Sunday, September 11, 2011

ရယ်နိုင်ပါစေနော်


စာရေးသူသည် အဖြစ်မှန်များကိုသာ အဓိက ဦးစားပေး ရေးသွားဘို့ အစကတည်းက စဉ်းစားထားပြီး သားပါ၊ ဖြစ်ရပ်မှန်များသည် လေးနက်သည် တိကျသည် စိတ်ဝင်စားဘို့ကောင်းသည်ဟု ခံယူထား မိတာလည်း ပါသည်ပေါ့၊ ယခုအဖြစ်အပျက်များသည်လည်း စာရေးသူတို့ ညီတော် နောင်တော်များ ကိုယ်တိုင် ပြုလုပ် ခဲ့ကြသော အဖြစ်အပျက်များသာဖြစ်သည်။ 


မြန်မာသက္ကရာဇ် ၁၃၆၅ ခုနှစ်က ဖြစ်ပျက်ခဲ့သော ပြဿနာတစ်ခု ရှိသည်၊ တစ်နိုင်ငံလုံး အနေအထားဖြင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်၊ ဘယ်က စလိုက်သည် မသိပါ၊ ကုလားများနဲ့ ပြဿနာဖြစ်သည်၊ စာရေးသူတို့နေသော ကျောင်းတိုက်သည် အပြင်နဲ့သိပ်ပြီး မဆက်သွယ်ရပါ၊ စာကို အချိန်ပြည့်လုပ်နေကြရသော ကျောင်းတိုက် ဖြစ်သည်၊ စာပေနဲ့ပတ်သက်လျှင် လွတ်လပ်ခွင့်ရှိသည်၊ သတ်မှတ်ထားသော တိကျပြတ်သား ကောင်းမွန်သော စနစ်စည်းကမ်းရှိသည်၊ အခြားသော အကြောင်းအရာများကိုတော့ ပိတ်ပင်ထားသည်၊ ဒါကလည်း မသိသင့်သေးသော အချိန်မှာ မသိစေချင်သော ဆရာသမားတို့၏ ဆန္ဒမွန်သာဖြစ်မည် ထင်သည်၊ “ အရွယ်မရောက်ခင်မှာ မဟုတ်တာတွေကို သိနေလျှင် အရွယ်ရောက်ချိန်မှာတော့ မဟုတ်တဲ့လူ ဖြစ်သွားတတ်သည် ဟူသော အဆုံးအမလည်း ရှိသည် မဟုတ်ပါလားဗျာ။


ထိုကုလားပြဿနာကြောင့် စာရေးသူနေသော ကျောင်းတိုက်သည် လှုပ်ယှက်ခက်လာသည်၊ ပထမနေ့တွင် ကျောင်းအနောက်ဘက် ဈေးမှာ အစိုးရဆီဝေဌာနက ကုလားအိမ်ကို ခဲနဲ့ထုဘို့ တိုင်ပင်ကြသည်၊ လိုက်မည့်အထဲမှာ စာရေးသူလည်း ပါသည်၊ ထိုကုလားသည် မြန်မာမိန်းကလေး ညီအစ်မနှစ်ယောက်ရယ် အခြားတစ်ယောက်ရယ် ပေါင်း သုံးယောက်တောင်ယူထားသည်၊ မိန်းမ သုံးယောက်ယူတာကို မနာလိုစရာမရှိပါ၊ သူ့ဘာသာ အယောက်(၁၀၀)ယူယူ၊ သို့သော် မြန်မာမိန်းမကိုယူခြင်းသည် မြန်မာလူမျိုးကို ဖျက်ဆီးနေသည်ဟု ခံစားရသည်၊ ထို့ကြောင့် မကြိုက်၊ အယူဘာသာခြင်း မှန်သော်လည်း တူသော်လည်း ကုလားများနဲ့ရသော သားသမီး မျိုးဆက်သစ်များသည် ကုလားရောင်ပြောင်းသွားသည်၊ ထို့ကြောင့် အမျိုးကို ဖျက်ဆီးပစ်သည် ဖျက်ဆီးခံရသည်ဟု ယုံကြည်မိသည်၊ ခုဟာက မွတ်ဆလင် ကုလားဖြစ်နေတော့ အမျိုးကိုရော ဘာသာကိုရော ဖျက်ဆီးခံရသည်ဟု ထင်မိသည်၊ ထို့ကြောင့်အရမ်းစိတ်နာသည်၊ မြန်မာမိန်းကလေးများကိုတော့ စာရေးသူ စိတ်မနာပါ၊ သူတို့သည် သိမ်းပိုက်ခံထားရခြင်းဖြစ်သည်၊ မြန်မာမလေးများသည် အစားအစာ ရှားပါးခြင်း ငွေကြေးမပြည့်စုံခြင်း အထိအတွေ့ဖြင့် ချည်နှောင်ခံရခြင်း စသည်စသည် အကြောင်းများဖြင့် သိမ်းပိုက်ခံထားရသည်၊ ကိုယ့်မြေမှာနေ ကိုယ့်မြေက ထွက်တဲ့ အစာကိုစား ရေကိုသောက်ပြီး ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်မြေကို ထိပါးစော်ကားနေသော ကုလားများကို စာရေးသူ အရမ်းမုန်းသည် စိတ်နာသည်၊ ထို့ကြောင့်ကုလားအိမ်ကို ခဲနဲ့ထုကြဘို့ တိုင်ပင်စဉ်က လွယ်လွယ်ကူကူပင် လက်ခံခဲ့သည်။


သို့သော် ထိုနေ့ညက မသွားဖြစ်၊ စာချဆရာတော်များက တင်းကြပ်စွာ အစောင့်များ ချထားသည်၊ ည ၁၂ နာရီမှာ ထွက်ကြဘို့ တိုင်ပင်ထားကြသည်၊ ည ၁ နာရီတောင် ထိုးသွားသဖြင့် ထိုညက စာရေးသူ အိပ်လိုက် တော့သည်၊ နောက်နေ့တွင် တိုင်ပင်တာကို မတွေ့ရ၊ အားလုံးငြိမ်သက်နေသည်၊ ထိုညမှာ စာရေးသူလည်း “ အရင်နေ့က တိုင်ပင်ခြင်းသည် ယနေ့ထိ မသက်ရောက်လောက်ဘူး ” ထင်သဖြင့် အေးဆေးပင် အိပ်လိုက်သည်၊ အိပ်မပျော်သေးပါ၊ စာရေးသူက မျက်နှာမှာ ၀က်ခြံများ ထွက်နေသဖြင့် တောင်ကြီး မောက်မယ် လိမ်းထားသည်၊ စာရေးသူ ဘေးမှ သူငယ်ချင်းက သံတုတ်ကို ကြမ်းနဲ့တိုက်ပြီး ဆွဲပြေးသည်၊ “ ဒုန်း ဒုန်း ဒုန်း ” ဟူသောအသံက အထိပ်တလန့်ဖြစ်စေသည်၊ စာရေးသူလည်း “ ဘာဖြစ် တာပါလဲ “ လို့ခေါင်းထောင်ကြည့်မိသည်၊ တော်တော်များများ ဆင်းပြေးကြသည်၊ အောက်ထပ်က စည်ပိုင်း တီးသံလည်း ကျယ်လောင်စွာ ကြားနေရသည်၊ တုံးခေါက်သံကလည်း အဆက်မပြတ်၊ စာရေးသူလည်း အောက်ထပ်ထိ သွားလိုက်မိသည်၊ ဘာဖြစ်တာလဲဟု အခြေအနေကို ကြည့်နေသည်၊ နောက်မှာ ဆရာသမား ရောက်နေတာ ကိုပင် မသိလိုက်၊ ဆရာသမားက “ ဟေ့ကောင်၊ ဘာလုပ်နေတာလဲ၊ သွား သွား အပေါ်တက် “ ဟု ပြောသဖြင့် အပေါ်ပြန်တက်ခဲ့ရသည်၊  အခြေအနေများကို စောင့်ကြည့်နေမိသည်။


ဒုတိယအုပ်ချုပ်ရေးမှူးရော တာဝန်ခံရော အခြား စာချများရော ရောက်လာကြသည်၊ သူတို့ ထိန်းလို့မနိုင်ပါ၊ သံဃာအများစုက ညီညွတ်နေသည်၊ ဘယ်လိုမှ ထိန်းလို့မနိုင်၊ ခဏကြာတော့ ဆရာတော်ပါ ရောက်လာ သည်၊ ဆရာတော်ရောက်လာတော့ ပထမအုပ်ချုပ်ရေးကို ခဲနဲ့ထုပြီးပါပြီ၊ ပထမအုပ်ချုပ်ရေးဆရာတော်သည် သူ့အခန်း ပြတင်းပေါက်မှ ကျော်ခုန်ဆင်းပြေးရသည်၊ (သူသည် ဦးဝီရသူ အဖမ်းခံရသည်ဟု ပြောပြစဉ်က ကောင်းတာပေါ့ဟု ပြောခဲ့သူဖြစ်သည်၊ သူသည် အစိုးရ အရာရှိများနဲ့ အင်မတိအင်မတန်မှ အဆင်ပြေလှသည်)၊ ကျောင်းဆောင်တစ်ဆောင်မှ အဆောင်ဘုန်းကြီးက သံဃာများ၏ အစီအစဉ်ကို မသိ၊ ထို့ကြောင့် ဆူဆူညံညံဖြစ်နေသဖြင့် ဘာဖြစ်တာလဲလို့ တွေးပြီး မီးဖွင့်လိုက်သည်၊ ဖွင့်လိုက်လျှင်ပင် “ ဟေ့ ဘယ်ကောင်လဲကွ မီးဖွင့်တာ “ ဟူသော စကားသံနဲ့အတူ ထိုမီးချောင်း ကွဲသွားတော့သည်၊ ပစ်လိုက်သည့် လက်ကလည်း ဖြောင့်လိုက်တာမှ မပြောနဲ့၊ တော်တော်လေး အလှမ်းဝေးသည်လေ၊ ထိုညက ဆရာတော်လည်း စိတ်ပူရသည်၊ တစ်ညလုံး တပည့်များကို ဆုံးမသြ၀ါဒပေးသည်၊ ဆရာတော် ရောက်လာသဖြင့် သံဃာအဖွဲ့က အမှောင်ထဲမှာ စုနေကြသည်၊ ဆရာတော်ကို ပြောလိုက်သော စကားတစ်ခွန်း ခုထိမှတ်မိနေပါသေးသည်၊ “ ဆရာတော် ရှေ့  ပလက်ဖောင်းကို မကျော်ပါနဲ့ဘုရား၊ ကျော်လာရင် တပည့်တော်တို့စည်းကမ်းအရ ခဲနဲ့ထုရပါလိမ့်မယ် “ ဟုဖြစ်သည်၊ ဆရာတော်က “ အေးအေး ၊ မကျော်ပါဘူးကွာ “ ဟု ပြောရှာသည်။


တပည့်များသည် ဆရာတော်ကို ချစ်ကြသည်၊ ဆရာတော်သည် သိပ်ကို စိတ်ရှည် သည်းခံနိုင်စွမ်းရှိသည်၊ မာနတရား မရှိဟုပင် ထင်ရလောက်အောင် စိတ်ဓာတ်အေးချမ်း တည်ငြိမ် သည်၊ ဆရာတော်သည် “ တပည့်တို့ ၊ ဆရာကောင်း တပည့်များ ပီသကြပါ၊ တပည့်တို့ ဖြစ်ချင်တာကို ပြောပြပါ ” ဟု အေးဆေး တည်ငြိမ်စွာပင် ပြောပြသည်၊ (တစ်နိုင်ငံလုံးမှ သံဃာများက  မိန်းမများ နေတဲ့ကျောင်း  ဟု ပြောဆိုသည်ကိုလည်း မခံချင်ကြပါ၊ ပထမအုပ်ချုပ်ရေးဆရာတော်၏ အရာရှိများနဲ့ ပူပေါင်းပြီး အပြင်မှာ လုပ်ရှားနေသော သံဃာများကို ဖမ်းဆီးတာကိုလည်း မကြိုက်ပါ၊ ထိုအကြောင့်များကြောင့် ခုလိုဖြစ်လာ ရခြင်းဖြစ်သည်)၊ ထိုညက သံဃာထုမှ လိုချင်သော ဖြစ်ချင်သော အကြောင်းများကို တောင်းဆို လျှောက်ထားသည်၊ ဆရာတော်ကလည်း ဖြစ်အောင်လုပ်ပေးမည်ဟု ပြောသည်၊ ထိုသို့ ညှို့  နှိုင်းလိုက်ခြင်းသည် အေဆေးတည်ငြိမ်ခြင်းသို့ ဦးတည်သွားလေသည်၊ အားလုံးပဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။


မနက်လင်းတော့ ဆရာတော်မှ စာချများ တာဝန်ရှိ အကြီးများကို အစည်းအဝေးခေါ်ယူသည်၊ အစည်းအဝေး မှာ ခဲနဲ့ထုခံရတဲ့ ပထမအုပ်ချုပ်ရေးဆရာတော်မှ သံဃာများကို နှင်ထုတ်ပေးရန် အဆိုပြုလွှာတင်သွင်းသည်၊ တောင်းဆိုသည်၊ ကျောင်းခါဘို့ကိုလည်း ပြောသည်၊ ဆရာတော်မှ “ ည က သံဃာရဲ့  တောင်းဆိုမှု့ကို သိကြသည့်အတိုင်းပါပဲ၊ အဲတော့ တပည့်တော်ကတော့ အများနဲ့ တစ်ပါး၊ အများကို ဆုံးရှုံး မခံနိုင်ဘူး၊ ဒါကြောင့် ဘယ်နေရာမှာပဲနေနေ အဆင်ပြေနိုင်မယ့် ပထမအုပ်ချုပ်ရေးဆရာတော် ကျောင်းရွေ့  ပေးပါ၊ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းတည်ထောင်ပြီး နေပါ လို့ တပည့်တော် မေတ္တာရပ်ခံပါတယ်” လို့ ပြောသည်၊ အခြား စာချများကလည်း ဆရာတော့်ဆန္ဒအတိုင်းသာ၊ ပြီးတော့ စာချများက “ သံဃာများကို နိုင်ငံ မငြိမ်မသက်ဖြစ်နေသဖြင့် ထိန်းသိမ်းလို့ အုပ်ချုပ်လို့မလွယ်ကြောင်း ရပ်ရွာများသို့ ပြန်လွှတ်ပေးသင့်ကြောင်း အခြေအနေ တည်ငြိမ်အေးဆေးမှ ပြန်ခေါ်သင့်ကြောင်း ” အကြံပြုလျှောက်ထားကြသည်၊ ဆရာတော်က လည်း ထိုအကြံပြုချက်ကို သဘောတူလက်ခံသည်။


မနက် ၆ နာရီမှာပဲ ကိုယ့်ရပ်ရွာများသို့ ပြန်နေကြဘို့ အခြေအနေကို အမြဲတမ်းစုံစမ်းကြဘို့ စာမေးပွဲကျင်းပ ဖြစ်က လာဖြေကြဘို့ မှာလိုက်သည်၊ ထိုအခါ နေ့ချင်းပြန်လို့ ရသူများက ပြန်ကြသည်၊ နေ့ချင်းပြန်လို့ ရသော် လည်း လမ်းစရိတ်မရှိသူများက/ ခရီးဝေးသူများက ပိုက်ဆံမှာပြီး စောင့်နေကြရသေးသည်၊ ထိုရက်များ အတွင်းမှာ အပြင်ထွက်လျှင်ပင် ကျောင်းပေါက်ဝက စစ်တပ်မှတာဝန်ရှိများထံ လက်မှတ်ထိုးပြီး သွားကြရသည်၊ ထို့သို့ လက်မှတ်ထိုးသောအခါ  နာမည်နေရာကို “ အတ္ထောအက္ခရသညာတော/ နယေပရံ ယုတ္တေ  ” စသည် စသည်ဖြင့် သဒ္ဒါကြီးသုတ်စဉ်နာမည်များကို ပေးပြောကြသည်၊ စစ်တပ်မှ တာဝန်ရှိသူများကလည်း အဟုတ် မှတ်ပြီး ရေးမှတ်ကြသည်၊ ပြန်လာလျှင်လည်း ထိုကိုယ်ပြောထားသော နေရာလေးမှာ လက်မှတ် ထိုးကြရသည်၊ ကျောင်းပြန်ရောက်လို့ သူငယ်ချင်းတွေ ၀ိုင်းစုပြီး သူ့အကြောင်း ကိုယ့်အကြောင်း များ ပြောပြကြပြီး ရယ်မောကြရသည်၊ ဟီးးးးးးး ၊ 
တာဝန်ရှိသူ      “     ဦးဇင်း ဘွဲ့ပြောပါ  
ဦးဇင်း             “     အာချာတ်  
တာဝန်ရှိသူ       “    ဘယ်လိုရေးတာလဲ ဘုရား  
ဦးဇင်း              “     အ ရေးချာအာ၊ ခကွေး ယပင့် ရေးချာ တသတ်နဲ့ ”
တာဝန်ရှိသူ      “    မှန်ပါ ဘုရား၊ ဘယ်ကို ကြွမှာလဲဘုရား ”
ဦးဇင်း             “      ကိုကြီး ကိတ်တို့အိမ် ”
တာဝန်ရှိသူ     “  မှန်ပါဘုရား၊ ဘာကိစ္စ သွားမှာပါလဲဘုရား ”
ဦးဇင်း            “  အင်း -- နာမရဲ့   ပစ္စည်း မသိလို့ သွား မေးမလို့ပါ “
တာဝန်ရှိသူ    “ အော် မှန်ပါ၊ အပြန်ဒီလမ်းကပဲ ပြန်ကြွလာပါဘုရား၊ ဒီစာရွက်လေးကိုလည်း သေချာသိမ်းထားပါ ဘုရား၊ ပြန်လာရင် တပည့်တော်တို့ထံ ပြန်ပေးရမှာပါဘုရား၊ လက်မှတ်လေး တစ်ချက် ထိုးပေးပါဘုရား”၊
ဦးဇင်း “ သမာသ” ၊ ထိုသမာသကို လက်မှတ်အဖြစ် ရေးထိုးခဲ့သည်၊ (အာချတ်ဆိုတဲ့နာမည်နဲ့ သမာသဆိုတဲ့ လက်မှတ်နဲ့ စာလုံးချင်း မတူလို့လားတော့ မသိ၊ တာဝန်ရှိသူက ဦးဇင်းလေးကို ငိုင်တိုင်တိုင်လေး ကြည့်နေသည်)။


အထက်ပါ အဖြစ်အပျက်တွင် ဦးဇင်းလေးပြောသော ကိတ်တို့ အာချာတ်တို့ နာမတို့ ပစ္စည်းတို့ သမာသတို့ ဆိုတာတွေဟာ သဒ္ဒါကျမ်းမှာပါတဲ့ စကားလုံးများသာဖြစ်သည်၊ ဒီမှာလည်း ထိုသို့သော ခပ်ဆင်ဆင် အဖြစ်အပျက်တစ်ခု ကြုံရပြန်သည်၊ ထိုအဖြစ်အပျက်လေးကို သိရမှ ဒီစာကို ရေးဘို့ စိတ်ကူးမိတာပါ၊ အမှန်တိုင်း ၀န်ခံခြင်းပါနော်။


တစ်နေ့ သူငယ်ချင်း သုံးပါး SVS အင်္ဂလိပ်စာသင်တန်းသို့ သွားကြသည်၊ ၀င်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြေကြသည်၊ နာမည်ပေးတော့ သူတို့နာမည်အရင်းကို မပေးပဲ တစ်ပါးက “ ko ko ” ၊ တစ်ပါးက “ chit lay ” ၊ တစ်ပါးက “ Maung ” ဟု ပေးကြသည်၊ ဆရာမလည်း ဘာသိမှာလဲ၊ ရေးပေးတဲ့ အတိုင်းပဲပေါ့၊ သင်တန်းဖွင့်လို့ သွားတက်လိုက်တော့ မြန်မာပြည်ဖွားတွေ များစွာရှိနေသည်၊ ခက်ပြီ၊ ဟိ ၊ အခြား မြန်မာတွေ မပါလောက်ဘူး ထင်သဖြင့် ထိုသို့ ပေးခဲ့ကြခြင်း ဖြစ်သည်၊ နာမည်ကြီးသင်တန်းများမှာ မြန်မာများ( ဗမာ ရှမ်း ရခိုင် မွန်) တော်တော်များများ တက်ရောက်နေကြသည်၊ ဆရာမက ကျောင်းတက်စာရင်း စစ်သည် ခေါ်သည်၊ ထိုသူငယ်ချင်း သုံးပါး အလှည့်လည်းရောက်ရော “ chit lay ” ဟု အသံကျယ်ကျယ်နဲ့ခေါ်သည်၊ အခြား မြန်မာများက အံ့သြနေကြသည်၊ မရယ်မိကြသေးပါ၊ ချစ်လေးလို့ နာမည်ပေးထားသော ဦးဇင်းက “ yes ” လို့လည်း ပြောလိုက်ရော အားလုံး သဘောပေါက်ပြီး ရယ်သံလွှမ်းသွားတော့သည်၊ ဆရာမရော အခြားနိုင်ငံခြားသား သင်တန်းသူ သင်တန်းသားများပါ ကြောင်သွားကြသည်၊ ကြောင်မှာပေါ့ သူတို့မှ မသိကြတာကိုး၊ သိတဲ့ မြန်မာပြည်ဖွားများကတော့ မျက်ရည်ထွက်အောင် အူနာအောင် ရယ်မောမိကြသည်၊ နောက်ပြီး “ ko ko ” လို့ခေါ်လိုက်တော့လည်း ၀ါးခနဲရယ်မောကြပြန်သည်၊ ဆရာမလေးမှာ နောက် တစ်ယောက်ကို ဆက်ခေါ်ဘို့ တော်တော်လေး ၀န်လေးနေသည်၊ ဆရာမမှာလည်း ဘာမှ နားမလည်တော့၊ ကြောင်အန်အန်လေး ဖြစ်နေသည်၊ ပြီး “ Maung ” လို့လည်း ခေါ်လိုက်ရော ၀ါးခနဲရယ်သံက နှစ်ဆ သုံးဆလောက် မြင့်တက်သွားသည်၊ မြန်မာပြည်ဖွားများ အားရပါးရ ရယ်မောနေတော့ ဆရာမရော အခြား သင်တန်းသူ သင်တန်းသားပါ လိုက်ရယ်ကြသည်၊ စာသင်ခန်း တစ်ခန်းလုံး ရယ်မောသံတွေနဲ့ ပြည့်လျှံသွားသည်၊ ပြီးတော့ တိတ်ဆိတ်လို့၊ ထို့အဖြစ်အပျက်လေးကို တွေးမိတိုင်း ရယ်မောနေရသည်ပင်။


အထက်ပါ အဖြစ်အပျက်နှစ်ခု ဖြစ်ပျက်ခဲ့စဉ်က စာရေးသူ တကယ်ရယ်မောခဲ့ရသည်၊ ပြန်တွေးမိတိုင်းလည်း ပြုံးမိသည်၊ စာဖတ်သူတို့ ရယ်ရသည် မရယ်ရသည်တော့ စာရေးသူ မပြောတတ်ပါ၊ ကိုယ်တိုင် ပါဝင်ခံစားပြီး တွေးကြည့်မိပါက ရယ်မောမိကြလိမ့်မယ်ထင်ပါသည်၊ မရယ်မောရဘူးဆိုလျှင်တောင် အပြုံးများနဲ့ ချယ်မှုန်းထားသော မျက်ဝန်းပိုင်ရှင်လေး ဖြစ်လိမ့်မည်ဟု------------------------------------------

No comments:

Post a Comment