့်အိမ် ကိုယ့်ယာကို စတင် ချုပ်ကိုင်လာကြပါပြီ။ ဘုရားရှိခိုးတာ ဘုန်းကြီးကျောင်းသွားတာတွေကို တားမြစ်လာပါသည်။ သားသမီးမျက်နှာ လင်ယောက်ျားမျက်နှာကို ကြည့်နေတတ်ကြတဲ့ ရွာသူလေးတွေမှာ ဘုရားနဲ့လည်း ဝေး။ ဘုန်းကြီးကျောင်းနဲ့လည်း တဖြေးဖြေးနဲ့ ဝေးလာကြပြီပေါ့။ ဒီလိုနဲ့ အီမာတို့ လူစု အင်းအားကြီးလာတဲ့အခါ ရွာမှာ လူတွင်ကျယ်လုပ်လာသည်။ သူတို့ ခြုံထားတဲ့ အပေါ်ယံ အလွှာများကို တဖြေးဖြေးချင်း ခွါချလာသည်။ ခွါမချလည်း မြင်လာရသည်။ နှစ်တွေ တော်တော်ကြာလာတာနဲ့ အမျှ သူတို့ လူဦးရေက တိုးလာသည်။ မွေးလိုက်တဲ့ သားသမီးတွေ။ မွေးတိုင်းမွေးတိုင်းကလည်း ကျောင်းကန်ဘုရားနဲ့ ဝေးကုန်ကြတာချည်းပဲ။ ဒီလိုနဲ့ နောက်ပိုင်းမှာ အေးချမ်းသာရွာလေးဟာ အမှောင်အတိကျသွားတဲ့ အမှောင်ရွာလေး ဖြစ်သွားခဲ့ပါတယ်။ သူတို့မကြိုက်တဲ့ သူကို လက်စပျောက်အောင် လုပ်ပစ်ကြတယ်။ တာဝန်ရှိသူတွေက လာတော့ လာပါရဲ့။ လာပြီး စစ်ဆေးတဲ့အခါ အီမာတို့က ပါးစပ်အပြည့် ပေးကျွေးလိုက်ကြတယ်။ စစ်ဆေးဘို့ လာတဲ့ သူတွေက ပါးစပ်အပြည့် ၀ါးမျိုဆို့ပြီး စစ်ဆေးဘို့ အင်အားမရှိ ပြောဘို့စကားမရှိ မေးဘို့ စကားမရှိ။ ပြဿနာဖြစ်လိုက် လာစစ်ဆေးလိုက်။ ပါးစပ်အပြည့်စားသွားလိုက်။ ပြဿနာဖြစ်လိုက် စစ်ဆေးဘို့လာလိုက် ပါးစပ်ထဲ အိတ်ကဒ်ထဲ ထည့်ယူသွားလိုက်နဲ့။ အင်းအားကလည်းများ အပေးအကျွေးကလည်း တော်တဲ့ အီမာတို့ အုပ်စုက အေးချမ်းသာ ရွာလေးကို လူတို့ အယူအဆ သူတို့အကျင့်စရိုက်နဲ့ လျှော်ညီတဲ့ ရွာလေး ဖြစ်အောင် ဖန်ဆင်း တည်ဆောက်နိုင်ခဲ့ပါတယ်။ အီမာကျွေးတဲ့ ဒံပေါက်ကို မိန့်မိန့်ကြီး ဘုန်းပေးခဲ့တဲ့ ဆရာတော်နဲ့ ဦးဇင်း ကိုရင်တို့လည်း ကိုယ့်ခြေကိုယ်နင်းပြီး တစ်နယ်တစ်ရွာကို ပြောင်းရွှေ့သွားခဲ့ရတယ်။ ခုတော့ အဖွဲ့အစည်းတစ်ခုရဲ့ စီမံမှု့နဲ့အတူ အေးချမ်းသာရွာလေးဟာ ပစ္စည်းဥစ္စာတွေ တိုးတက်ကြီးပွား စည်းကားလျှက် ရှိနေပါပြီ။ ဒါပေမဲ့ တရားမျှတမှု့ သနားကြင်နာမှု့ သိမ့်မွေ့နူးညံ့မှု့ အေးချမ်းသာယာမှု့ ကြည်နူးပျော်ရွှင်မှု့တို့ကတော့ အားလုံး ပျောက်ဆုံးသွားပါပြီ။ နောင် နှစ်ပေါင်း မည်မျှ ကြာမှ ပြန်လည် ရှာတွေ့နိုင်မည်ဆိုတာကို ခန့်မှန်းလို့တောင် ရနိုင်မည် မထင်ပါဘူး။ ကဲ သူငယ်ချင်းတို့ရေ ကျွန်တော်တို့ မြန်မာတွေရဲ့ အထက်ပိုင်း အလယ်ပိုင်း အောက်ပိုင်း အပိုင်းကဏ္ဍအသီးသီးက လိုအပ်ချက်တွေကြောင့် မပျောက်ပျက်သင့်တာတွေလည်း များစွာ ပျောက်ပျက်ခဲ့ကြပါပြီ။ မဆုံးရှုံးသင့်တာတွေလည်း များစွာ ဆုံးရှုံးနစ်နာခဲ့ကြပါပြီ။ ခုချိန်ကစပြီး မပျောက်သင့်တာတွေ မပျောက်ရအောင် မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးရအောင် မပျက်စီးသင့်တာတွေ မပျက်စီးရအောင် ကိုယ့်နေရာ ကိုယ့်ဒေသတွေမှာ နိုင်ရာ နိုင်ရာ တာဝန်တွေကို လူ့အရေး ဘုန်းကြီးအရေး ကျောင်းသားအရေး အမျိုသားအရေး အမျိုးသမီးအရေး မခွဲခြားပဲ တက်ညီလက်ညီ စိတ်တူ ကိုယ်တူနဲ့ တစ်မျိုးသားလုံးအတွက်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ကြပါစို့ ။ တာဝန်ယူကြပါစို့။ ထမ်းဆောင်ကြပါစို့နော်။


အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
(ကိုယ်တိုင်ရေး ဆောင်းပါးလေးပါ။ ဒီဆောင်းပါးလေးဖြင့် သူငယ်ချင်းတို့ကို အသိတစ်ခုခု ပေးနိုင်မည်ဆိုလျှင် , သူငယ်ချင်းတို့ ရင်ထဲမှာ အမျိုးအတွက် ဘာသာအတွက် နိုင်ငံအတွက် ခံစားချက်လေး တစ်ခုခု ကိန်းသွားခဲ့မယ်ဆိုလျှင် ----------)။

Thursday, August 23, 2012

စွဲလန်းစိတ်ရဲ့ ဆွဲအား (လူဝင်စား အကြောင်း) (ရွှေမြို့တော်မှ စံလင်း၏ ဆောင်းပါး)



“ မနက်ခင်းလေး တစ်ခုရောက်တယ်၊ ကျေးငှက်လေးများ တေးဆိုရင်း၊ ဘ၀အတွက် ရုန်းဘို့ သိကြတယ် ” ဘိုဖြူရဲ့ သီချင်းလေးပါ။ ကျွန်တော့်ဖုန်းရဲ့ Ring tone အဖြစ် သုံးထားတာပါ။ စကားပြောကြည့်လိုက်တော့ ညီဝမ်းကွဲ နေလင်းဦး ဖြစ်နေပါတယ်။ မန္တလေးကို လာမလို့တဲ့။ လာကြိုပေးပါတဲ့။ ဒါနဲ့ နေ့ခင်း (၂း ၀၀) လောက်မှာ ကားဝင်းကို သွားခဲ့ပါတယ်။ သူ့ကို ကြိုဘို့ပေါ့။ ညီ ရောက်မလာသေးတာနဲ့ အအေးဆိုင်မှာ ၀င်ထိုင်လိုက်တယ်။ ထိုင်နေတုန်း ဖုန်းဝင်လာပါတယ်။ ကျွန်တော့်အချစ်ဟောင်းလေး ဆီကပါ။ တွေ့ဘို့ ချိန်းတာပါ။ ကျွန်တော်တို့ တွေ့နေကြ နေရာလေးမှာ သူရောက်နေပြီတဲ့။ မသွားလို့ကလည်း မဖြစ်ဘူး။ ကျွန်တော်ရောက် မလာမချင်း မပြန်ပဲ စောင့်နေတတ်တာကို ကျွန်တော် အသိဆုံး။ ဟို အရင်ချိန်တွေက ကျွန်တော်အရမ်းချစ်ခဲ့ရတဲ့ ကောင်မလေးပါ။ ချစ်စရာ ကောင်းလွန်းလို့ကို ချစ်ခဲ့တာပါ။ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ချစ်ခဲ့တာပါ။ ဒါပေမဲ့ သူ နောက်တစ်ယောက်နဲ့ ပျော်မြူးနေတာတော့ မပါဘူးပေါ့ဗျာ။ တကယ် ချစ်ခဲ့တာပါ။ တစ်ဘ၀စာ လက်တွဲဘို့အထိ ချစ်ခဲ့တာပါ။ ဒါပေမဲ့ သူ့စိတ်က ပရမ်းပတာ ကြွေကျတဲ့ နတ်ပန်းလေးလိုပါပဲ။ သူ့ကြောင့် ကျွန်တော့်ဘ၀ တော်တော်လေး လေလွင့် သွားခဲ့တယ်။ ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို သူ ဖျက်ဆီး ပစ်ခဲ့တယ်။ ကျွန်တော် ဆောက်လုပ်ခဲ့တဲ့ အချစ်လမ်းခရီးတစ်ခုကို မပြီးသေးခင်မှာပဲ သူ့ရဲ့ သစ္စာပျက်မှု့( သာယာ လွယ်တတ်မှု့) နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ သူ့ကို မေ့လို့ ရအောင် သူနဲ့ဝေးရာကို ကျွန်တော်ထွက်သွားခဲ့ပါတယ်။ ခုတော့ တည်ငြိမ်စ ပြုနေတဲ့ နှလုံးသားကို သူ့မျက်ရည်ကျပြခြင်းတွေနဲ့ လှုပ်ခပ်နေအောင် လုပ်နေပြန်ပါပြီ။ သနားစိတ်မှာ ချစ်ခင် မြတ်နိုးစိတ် မပါဘူးဆိုတာ (သို့) သနားစိတ်နဲ့ ချစ်ခင်မြတ်နိုးစိတ်ဟာ တခြားစီဆိုတာကို ကျွန်တော် သိနေပါပြီ။ ညီ ရောက်လာတော့ သူ့ကိုခေါ်ပြီး ကောင်မလေးရှိရာကို ထွက်လာခဲ့တယ်။ ညီ နဲ့လည်း မိတ်ဆက်ပေးရအောင်လို့ပေါ့။ ဟိုရောက်တော့ ကောင်မလေးက ငုတ်တုတ်လေး။ သူ ငိုထားတယ်ဆိုတာ  မြင်လိုက်တာနဲ့ သိလိုက်ပါပြီ။ မလာတော့ဘူးထင်လို့ ၀မ်းနည်းပြီး ငိုနေတာ ဖြစ်မှာပေါ့။ ညီ ပါလာလို့ ထင်ပါရဲ့။ စကားအများကြီး မပြောဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူပြန်သွားတယ်။ ကျွန်တော်လည်း ညီကို ခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ညီက ကျွန်တော့် ကောင်မလေးနဲ့ အကြောင်းကို မေးပါတယ်။ ကျွန်တော်လည်း အရင်က အရမ်းချစ်ရတဲ့ ချစ်သူ ဖြစ်ကြောင်း ခုတော့ ချစ်လို့ မရတော့ကြောင်း ဒါပေမဲ့ သူငိုရင် မနေတတ်လို့ တွေ့ဖြစ်နေသေးကြောင်း သူ့ကိုအရမ်းစွဲလန်းခဲ့ဘူးကြောင်း ခုတော့ သနားစိတ်ပဲ ရှိတော့ကြောင်း အကြောင်းစုံကိုပြောပြလိုက်တယ်။ ညီအစ်ကို ချင်းချင်းဆိုတော့ ပွင့်ပွင့်လင်းလင်းပေါ့နော်။ သူက အဲဒီမှာ ကျွန်တော့်ကို ဘာပြောလိုက်တယ် ထင်ပါသလဲ? ၊ အံ့သြဘို့ ကောင်းသလို ထိပ်လန့်ဘို့လည်း သိပ်ကောင်းတဲ့ စကားတစ်ခွန်းကို ပြောလိုက်တာပါ။ သူပြောတာက “ အစွဲအလန်း မထားတာ အကောင်းဆုံးပဲ ကိုလေး။  ပြတ်ပြတ် သားသားလုပ်ပါ၊ ငါ စွဲလန်းခဲ့လို့ လေးဘ၀ ကျင်လည် ခဲ့ရပြီးပြီ ” တဲ့။


စိတ်ဝင်စားလို့ အကြောင်းစုံကို မေးကြည့်မိခဲ့တယ်။ ညီပြောပြတဲ့ အကြောင်းကို ကျွန်တော် ရေးတတ်သလိုပဲ ရေးပြမယ်နော်။ ကဲ ဖတ်ကြည့်ကြပါစို့။ တမာတောရွာလေးမှာ ဦးကျော်စိန်ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ ကောင်းကျော်ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ သူ့ဇနီး မဇင်မာကတော့ ကောင်းကျော် (၂) နှစ်သား အရွယ်လောက်မှာ ဆုံးသွားခဲ့ပါတယ်။ တစ်နေ့မှာ ဦးကျော်စိန်တစ်ယောက် ပိုးထိပြီး ဆုံးသွားခဲ့ပါတယ်။ ပိုးထိတာ သိလိုက်တာနဲ့ တပြိုင်တည်းမှာပဲ သူ့သားကို သတိရလိုက်မိတယ်။ ခပ်ငယ်ငယ် အရွယ်မရောက်သေးတဲ့ သူ့သားကို စိတ်မချနိုင်ပါဘူး။ သူ့သားကို မြင်ချင်စိတ်ကြောင့် အိမ်ကို ပြန်ပြေးပါတယ်။ ဒါပေမဲ့ မြွေဆိပ်ကြောင့် လမ်းမှာပဲ “ ဗိုင်း ” ဆို လဲကျသွားပါတယ်။ အားတင်းပြီး သွားနေလည်း အဆင်မပြေတော့ပါဘူး။ မြွေဆိပ်တက်ပြီး လမ်းပေါ်မှာ လူးလှိမ့်နေခဲ့ရတယ်။ ဒါပေမဲ့  သားကို သတိရမိတဲ့ စိတ်က မပြတ်ဘူးလေ။ အဲဒီစိတ်နဲ့ သေဆုံးပြီး ပြိတ္တာဘ၀ကို ရောက်သွားခဲ့ပါတယ်။ ပြိတ္တာဖြစ်သွားခဲ့တဲ့ ဦးကျော်စိန်ဟာ သူ့သားလေးကို ရွာအနောက်ထိပ်က အုန္နဲပင် ပေါ်ကနေပြီး ကြည့်နေခဲ့ပါတယ်။ ရွာထဲကို သူဝင်လို့ မရခဲ့ဘူး။ ဒါကြောင့် နေလို့ရတဲ့ ရွာနဲ့အနီးဆုံး အုန္နဲပင်ပေါ်မှာပဲ နေခဲ့ရတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ သူ့သားကောင်းကျော်လည်း အရွယ်ရောက်လို့ တောမှာ အလုပ်တွေ လုပ်နေရပြီပေါ့။ ကောင်းကျော် တောသွားရင် ဦးကျော်စိန်က သူတို့တောရဲ့တောင်ဘက် အစပ်မှာရှိတဲ့ ကျောက်တုံး အကြီးကြီးပေါ်ကနေ ထိုင်ကြည့်နေပါတယ်။ သူ့သားကို အဲလောက်ထိ ချစ်တာပါ။ ဦးကျော်စိန်ရဲ့ ပြိတ္တာဘ၀သက်တမ်း ဘယ်လောက်ကြာသွားတယ် မသိ။ သူ့သား ကောင်းကျော်သေဆုံးသည့်အထိ သူက ပြိတ္တာဘ၀မှာ ရှိနေတုန်းပါပဲ။ ကောင်းကျော်က ကံကောင်းခဲ့ပါတယ်။ သေဆုံးပြီး လူဝင်စားပြန်ဖြစ်သွားတယ်။ ကောင်းကျော်ရဲ့ ဒီဘ၀နာမည်က အောင်အောင်တဲ့။ ဦးကျော်စိန်ကြီးလည်း ပြိတ္တာဘ၀ကတိုင် ကျွတ်ပြီး လူဝင်စား ဖြစ်သွားခဲ့ပါတယ်။ သူ လူဝင်စားဖြစ်ခဲ့တာက အောင်အောင့် မိခင်ရဲ့ ၀မ်းဗိုက်ထဲကိုပါ။ မွေးဖွားလာပြီး နည်းနည်းသိတတ်စ အရွယ်မှာပဲ သူ့ဘ၀အတိတ်အကြောင်းတွေကို မှတ်မိလာခဲ့ပါတယ်။ အရင်ဘ၀က သူအရမ်းချစ်ခဲ့ရတဲ့ သားကောင်းကျော်ဟာ ခုဘ၀မှာတော့ သူ့အကို အောင်အောင်ဖြစ်နေပါပြီ။


ဦးကျော်စိန်လူဝင်စားဖြစ်လာတော့ သူ့နာမည်ကို အောင်ဇော်လင်းလို့ မှည့်ခေါ်ပါတယ်။ အောင်ဇော်လင်း အသက် (၇) နှစ်လောက်မှာပဲ အပြင်းဖျားပြီး ဆုံးသွားခဲ့ပါတယ်။ အသက်ရှည်ရှည်နေရမယ့် ကုသိုလ်ကံ မပါဘူးထင်ပါရဲ့။ သေသွားတော့လည်း အောင်အောင့်အပေါ်မှာ ချစ်ခင် စွဲကျန်နေတဲ့ စိတ်နဲ့ ပြိတ္တာဘ၀ ရောက်သွားပြန်ပါတယ်။ အောင်အောင်တောကိုသွားရင် လိုက်သွားတယ်။ တောကပြန်လာရင် အောင်အောင်တို့အိမ်ရှေ့က မန်ကျီးပင်ကြီးအောက်မှာ နေတယ်။ ဒီတစ်ခါ ပြိတ္တာဘ၀မှာတော့ ရွာထဲအထိ ၀င်လို့ ရခဲ့ပါတယ်။ အိမ်ဝင်းထဲ အထိတော့ ၀င်လို့မရဘူးတဲ့။ ညဘက်ဆိုရင် လူတွေ ပစ်ထားတဲ့ စားကြွင်း စားကျန်တွေကို လိုက်စားပါတယ်။ တစ်ချို့လူတွေကတော့ သူ့ကို မမြင်ကြပါဘူး။ တစ်ချို့လူတွေကတော့  မြင်ကြသတဲ့။ အဲလိုမြင်လိုက်တဲ့အခါ ကြောက်လန့် အော်ဟစ်ပြီး ပြေးကြသတဲ့။ သူကတော့ လူတွေကို ကြောက်အောင် လိုက်ပြီး ခြောက်လှန့်နေတာ မဟုတ်ခဲ့ပါဘူး။ သူ့အတွက် အစာရှာ ထွက်ခြင်းပါပဲ။ (ကျွန်တော်ထင်ပါတယ်၊ အဲဒါမျိုးဖြစ်တာကို အခြောက်ခံရတယ်လို့ ပြောဆိုကြတာ ထင်ပါရဲ့)၊  ဒီလိုနဲ့ နေလာလိုက်တာ ခုဆို အောင်အောင်တောင် အိမ်ထောင် ကျသွားပါပြီ။ ပြိတ္တာဖြစ်နေပြန်တဲ့ ဦးကျော်စိန်ဟာ တောကိုလိုက်သွားလိုက် ရွာကိုပြန်လာလိုက်နဲ့ အောင်အောင့်ကိုချစ်တဲ့စိတ်နဲ့ သံသရာလည်ပတ်နေပါတယ်။ ဒီလိုနဲ့ အောင်အောင့်ဇနီးလည်း ပထမဆုံး သန္ဓေသားလေးကို ဆောင်ထားရပြီပေါ့။ မွေးလာတော့ ယောက်ျားလေးပါ။ သားဦး စနေ မီးလိုမွှေ - ဆိုတဲ့ စကားရှိနေတော့ သိပ်ကို ကြောက်ကြတာပေါ့။ ဒါပေမဲ့ ကိုယ့်သားလေးဆိုတော့လည်း အရမ်းချစ်ခဲ့ကြပါတယ်။ နာမည်ကိုတော့ နေလင်းဦးလို့ အမည်မှည့်ပေးလိုက်ကြတယ်။ ကဲ ဒါလောက်ဆို နေလင်းဦးဟာ ဘယ်လိုဘယ်လိုတွေ ဖြစ်လာခဲ့တယ်ဆိုတာ သိလောက်ပါပြီနော်။ ခုတော့ နေလင်းဦးက ကျွန်တော့်ညီဝမ်းကွဲ ဖြစ်နေပါတယ်။ သယ်ချင်းတို့ရေ အစွဲအလန်းစိတ်က သိပ်ကို ဆွဲငင်အား ပြင်းထန်လွန်း ပါတယ်။ ဦးကျော်စိန်ကြီးဟာ သူ့သားကောင်းကျော်ကို စွဲလန်းသွားတဲ့စိတ်ကြောင့် စွဲလန်းမိတဲ့စိတ်ကြောင့် ချစ်မိတဲ့ စိတ်ကြောင့် ပထမပြိတ္တာ + အောင်ဇော်လင်း +ဒုတိယပြိတ္တာ + နေလင်းဦး = ဆိုတဲ့ ဘ၀တွေကို ကျင်လည်ခဲ့ရပါတယ်။ ဒါဟာ သူ ပြန် မှတ်မိတဲ့ ဘ၀တွေပါ။ မမှတ်မိတဲ့ ဘ၀များစွာလည်း ဒီလိုပဲဖြစ်နေလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်အံ့သြတာက နေလင်းဦးရဲ့ သညာတရားကိုပါ။ ဒီလို လေးဘ၀ဆက် မှတ်မိနေတဲ့ သူ့သညာကို အရမ်းလေးစားမိပါတယ်။ (ကျွန်တော်ဆို ဘယ်က လာလို့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား မှတ်မိဘို့ မပြောနဲ့ အတွေးနဲ့တောင် မသိပါဘူး)။  ပြီးတော့ စွဲလန်းတတ်တဲ့ စိတ်ရဲ့ ဆွဲငင်အားကိုလည်း ကြောက်လန့်မိခဲ့တယ်။ အာရုံတစ်ခုကို စွဲလန်းမိရင် အဲဒီလိုတွေ လည်ပတ်နေရတော့ ဘယ်လိုလုပ် လွတ်ကြတော့ မလဲနော်။ အဲ ထူးခြားတာ တစ်ခုကို ပြောပြချင်ပါတယ်။ ညီကို “ မင်း ယမမင်းကြီးဆီမှာ အစစ်ဆေး မခံရဘူးလား ” လို့ မေးကြည့်တော့ ညီက “ ယမမင်းကြီးနဲ့ မတွေ့ခဲ့ဘူး ” လို့ ပြန်ဖြေပါတယ်။ ဒါဟာ ထူးခြားသလို မှတ်သားစရာလည်း ကောင်းတယ်နော်။ ယမမင်းဆိုတာ ၀ါးတားတားဖြစ်နေတဲ့ သူများကိုသာ စစ်ဆေးရသည် ထင်ပါရဲ့။ အကျိုးပေးကံ သီးသန့်ရှိပြီးသူများဟာ ကံစီမံတဲ့အတိုင်း ဆိုင်ရာဘုံ ဘ၀တွေဆီကို တန်းသွားပါတယ်။ သူတို့ဟာ စစ်ဆေးစရာ မလိုလို့ ယမမင်းဆီ မရောက်ကြတာ ဖြစ်မယ်နော်။ သူ့တို့အကျိုးပေး ကံအတိုင်း ဖြစ်ကြရမှာကိုး။ ဘယ်သွား ဘာမှာဖြစ်လို့ ယမမင်းက စီစဉ်ပေးစရာ ညွှန်ကြားပေးစရာမှ မလိုပဲလေ။ ကံတရားက စီစဉ်တဲ့အတိုင်း ညွှန်ကြားတဲ့အတိုင်း ဖြစ်ကြရမှာပဲ မဟုတ်လား။ ပြီးတော့ “ မင်း မိခင်ဝမ်းထဲကို ဘယ်လို ပြန်ဝင်လာတာလဲ?” လို့ မေးကြည့်တော့လည်း သူက “ အဲဒါတော့ ကောင်းကောင်း မမှတ်မိဘူး ” လို့ ပြောပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ ကြောက်လန့်စရာတော့ ကောင်းပါတယ်။ ကဲ သယ်ချင်းတို့ရေ ဖြစ်နိုင်ရင် အစွဲလေးတွေ နည်းနည်းလာအောင် ပါးပါးလာအောင် စိတ်ကို ထားနိုင်ကြပါစေနော်၊ အစွဲအလန်းနည်းပါးတဲ့ စိတ်ကို ပိုင်ဆိုင်အောင် လုပ်ဆောင်နိုင်ကြပါစေ။ ဟိ။ ကျွန်တော်ကတော့ ရွှေမြို့တော်လေးကို စွဲလန်းနေမိပြီဗျ။ ညီ ပြောသလို အစွဲအလန်းမထားမိဘို့တော့ ကြိုးစားရအုံးမှာပေါ့။ သယ်ချင်းအားလုံး အစွဲအလန်း ကင်းကင်းနဲ့ (သို့) အစွဲအလန်း ပါးပါးနဲ့ ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ---


အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း

( ဒီဆောင်းပါးလေးကို သူငယ်ချင်းတစ်ယောက်အတွက် ခင်မင်မှု့ လက်ဆောင် သက်သေ အဖြစ် ရေးသားပါသည်)။