Sunday, February 24, 2013

နောင်တ ရှိုက်သံ (စာရေးသူ- စံလင်း)

“မောင်မောင်၊ ကျော်ဆွေရဲ့ အဖေဆုံးတာ သိပြီးပြီလား”
“ဗျာ၊ ဟုတ်လား၊ ကျွန်တော် မသိသေးဘူး ဦး၊ ဘယ်တုန်းက ဆုံးတာလဲ”၊
“မနေ့ကပဲ၊ ငါးရက် ထားမယ်တဲ့၊ မင်း သွားလိုက်ပါအုံးလား”၊
ဟုတ်၊ ကျွန်တော် သွားလိုက်ပါ့မယ်၊ တကယ်ကို မသိတာပါ၊ ကျေးဇူးနော် ဦး”၊
ဦးလေးတင့် ပြောမှ သိရသည်။ ကျော်ဆွေ ဆိုတာ ကျွန်တော့်ဆရာလေ။ မြို့တစ်မြို့မှာ တစ်နေရာတည်း အတူတူ နေခဲ့ဘူးတဲ့ ဆရာ။ သူ့လက်အောက်ငယ်သားတွေ အတွက် များစွာ အကျိုးဆောင်ရွက်ပေးခဲ့တဲ့ဆရာ။ ကူညီပေးခဲ့တဲ့ ဆရာ။ တပည့်တွေကို တန်းတူညီတူ သဘောထားဆက်ဆံတတ်တဲ့ ဆရာ။ လူချစ်လူခင် အရမ်းပေါတဲ့ဆရာ။ တစ်ခါကပေါ့။ ကျွန်တော်က အမှန်တရားကို လုပ်ပါလျှက်နဲ့ အပြစ်ပြောခံခဲ့ရတယ်။ မကျေနပ်လို့ ပေါက်ကွဲပြလိုက်ပြန်တော့လည်း အဲလို ပေါက်ကွဲပြရမလားဆိုပြီး အပြစ်ထပ်ဖြစ်ပြန်တယ်။ အပြစ်တွေ လုံးချာလိုက်နေတဲ့ ကျွန်တော့်ကို ဆရာကျော်ဆွေက အစစအရာရာ တာဝန်ယူ ကူညီဖြေရှင်းပေးခဲ့တယ်။ ပြီးတော့ လောကလူတွေနဲ့ နေထိုင်ရတဲ့အခါ နေတတ် ထိုင်တတ် ပြောတတ် ဆိုတတ်ဘို့ သင်ပေးခဲ့တဲ့ ဆရာ။ တွေ့ဆုံကြပြီး ကွဲသွားကြတဲ့ နှစ်တွေလည်း မနည်းတော့ဘူး။ အဆက်အသွယ်ရှိပေမဲ့ မဆုံဖြစ်ခဲ့။ ဆရာရဲ့ ကူညီမှု့ သွန်သင်ဆုံးမမှု့တွေက ကျွန်တော့်အပေါ်မှာ လွန်စွာ ကျေးဇူးကြီးလှသည်။ ဒါကြောင့် ဆရာ့ဆီကို အမြန်ဆုံးရောက်အောင် သွားဖြစ်ခဲ့သည်။ ဆရာက ပဲခူးတိုင်း၊ --- မြို့နယ်မှာ နေတာလေ။

မတွေ့ရတာ ကြာပြီဖြစ်တဲ့ ဆရာ။ ကျွန်တော့်ကို မှတ်မိအုံးမလား။ ကျွန်တော့်ကိုတွေ့ရင်ရော အရင်လိုပဲ သွန်သွင်ဆုံးမ အုံးမလား။ ကျွန်တော့်ပုံစံကို မြင်ရင် အံ့သြ၀မ်းသာနေမလား။ ဆရာ့အကြောင်းများကို တွေးရင်းနဲ့ပေါ့။ ကျွန်တော်ရောက်သွားတော့ ဆရာက အံ့သြမှု့တွေနဲ့ ကြည့်နေခဲ့တာပါ။ ဆရာ့ခြေအစုံကို လက်တင်ပြီး ကန်တော့လိုက်တယ်။ မျက်ရည်စလေးတွေနဲ့ ဆရာ။ ဘာကြောင့်ပါလဲ။ ကျွန်တော့်ကြောင့်တော့ မဖြစ်နိုင်ပါဘူး။ သူ့အဖေအတွက်ပဲ ဖြစ်မှာပါလေ။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့တယ်ဆိုရင်လည်း အရင်က ပုံစံနဲ့ တော်တော်လေး ကွာခြားသွားတဲ့အတွက် ၀မ်းသာပီတိမျက်ရည်ပဲ ဖြစ်ပါစေ။ ဘာကြောင့်လဲလို့ ဆရာ့ကို မေးကြည့်တော့ “ငါ အဖေ့ကို မင်းကန်တော့သလို ကန်တော့လည်း ငါ့ကို ဘာမှ မတုန့်ပြန်နိုင်တော့ဘူးကွ” လို့ ၀မ်းနည်းသံလေးနဲ့ ပြောနေတဲ့ ဆရာ။ ကျွန်တော်တောင် မျက်ရည်ဝဲချင်လာပြီ။ ဆရာ့အိမ်မှာပဲ ကျွန်တော်နေလိုက်သည်။ ကူညီ လုပ်ပေးစရာရှိတာ လုပ်ပေးနိုင်တာ အကုန်လုပ်ပေးခဲ့သည်။ ငွေကြေး အကူညီ လုံးဝမလိုခဲ့။ ဆရာတို့က ပစ္စည်းဥစ္စာ ငွေကြေး ပြည့်စုံသည်။ ဆရာ့အဖေရဲ့ နောက်ဆုံးခရီးကို ပို့ကြတဲ့အခါ ကျွန်တော် မသိသေးတဲ့ဆရာ့အကြောင်း တစ်စိတ်တစ်ဒေသကို သိခဲ့ရသည်။ စိတ်မကောင်းလိုက်တာ ဆရာရယ်။

“သား ကျော်ဆွေ ၊ မင့်ညီမလေးကို သွားကြည့်လိုက်ပါအုံးကွာ၊ လိုအပ်တာ ရှိရင်လည်း ကူညီလိုက်ပါအုံး၊ အဖေ မသွားနိုင်လို့ပါ၊ အဖေ့ကိုယ်စား သွားပေးပါ သားရယ်”။ ဦးငြိမ်းရဲ့ စကားသံပါ။ သမီးဝင်းဝင်းက လေးယောက်မြောက်ကလေးကို ဗိုက်ခွဲမွေးဘို့ နာမည်ကြီးဆေးရုံတစ်ခုကို ရောက်နေတာလေ။ အရင်သုံးယောက်ကိုလည်း ဗိုက်ခွဲမွေးခဲ့တာ။ ဒါကြောင့် ခုတစ်ခါမွေးမယ့်ကိစ္စမှာ စိတ်ပူရတယ်။ စိုးရိမ်ရတယ်။ ဖခင်ဖြစ်တော့ မနေသာ။ သွားချင်သည်။ သမီးအတွက် စိတ်မချ။ ဒါကြောင့် သားကို သူ့ကိုယ်စား သွားဘို့ ပြောရသည်။ အိမ်ကို မလာတော့တဲ့ သားကို ခေါ်ပြောရသည်။

ဦးငြိမ်းမှာ သားကျော်ဆွေနဲ့ သမီးဝင်းဝင်း ရှိသည်။ ဇနီး ခင်ဆွေဝင်း ဆုံးသွားပြီးတဲ့နောက် သားနဲ့ သမီးကို ရသင့်ရထိုက်တဲ့ အမွေများ ခွဲပေးခဲ့သည်။ သားကျော်ဆွေရဲ့ဇနီး တင်တင်ထိုက်နဲ့ ၀င်းဝင်းနဲ့က မတည့်ကြ။ သူတို့ နှစ်ယောက်ရဲ့ မတည့်မှု့က ကျော်ဆွေနဲ့ ၀င်းဝင်းဆိုတဲ့ မောင်နှမနှစ်ယောက်ထိ ဂယက်ရိုက်သွားခဲ့သည်။ အဲဒီနောက်တော့ မိဘအိမ်က အပြီးဆင်းသွားခဲ့သည်။ သူ့အိမ်သူ့ခြံ သူ့စီးပွား သူ့လုပ်ငန်းနဲ့ အဆင်ပြေနေတဲ့ ကျော်ဆွေတို့ မိသားစုက ၀င်းဝင်းရှိတဲ့ မိဘအိမ်ကို ယောင်လို့တောင် မသွားခဲ့။ မရောက်ခဲ့။ ၀င်းဝင်းလည်း အိမ်ထောင်ကြပြီး မိဘအိမ်မှာ နေခဲ့သည်။ မင်္ဂလာဆောင်တော့ အစ်ကိုကျော်ဆွေတို့ မိသားစုကို မဖိတ်။ ကျော်ဆွေတို့မိသားစုလည်း မသွားခဲ့။ အဲလောက်ထိ တင်းမာခဲ့ကြသည်။ ကျော်ဆွေတို့ရခဲ့တဲ့ မိဘအမွေ ရွှေဆိုင်နဲ့ အခြားလုပ်ငန်းများက အောင်မြင်သထက် အောင်မြင်လာသည်။ ဒါပေမဲ့ ၀င်းဝင်းရဲ့ လုပ်ငန်းတွေကတော့ ကျသထက် ကျသွားသည်။ ငွေရှုံး ငွေနဲ့လိုက် ဆိုတဲ့အတိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ပါပါ သွားခဲ့သည်။ အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ သမီးကို ဖခင်ဖြစ်သူ ဦးငြိမ်းက လက်ပိုက်ကြည့်မနေနိုင်။ မိဘမေတ္တာ ကင်းသူ မဟုတ်။ ဒါကြောင့် အိုစာ မင်းစာ ချန်ထားတဲ့ သစ်စက်ကို ပေးလိုက်သည်။ သစ်စက်ရနေပေမဲ့ လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဘို့ အရင်းအနှီးက လိုနေသေးသည်။ အသက်အရွယ်အရ သိပ်မနေရတော့မယ့် ဦးငြိမ်းက သမီးဘ၀ အဆင်ပြေစေဘို့အတွက် ဆီစက်ပါ ထပ်ပေးလိုက်သည်။ အိုစာ မင်းစာ အဖြစ် ချန်ထားတဲ့ သစ်စက်နဲ့ ဆီစက်က သားနဲ့ သမီးအတွက်ဖြစ်သည်။ သူဆုံးလျှင် တစ်ယောက်တစ်ခုစီ ခွဲဝေပေးခဲ့မှာ ဖြစ်သည်။ သို့သော်လည်း လောလောဆယ်အခြေအနေအရ သမီးကိုပဲ ပေးလိုက်သည်။ သားကျော်ဆွေအတွက် ပူစရာမလို။ သူ့လုပ်ငန်းတွေ အဆင်ပြေနေသည်ပဲ။ သမီးကိုပေးလိုက်တဲ့ အကြောင်းကို သားကို မတိုင်ပင်။ မပြောခဲ့။ ပြောခဲ့ တိုင်ပင်ခဲ့လျှင်လည်း သားက လက်ခံချင်မှ လက်ခံမည်။ လက်မခံလျှင် သမီးအတွက် စိတ်မအေးရ။ ထို့ကြောင့် မတိုင်ပင်ပဲ ပေးလိုက်သည်။ လူသတင်းလူချင်းဆောင် ဆိုသလိုပါပဲ။ ကြာတော့လည်း သိလာရသည်။ အဲဒီကိစ္စနဲ့လည်း အကြီးအကျယ် စကားများကြသည်။

ဦးငြိမ်းကိုတိုင်က မြို့မှာ ရပ်မိရပ်ဖ။ နေတာကလည်း ဘုရားနဲ့ တရားနဲ့။ အလှူဒါနလုပ်လိုက်ထားတာကလည်း အများကြီးပဲ။ ဦးငြိမ်းဆိုရင် မြို့ပေါ်က လူအများစုက သိသည်။ ဦးငြိမ်းဆုံးတော့ အားလုံးက ဦးငြိမ်းလို ပုဂ္ဂိုလ်မျိုးဟာ နတ်ပြည်ကို ရောက်မယ့်လူမျိုး ဘာမျိုး ညာမျိုးဆိုပြီး အမွှမ်းတင်ကြသည်။တကယ်တော့ ဦးငြိမ်းက အရက်သောက်များပြီး ဆုံးသွားခြင်းဖြစ်သည်။ သားကို သမီးဆီသွားကြည့်ဘို့ ပြောသည်။ ဒါပေမဲ့ သားက လက် မခံ။ မ နာခံ။ မလိုက်နာခဲ့။ နားမထောင်ခဲ့။ မသွားဘူး- ဆိုတဲ့ စကားနဲ့ ပြန်လာခဲ့သည်။ သမီးကို စိတ်ပူတာရော သားကို ပြောမရလို့ စိတ်ညစ်တာရော သူ့စကားကို အလေးမထားလို့ စိတ်မကောင်း ဖြစ်တာရောကြောင့် ဖြစ်ချင်ရာ ဖြစ်ဆိုပြီး စိတ်ညစ်ညစ်နဲ့ အရက်သောက်ပစ် လိုက်သည်။ တစ်ကြိမ်တစ်ခါမှ မသောက်ဘူးခဲ့တဲ့ ဦးငြိမ်း။ စိတ်ညစ်ညစ်နဲ့ မလွန်အကျွံ သောက်ပစ်ခဲ့သည်။ ဦးငြိမ်းသည် တရားလုပ်ပေမဲ့ သောကရဲ့ နှိပ်စက်မှု့ကို မခံနိုင်ခဲ့။ သောကရဲ့ နှိပ်စက်မှု့ကို အောင်နိုင်လောက်တဲ့ တရားအဆင့်အတန်းလည်း မရှိခဲ့။ ဒါကြောင့် မိုက်မိုက်မဲမဲ အရက်ကို သောက်ပစ်ခဲ့သည်။ အဲဒီရက်ပိုင်းက အအေးလိုင်းဖြတ်နေသည့်အတွက် အရမ်းကို အေးပါသည်။ အိမ်အပေါ်ထပ် ၀ရံတာမှာ ဘာမှ မသိအောင်သောက်ခဲ့တဲ့ ဦးငြိမ်း မနက်လင်းတော့ တောင့်နေပါပြီ။ နံနက်စာ စားဘို့ ခြံစောင့်အလုပ်သမားက သွားခေါ်မှ သိရသည်။ သားကျော်ဆွေက သူ့အဖေအတွက် နာမည်ပျက်မှာ စိုးတာကြောင့် မည်သူ့ကိုမျှ အသိမပေးခဲ့။ ဦးငြိမ်းအသက်က ၇၆ -နှစ်။ သုသာန်မှာ တရားဟော လှူဖွယ်ကပ်လှူပြီး အမျှ ပေးဝေကြသည်။ ဆရာ ကျွန်တော့်ဆရာ။ သုသာန်မှာ ရောက်ကတည်းက တလှုပ်လှုပ် တသိမ့်သိမ့်နဲ့ ကြိတ်ပြီး ငိုနေခဲ့သည်။ အသံ မထွက် ။ ပါးစပ်လေး ဟ- လာလိုက်။ အသက်ကို ပြင်းပြင်းရှူလိုက်။ မျက်ရည်တွေက ဝေါ ခနဲ ကျလာလိုက်။ ဆရာ့ဇနီးနဲ့ ဆရာ့သားသမီးတွေကတော့ မငိုကြ။ ဘုန်းဘုန်းတွေလည်း တရားဟော ရေစက်ချ အမျှဝေပြီး ပြန်ကြွသွားကြသည်။ ပရိသတ်လူတွေကလည်း မီးသဂြိုဟ်မည့်နေရာကို သွားကြသည်။ ဦးငြိမ်းရဲ့ ရုပ်ကလာပ်ကို နောက်ဆုံးအနေနဲ့ ကြည့်နေကြသည်။ ဆရာကတော့ လက်နှစ်ဘက်ကို ရှေ့မှာချပြီး ခေါင်းကို ငိုက်စိုက်ကျလျှက် တသိမ့်သိမ့်ငိုနေတုန်း။ မျက်ရည်တွေကလည်း တလိမ့်လိမ့် စီးကျနေတုန်းပါပဲ။ ကျွန်တော်လည်း မနေနိုင်။ ဆရာ့အတွက် ၀မ်းနည်းမိသည်။ ဖြစ်မှဖြစ်ရလေ ဆရာရယ်လို့ တွေးမိတိုင်း မျက်ရည်က ဝေ့တက်လာသည်။ ဆရာ့ရှေ့မှာ ချထားတဲ့ ဦးငြိမ်းကို ခေါ်ထားတဲ့ သစ်ကိုင်းကို အသာလေး ယူပြီး သုသာန်ဘေးက သစ်ပင်မှာ တင်ထားလိုက်သည်။ အမှန်တော့ ကျွန်တော့်ငိုတာကို သိမှာ စိုးလို့ ခဏထွက်သွားတဲ့ သဘောပါ။ ဆရာ့ကို ကြည့်ရင်း ကြည့်ရင်းနဲ့ သြော် ဆရာ နောင်တရနေတာဖြစ်မယ်- လို့ ကျွန်တော်တွေးမိလိုက်သည်။ “ဖြစ်မှဖြစ်ရလေ အဖေရယ်။ အဖေ့ကို မုန်းလို့ မဟုတ်ပါဘူး။ အဖေ့စကားကို နားမထောင်တာ အဖေ့ကို မုန်းလို့ မဟုတ်ပါဘူး” ဆိုတဲ့ အသံတွေ ဆရာ့ရင်ထဲမှာ ဆူညံ နေပေလိမ့်မည်။ “ အဖေ အဲလောက် ခံစား သွားရမယ်မှန်းသိရင် သားမလုပ်ခဲ့ပါဘူးအဖေရယ်။ အဖေ့စကားကို သား နားထောင်ခဲ့မှာပါ”လို့ နောင်တစကားတွေ ပြောနေပေလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ်ပါလေ။ မိဘကို ကျေးဇူးဆပ်ချင်တယ်ဆိုရင် သက်ရှိထင်ရှားရှိတုန်း ဆပ်ကြပါနော်။ မိဘကို ပစ်မှားမိလို့ ရလိုက်တဲ့ နောင်တက တစ်ခြားနောင်တတွေနဲ့ မတူနိုင်ဘူးဆိုတာကို ယုံစေချင်ပါတယ်။ နောင်တရခဲ့မယ်ဆိုတောင် မိဘစကားကို နားမထောင်လို့ မိဘကို ပစ်မှားမိလို့ ရတဲ့ နောင်တ မဖြစ်ကြပါစေနော်။ ဖြစ်နိုင်ရင်တော့ နောင်တ မရအောင် နေနိုင်တာ အကောင်းဆုံးပါပဲ။ နောင်တအပူ ကင်းကြပါစေ။ နောင်တ ရှိုက်သံများ ကင်းကြပါစေလို့--

ဆန္ဒမွန်ဖြင့်
အားလုံးကို
ခင်တဲ့
စံလင်း

တန်ဘိုးသိပါ (စာရေးသူ- စံလင်း)

1-28-2013 နေ့။  မနက်အစောကြီး ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်သည်။ ( --) ဆေးခန်းက ဆက်တာပါတဲ့။ ကျွန်တော့်သူငယ်ချင်း ကျော်စိုး။ အကြောင်းစုံ မေးကြည့်တော့ သူ့ဆရာတစ်ယောက် သွေးအန်ပြီး အသည်းအသန်ဖြစ်လို့တဲ့။ လာပေးနိုင်မယ်ဆိုရင် လာစေခြင်ကြောင်း ပြောတာပါတဲ့။ အသည်းအသန်ဖြစ်လို့ ဆိုတာနဲ့ မြန်မြန်ထ မျက်နှာသစ် သွားတိုက်ပြီး ထွက်လာခဲ့သည်။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ ကျော်စိုး အကြောင်းများကို တွေးရင်း ဆိုင်ကယ်ကို အပြင်းမောင်းလာခဲ့တာ အေးမှန်းတောင် သတိ မထားမိလိုက်ဘူး။ အရမ်းအရေးကြီးနေ မလားလို့ တွေးမိပြီး ဘယ်မှလည်း မ၀င်, ဘာမှလည်း စား မနေတော့။ ဆေးခန်းကိုပဲ ဦးတည်ခဲ့သည်။ ဆေးခန်းရောက်တော့ ကျော်စိုးကိုရော သူ့ဆရာကိုရော အခြေအနေကြည့်လိုက်သည်။ အခြေအနေကောင်းသဖြင့် အားရှိသွားသည်။ ကျွန်တော့်ကိုမြင်တော့ ၀မ်းသာအားရ ကျေနပ်နေပုံပါပဲ။  ပြီးတော့ ရောဂါအခြေအနေ ဖြစ်ပုံ ဟိုရောက် ဒီရောက် မေးဖြစ် ပြောဖြစ်ကြသည်။ သိလို့တော့ မဟုတ်ဘူး။ လောက၀တ်အရပေါ့။ ဘာရောဂါလည်းဆိုတာကိုတော့ မသိရသေးပါဘူး။ ခဏကြာတော့ ဆရာမတစ်ယောက်က “ လူနာအတွက် သွေးလိုမယ်နော်။ သွေး ရှာထားပြီးပြီလား။ ရှာထားပြီးရင် သွေးဖောက်လို့ ရပါပြီ ” လို့ ပြောသွားသည်။ ရှာပြီးပြီလား- လို့  မေးလိုက်တော့ မရှာရသေးဘူး- တဲ့။ ဘာသွေးလည်း-   မေးလိုက်တော့ ( o ) သွေး- တဲ့။ ကွက်တိပဲ ကျွန်တော်လည်း အိုသွေးလေ။ သွေးလှူဘို့ ကိုယ့်အနေအထားကို ကြည့်လိုက်တော့ အိပ်ပျက်ထားတာ နှစ်ညရှိပြီ။ ခရီးသွားနေလို့  မြို့တော်က ပို့ထားတဲ့ ပို့စ်တွေ မဖတ်ရတာ တော်တော်များနေခဲ့တာ။ ပြန်ရောက်တော့ အဲဒါတွေကို ညတိုင်း အချိန်တော်တော်ပေးပြီး ဖတ်ခဲ့တာပါ။ အဒါကြောင့် အိပ်ပျက်ခဲ့တာလေ။ သွေးမပြည့်မှာ စိုးလို့ ရေများများ သောက်ပစ်လိုက်သည်။ ပြီးတော့ ကျော်စိုးဝယ်ထားတဲ့ နန်းကြီးသုတ် တစ်ပွဲ စားလိုက်သည်။ ပြီးတော့ သွေးလှူဘို့ သူငယ်ချင်းနှစ်ယောက် အောက်ထပ်ကို ဆင်းခဲ့ကြသည်။

ဆရာမ --                    သွေးလှူ မလို့လား
ကျွန်တော်--                 ဟုတ်
ဆရာမ--                     ဘယ်အခန်း အတွက်လဲ
ကျွန်တော်--                 အခန်း ( -- ) အတွက်ပါ
ဆရာမ --                    နာမည်ပြောပါအုံး
ကျွန်တော် --                စံလင်းပါ
ဆရာမ--                     သွေးလှူ ဘူးလား
ကျွန်တော် --                ဟုတ်၊ လှူဘူးပါတယ်။
ဆရာမ--                     ဘယ်နှစ်ကြိမ် ရှိပြီလဲ
ကျွန်တော်--                 ဆယ်ကြိမ် ရှိပြီ
ဆရာမ--                     သွေးက
ကျွန်တော်--                  အိုသွေး
ဆရာမ--                      သွေးစစ်ပြီးပြီလား
ကျွန်တော်--                 ဘာအတွက်လဲ
ဆရာမ--                     လူနာအတွက်ပါ။
ကျွန်တော်သိလိုက်ပါသည်။ ကျွန်တော့်ကို မယုံတဲ့ သဘောလို့။ ဟိ။ ဒါနဲ့ သွေးစစ်ဘို့ သွေးစစ်ခန်းကို သွားလိုက်သည်။ သွေးဖောက်ယူပြီး မိနစ် (၂၀) လောက်မှာ အဖြေ ရပါသည်။ ဘာရောဂါမှ မရှိပါ။ သွေးလှူလို့ ရပါပြီ တဲ့။ ဒါနဲ့ သွေးဖောက်မည့်အခန်းကို သွားလိုက်သည်။ အခန်းရောက်တယ်ဆိုရင်ပဲ အခန်းထဲမှာ ငိုသံတွေ ကြားနေရသည်။ အခြေအနေကို သေချာကြည့်လိုက်တော့ မွတ်ကုလားတွေ။ အများကြီးပဲ။ အပြင်မှာလည်း ဟောတစ်စီး ဟောတစ်စီး ရောက်လာကြတဲ့ ကားတွေ။ ဖုန်းသံတွေ ဆူညံလို့။ သူတို့ ပြောနေကြတဲ့ အသံတွေကလည်း ဆူညံလို့ပဲ။ ၀မ်းနည်းနေတဲ့ မျက်နှာ ငိုနေတဲ့ မျက်နှာတွေ ပုံစံအစုံ ပါပဲ။ အသိုင်းအ၀န်းတော်တော် ကြီးကြီးထဲက ထင်ပါရဲ့။ လူနာက ဆုံးသွားခဲ့ပါပြီ။ ဆေးရုံမရောက်ခင် ကတည်းက ဆုံးနေတာလို့ တာဝန်ရှိတဲ့ ဆရာဝန်က ပြောပြတာကိုလည်း ကြားလိုက်ရသည်။ သူတို့ရဲ့ လှုပ်ရှားမှု့ အားလုံးကို မြင်နေရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်သွေးကို ဖောက်နေစဉ် မြတ်ဗုဒ္ဓရဲ့ ဒါနပါရမီအကြောင်းများကို အာရုံပြုနေလိုက်သည်။ သွေးဖောက်ပြီး အခန်းပြန်သွားလိုက်သည်။ ပြီးတော့ လူနာအနားမှာ အားပေးစကားပြောရင်း ခဏထိုင်နေလိုက်သည်။ ပြီးတော့ အနားယူဘို့ အိမ်ပြန်လာခဲ့သည်။ ငါ့သွေးနဲ့ အဆင်ပြေ နေကောင်းပါစေလို့ စိတ်ထဲမှာ ဆုတောင်းလျှက်။ ဆေးခန်းက ပြန်လာတဲ့ ကျွန်တော့်ရင်ထဲမှာ “ဖန်ဆင်းခြင်း” ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး တော်တော်လေး အတွေးနယ်ချဲ့ နေမိသည်။ ဒီပို့စ်မှာ ကျွန်တော်တွေးမိပုံကို သူငယ်ချင်းတို့အား ချပြရုံ သက်သက်ပါ။

 “ သလ္လာအရှင်မြတ်ဟူသော ဘုရားသခင်သည် ဘာကြောင့် လူတွေကို ငိုအောင် လုပ်ပါသနည်း? ။ သူ့အလိုတိုင်း လိုက်ခဲ့တဲ့သူတွေကရော ကြည်ကြည်ဖြူဖြူ ပျော်ပျော်ရွှင်ရွှင် လိုက်ခဲ့ကြတာ ဟုတ်ပါရဲ့လား? ။ ကျန်ရစ်ခဲ့တဲ့ သူတွေ ပူဆွေးသောကရောက်နေတာကိုရော သူက ပြုံးပြုံးကြီး ကြည့်နေရက်တဲ့ နှလုံးသား ရှိပါသလား? ။ သူကိုယ်တိုင် ဖန်ဆင်းထားတဲ့ လူတွေကို ဘာကြောင့် မပျော်ရွှင်စေချင်တာလဲ? ။ သူကိုယ်တိုင်ဖန်ဆင်းပြီး သူကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့ သဘောလား? ။ ငါဖန်ဆင်းထားတဲ့ လူတွေပဲ၊ ငါလုပ်ချင်သလိုလုပ်မယ်ဆိုတဲ့ စိတ်ထား ရှိနေလို့လား၊ တစ်ပါးသူကို ငဲ့ညှာသနားတတ်တဲ့ စိတ် မရှိလို့လား? ။ ဒါမှ မဟုတ် သူဟာမြင့်မြတ်တဲ့စိတ် သနားကြင်နာတတ်တဲ့စိတ် မရှိလို့လား? ၊ ဒါမှ မဟုတ် သူဖန်ဆင်းထားတဲ့ သူတွေ မဟုတ်လို့ ဒီလို လုပ်ရက်တာလား?  ” စသည် စသည်ဖြင့် ကျွန်တော် တွေးနေမိသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ပုထုဇဉ်မှန်ရင် သေရမှာတော့ ကြောက်ကြသူတွေချည်းပါပဲ။ ဘာကြောင့် ကြောက်ကြတာလဲ။ ဒါကို စဉ်းစားဘို့တော့ လိုသည်။ ဘုရားသခင်ကို ကိုယ်းကွယ်ယုံနဲ့ ဘုရားသခင်ကို အရိုသေပေးရုံနဲ့ အပြစ်တွေက ကြေသည် ပျောက်သည် ဆိုတဲ့စကား မှန်ကန်ခဲ့မယ်ဆိုလျှင် ဘယ်မှာ ကြောက်စရာ ၀မ်းနည်းစရာ နှမျောစရာ ရှိမည်နည်း။ မြင့်မြတ်တဲ့ ဘုရားသခင်နဲ့ အတူတူ နေလိုက်ရုံပေါ့။ ခုတော့ ဒီလိုမဟုတ်။ မြင့်မြတ်တဲ့ ဘုရားသခင်နဲ့ နေရမှာကို ကြောက်နေကြသလိုပဲ။ သေရမှာ ကြောက်တတ်တဲ့ သူဟာ ဆင်းရဲတဲ့ဘ၀ ကြီးမှားတဲ့ ဒုက္ခတွေနဲ့ တွေ့ရ ကြုံရ ဆုံရမှာကြောင့် ကြောက်ကြတာပါ။ ဥပမာပေါ့။ သေပြီး နတ်ပြည်ရောက်မည့်သူဟာ ဘာကြောင့် သေရမှာကို ကြောက်လန့်နေမည်နည်း။ လူပြည်ကတိုင် မြန်မြန်တောင် သေချင်ပေဦးမည်။ နတ်ပြည်က လူ့ပြည်ထက် ပိုပြီး သာယာ ပြည့်စုံနေလို့လေ။ သေပြီး ပြိတ္တာ(သို့) တိရစ္ဆာန် (သို့) ငရဲ တစ်ခုခုကို ရောက်မည့်သူကတော့ သေရမှာကို အရမ်းကြောက်လန့်နေမှာ အမှန်ပါပဲ။ အဲဒီဘ၀တွေက ခုလက်ရှိ လူ့ဘ၀ထက် ဆိုးရွား ဆင်းရဲ လွန်းလို့လေ။ သေရမှာ လုံးဝမကြောက်တတ်တဲ့ လူတွေရှိပါတယ်။ အဲဒါကတော့ နိဗ္ဗာန်သေချာနေပြီးဖြစ်တဲ့ ရဟန္တာပုဂ္ဂိုလ်များပါပဲ။  ရဟန္တာမဟုတ်သော်လည်း သောတာပန် - စ တဲ့အရိယာသူတော်စင်များ,  ပုထုဇဉ်ဖြစ်သော်လည်း သီလလုံခြုံသူများဟာ သေရမှာကို ကြောက်လန့် တွန့်ဆုတ် မနေကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း နိမ့်ကျဆင်းရဲတဲ့ ဘ၀တွေကို မရောက်နိုင်တဲ့ အတွက်ကြောင့်ပါ။ အကြောက်တရားဟာ အနာဂါမ်ဖြစ်မှ ကုန်တာ ကင်းတာလို့ မှတ်သားဖူးပါတယ်။ ကျွန်တော်ပြောချင်တဲ့ အချက်က ဖန်ဆင်းခံလူသားများရဲ့ အပြစ်တွေကို ဖန်ဆင်းတဲ့ ဘုရားသခင်က တာဝန်ယူတယ်ဆိုတာ ဟုတ်/ မဟုတ်၊  ဖြစ်နိုင်/ မဖြစ်နိုင် စဉ်းစားစေချင်တာပါ။ ဥပမာပေါ့- သူတို့ဘာသာဝင်တစ်ယောက်က လူသတ်မှု့ ကျူးလွန်းသွားတယ်။ အဲဒီပြစ်မှု့အတွက် ပြစ်ဒဏ်ကို ဘုရားသခင်က ကိုယ်စားဝင်ခံ ပေးပါသလား၊ တာဝန် ယူပေးပါသလား?။ ပြစ်မှု့အတိုင်း ထောင်ကျသွားတယ်ဆိုရင်ရော အဲဒီလိုထောင်ကျနေရတာဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲလား?။ ဒီလိုဆိုရင် တော်တော်လေးကို သနားညှာတာမှု့, ငဲ့ညှာထောက်ထားမှု့, စာနာမှု့ မေတ္တာတရား အကြင်နာတရား ကင်းမဲ့တာပဲ။ သာမာန်လူတစ်ယောက်တောင် ထားနိုင်တဲ့ စိတ်ဓာတ်မျိုးကို  ဘုရာသခင်လို ပုဂ္ဂိုလ်မျိုးမှာ ဘာကြောင့် မရှိရတာလဲ?။ စဉ်းစား စရာပဲနော်။  ပြီးတော့ အပြစ်တရားတိုင်းကို တာဝန်ယူတယ်ဆိုရင် ဘာကြောင့် ငိုကြ ကြောက်ကြ ထိတ်လန့်ကြတာလဲ? ဆိုတာကိုလည်း စဉ်းစားစေချင်တာပါ။ အရာရာတိုင်းကို ဖန်ဆင်းထားတယ်ဆိုတဲ့ စကားဟာ သင့်/ မသင့် ချင့်ချိန်စေချင်တာပါ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ဖန်ဆင်းရှင်ဟာ ဘယ်သူလဲလို့မေးလာရင် မိဘနှစ်ပါးလို့ပဲ ဖြေမိမှာပါ။ လူတစ်ယောက်ဖြစ်လာဘို့ အထောက်အပံ့ အကြောင်းကံ တရားကတော့ ရှိရမှာပေါ့နော်။ အရာရာတိုင်းဟာ ဖန်ဆင်းတာမဟုတ်ပဲ ကံတရားအတိုင်းဆိုရင်တော့ မကောင်းတဲ့ကံကို ပြုလုပ်သူက ကြောက်လန့်ပြီး ကောင်းတဲ့ကံကို ပြုလုပ်သူက မကြောက် မလန့်  နေရုံပဲပေါ့။ အမှန်တကယ် ဖန်ဆင်းပေးနိုင်ရင် လူနာကို ဆေးခန်းဘာလို့ ခေါ်လာသလဲ? - လို့ မဆီမဆိုင် တွေးမိ လိုက်သေးသည်။ ခုထိ သူတို့ဘုရားသခင်ဟာ အသက်ရှင်သန်နေတုန်းပဲလေ။ လူနာကို နေကောင်း ကျန်းမာအောင် ဖန်ဆင်းပေးနိုင်တာက ဘုရားမဟုတ် ဆရာဝန်သာ ဖြစ်သည်ဆိုတာကိုရော လက်ခံနိုင်ကြပါ့မလား မသိဘူးနော်။

ဗုဒ္ဓဘာသာဆိုတာ ဥာဏ်ပညာကို ဦးစားပေးပြီး အကျင့်သီလ, တည်ငြိမ်မှု့ သမာဓိတွေနဲ့ အေးချမ်းတဲ့ဘ၀ မြင့်မြတ်တဲ့ဘ၀ကို တည်ဆောက်တတ်ဘို့ ညွှန်ပြပေးတဲ့ ဘာသာပါ။ သူများကို စော်ကားဘို့ အနိုင်ကျင့်ဘို့ ရန်ရှာဘို့ ရန်စဘို့ သွန်သင်ပေးတဲ့ ဘာသာမဟုတ်ဘူး။ မြင့်မြတ်သူတို့သာ ယုံကြည်ကိုးကွယ် လိုက်နာနိုင်တဲ့ အဆုံးအမတွေနဲ့ စီခြယ်ထားတဲ့ ဘာသာပါ။ မြတ်ဗုဒ္ဓက အရာရာတိုင်းကို မှန်လား မှားလား အကျိုးရှိလား မရှိဘူးလား စသည်စသည်ကို ဥာဏ်နဲ့ အရင်ဆုံး ဆင်ခြင်စဉ်းစားပါတယ်။ ပြီးရင် အမှန်အတိုင်းဖြစ်အောင် ဆုံးဖြတ်ပါတယ်။ အဲဒီလို ဥာဏ်နဲ့ အရင်သိပြီး ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်ပြီးမှ အရိုးကြေကြေ အရေခန်းခန်း အသွေးခြောက်ခြောက် ဆိုတဲ့ မြင့်မားတဲ့ ၀ီရိယနဲ့ လုလ္လပြု အားထုတ်ခဲ့တဲ့ သူပါ။ သူက ဘာသာရေးခေါင်းဆောင် တစ်ယောက်ဖြစ်ချင်လို့ ဘာသာတစ်ခု တည်ထောင်ထားခဲ့တာလည်း မဟုတ်ပါဘူး။ သူသိထားတဲ့ မြင့်မြတ်အေးချမ်းတဲ့ အရသာကို ကမ္ဘာသူ ကမ္ဘာသား လူအများကို သိစေချင်တဲ့ ရရှိခံစားစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ လှည့်လည်ဟောပြော ပို့ချပေးခဲ့တာပါ။ လိုက်နာလိုက လိုက်နာ၊ မလိုက်နာလိုကလည်း အပြစ်ပြောခြင်း အပြစ်ပေးခြင်း အပြစ်မြင်ခြင်းမျိုး မပြု။ အမှန်တရားကို သိအောင် မြင်အောင် ပြောပြနိုင်သမျှ ဟောပြနိုင်သမျှ ဘယ်လိုပုဂ္ဂိုလ်မျိုး မဆို ပြောပြခဲ့ ဟောပြခဲ့ နည်းလမ်း ပေးခဲ့တာပါ။ ကိုယ်ကိုယ်တိုင် တကယ့်ကျင့်ပြီး တကယ်သိတဲ့အရာကိုပဲ တိတိကျကျ ဟောပြ ပြောပြခဲ့တာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ လေးလေးနက်နက် မှန်မှန်ကန်ကန် ခိုင်ခိုင်မာမာ ရပ်တည်နေတာပေါ့။ သူငယ်ချင်းတို့ရေ ဗုဒ္ဓဘာသာဆိုတာ ငွေနဲ့ ပေးဝယ်လို့ ရတဲ့အရာ မဟုတ်ဘူး၊ ဥာဏ်နဲ့ ရင်းမှ ရတဲ့အရာဆိုတာကို သိစေချင်ပါတယ်။ ဥာဏ်ပညာ မရှိသူ မစဉ်းစား မတွေးခေါ်တတ်သူတွေဟာ ကိုယ့်လက်ထဲ ရောက်နေတဲ့ စစ်မှန်တဲ့ တန်းဘိုးကြီးမားတဲ့ ဘာသာတရားကို ရောင်းစားပစ်ကြတယ်။ ဘာကြောင့် တစ်ခြားဘာသာတွေက ၀ယ်ကြသလဲဆိုတာကို မတွေးမိတတ်ကြဘူး။ ငွေနဲ့ပေးဝယ်တယ်ဆိုမှတော့ လိုချင်လို့ တန်ဘိုးရှိလို့ဆိုတာ သေချာနေပြီပေါ့။ ဗုဒ္ဓဘာသာကိုတော့ ငွေနဲ့ ပေးဝယ်လို့ ရသွားမှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို ရောင်းစားလိုက်တဲ့ လူမိုက်( စဉ်းစားတွေးခေါ်တတ်တဲ့ ပညာမဲ့သူ၊ ပညာ မရှိသူ) ကိုပဲ ရပါလိမ့်မယ် ပိုင်ဆိုင်ပါလိမ့်မယ်။ ဗုဒ္ဓဘာသာက ဘယ်ဘာသာကိုမှ ငွေနဲ့ပေး မ၀ယ်ဘူး။ အဲဒါ ဘာကြောင့်လဲ ? --- ။ သိသင့်တယ်နော်။ စဉ်းစား စေချင်ပါတယ်။ ကဲ သယ်ချင်းတို့ရေ လက်ထဲ ရောက်နေတဲ့ ပတ္တမြားရဲ့ တန်ဘိုးကို မသိဘဲ ရေဆာပြေစေဘို့ ရေခဲရေတစ်ခွက်နဲ့ လှဲသောက်ပစ်တဲ့လူလို မဖြစ်ပါစေနဲ့လို့ ဆန္ဒပြုပါတယ်နော်။ ကိုယ့်ဘာသာရဲ့တန်ဘိုးကို သိစေချင်ပါတယ်။ တကယ့်ကို လေးလေးနက်နက် ခိုင်ခိုင်မာမာ သိတဲ့ အသိမျိုးပေါ့။ သူငယ်ချင်းတို့ရေ ကိုယ့်ဘာသာတရားရဲ့ တန်ဘိုးကို သိနိုင်ပါစေနော်။ တန်ဘိုးကို သိပြီး တန်ဘိုးရှိသည့်အတိုင်း တန်ဘိုးထားတတ်ကြပါစေ တန်ဘိုးထားနိုင်ကြပါစေ။ ဘာသာရေးနဲ့ ပတ်သက်ပြီး စော်ကာလိုတဲ့ သဘော မပါပါဘူး။ ငြိမ်းချမ်းသော တရားမျှတသော သဘာဝကျသော မှန်ကန်တိကျသော အပိုအလိုမရှိသော ခိုင်မာပြတ်သားသော ရှင်းလင်းတည်ငြိမ်သော အဆုံးအမနဲ့ ရှင်သန်နေတဲ့ သူပါ။ အရာရာတိုင်းကို စဉ်းစားစေချင်တဲ့,     ဖြစ်နိုင် မဖြစ်နိုင် ယုတ္တိရှိ မရှိကို သိစေချင်တဲ့ ဆန္ဒအမှန်ဖြင့်သာ ---

စေတနာ အမှန်ဖြင့်
အားလုံးကို
ခင်တဲ့
စံလင်း