သီရိလင်္ကာ သမ္မတသည် ပြည်သူများ၏ ချစ်ခြင်းမေတ္တာကို အပြည့်အ၀ရယူထားနိုင်သူ ဟု ဆိုနိုင်သည်၊ သမ္မတ ဘယ်ကိုသွားသွား အကာအကွယ်အစောင့်အရှောက် များများစားစား နေရာယူစရာမလို၊ သူသွားသည့် လမ်းကြောများအထူးတလယ် ရှင်းလင်းထားရန်မလိုပါ၊ သမ္မတဟူသော ခေါင်းစဉ်အောက်မှာ ပြည်သူတွေကို စိတ်အနှောက်အယှက် မဖြစ်စေပါ၊ စာရေးသူတို့နိုင်ငံမှာတော့ မြို့တော်ဝန်လာရင်တောင် ဈေးပိတ်ရ လမ်းပိတ်ရနဲ့ပါပဲ၊ စာရေးသူလည်း သမ္မတတက်ရောက်သော ပွဲအတော်များများ ရောက်ဘူးသည်၊ တက်ခဲ့ဘူးသည်၊ သူ့ပြည်သူများရဲ့ ကြိုဆို ဂုဏ်ပြုမှု့ကို မြင်ရ ကြည့်ရတာ ၀မ်းသာကြည်နူးမိသည်၊ မျက်ရည်တောင် ကျမိသည်၊ ပထမ မျက်ရည်ကျခြင်းသည် ပြည်သူတွေရဲ့ ချစ်ခင်မှု့ကိုမြင်တွေ့ရလို့ ၀မ်းသာ ပီတိမျက်ရည် ဖြစ်သည်၊ ဒုတိယမျက်ရည်သည် ကိုယ့်ပြည်နဲ့ ယှဉ်ကြည့်မိသဖြင့် ၀မ်းနည်း မျက်ရည်ဖြစ်သည်။
သမ္မတ မဟိန္ဒသည် တမီးသူပုန်းများကို အပြီးသတ်ချေမှုန်းပစ်ခဲ့သည်၊ နိုင်ငံကြီးတော်တော် များများကတော့ သမ္မတ မဟိန္ဒကို မကြည်ပါ၊ အကြောင်းမှာ လက်နက်ချ အလံဖြူပြသော တမီးသူပုန်များကို အသေ ပစ်သတ်ခဲ့ခြင်းကြောင့်ဖြစ်သည်၊ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများကလည်း ဝေဘန်ကြသည်၊ တစ်ခါတစ်လေတော့လည်း လူ့အခွင့်အရေး အဖွဲ့အစည်းကို အပြစ်မြင်မိသည်၊ သူတို့သည် ဖြစ်သင့်သည့် နေရာမှာ ဘာမှမလုပ် ငုတ်တုတ်ထိုင်နေကြပြီး မဖြစ်သင့်သည့် အရာလေးများကိုတော့ လိုက်လံဝေဘန် ပုတ်ခတ်နေကြသည်ဟု မြင်မိသည်၊ သမ္မတ မဟိန္ဒ၏ တမီးသူပုန်များကို ပစ်သတ်မှု့အပေါ်မှာတော့ အပြစ်မြင်သည်၊ တမီးသူပုန်များက သီရိလင်္ကာပြည်သူတွေကို အသေခံဗုံးခွဲတိုက်ခိုက်နေစဉ် မြို့ပြတွေကို ဖျက်ဆီးနေစဉ်မှာတော့ သူတို့က သူပုန်းတွေကို ဝေဘန်နေတာမျိုးမရှိ၊ သတင်းလွင့်ဘို့သာ တစာစာ ဖြစ်နေကြသည်၊ အင်း လူတွေကလည်း ခက်တော့ခက်သည်၊ သမ္မတမဟိန္ဒသည် မတရားတိုက်ခိုက် သတ်ဖြတ်ခဲ့တာ မဟုတ်၊ သူ့ပြည်သူနဲ့ သူ့နိုင်ငံကို စော်ကားလာသဖြင့် ကာကွယ်တိုက်ခိုက်ချေမှုန်း ခဲ့ခြင်းဖြစ်သည်၊ ပြည်သူတွေအတွက် ကာကွယ်ပေးခဲ့ခြင်းဖြစ်သည်၊ ပြည်သူများသည် လမ်းတောင် ကောင်းကောင်း မလျှောက်ရဲခဲ့၊ လိုင်းကားတောင် စိတ်အေးသက်သာ မစီးရဲခဲ့၊ ထိုသို့ဖြစ်နေချိန်မှာ သမ္မတက ပြည်သူတွေကို စိတ်အေး ငြိမ်းချမ်းမှု့ လုပ်ပေးခဲ့သည်၊ လွတ်လွတ်လပ်လပ် အန္တရာယ်ကင်းကင်း လမ်းလျှောက်စေခဲ့သည်၊ အများ ကောင်းစားဘို့အတွက် (အကောင်းတွေဖြစ်ဘို့ အဆိုးတွေကို စွန့်ပစ်ခြင်း) မကောင်းသော အနည်းစုကို သုတ်သင်ပစ်ခဲ့ခြင်းဖြစ်သည်။
ဒုဋ္ဌဂါမဏိမင်းလက်ထက်မှာလည်း သီရိလင်္ကာနိုင်ငံမှာ ထိုသို့သော စစ်ပွဲဖြစ်ခဲ့ဘူးသည်၊ ထိုအချိန်ကလည်း ဒုဋ္ဌဂါမဏိမင်းသည် သူ့ပြည်သူနဲ့ သူ့နိုင်ငံကို ထိပါး စော်ကားလာသဖြင့် တိုက်ခိုက်ခဲ့ဖြင်းဖြစ်သည်၊ ကိုယ့်ပြည်သူအတွက် ကိုယ့်နိုင်ငံအတွက် ကျူးကျော်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ ကာကွယ် ချေမှုန်းပစ်တာ မျိုးသည် စစ်ရေးစစ်ဘက် နိုင်ငံအရေးတွင် ဖြစ်သင့်သော ကိစ္စတစ်ခုဟု ထင်မြင်မိသည်၊ လူ့အဖွဲ့အစည်း တစ်ချို့ က တော်တော်တော့ နားလည်ရခက်သည်၊ ကိုယ့်ပြည်သူတွေကို သတ်ဖြတ်နေတာ မျိုးတွေ များစွာရှိနေတာကိုတော့ ပြီးပြတ်အောင် မလုပ်ကြပဲ အသေးစား တရားသောအလုပ်လေး များကိုတော့ လိုက်လံ အပြစ်ရှာနေတတ်ကြသည်၊ အများပြည်သူ အကျိုးကို သယ်ပိုးဘို့ အလုပ်လုပ်ဘို့ တာဝန် ယူထားသော သမ္မတမှာ ပြည်သူအတွက် နိုင်ငံအတွက် ကာကွယ်မှု့တွေ ပြုလုပ်ခွင့်ရှိသည်၊ ပြည်သူ့အတွက် ပြည်သူ့အကျိုးသယ်ပိုးနေသည့် စစ်တပ်မှာလည်း ပြည်သူကို ထိပါးစော်ကားလာသော နိုင်ငံကို ထိပါးစော်ကားလာသော အဖျက်ရန်သူကို ချေမှုန်းပိုင်ခွင့်ရှိသည်၊ ရန်ပြုသဘောဖြင့် နယ်ချဲ့ တိုက်ခိုက်နေတာ မဟုတ်၊ ကိုယ်ပိုင်ဆိုင်ထားသော နယ်ကို ကာကွယ်ခြင်းသာ ဖြစ်သည်။
တမီးသူပုန်းများသည် အိန္ဒိယနွယ်ဖွား ကုလားများဖြစ်သည်၊ သီရိလင်္ကာနိုင်ငံမှာ အခြေစိုက် နေထိုင်ကြ သူများဖြစ်သည်၊ သီရိလင်္ကာနိုင်ငံထဲမှာလည်း နေတယ် သီရိလင်္ကာနိုင်ငံက ထွက်တဲ့ အစားအစာလည်း စားတယ် ရေလည်းသောက်တယ် လေလည်းရှူတယ်၊ အလုပ်လုပ်ခွင့်ရှိတယ်၊ အေးချမ်းစွာ နေထိုင်ပိုင်ခွင့်ရှိတယ်၊ ဘ၀တိုးတက်အောင် လုပ်ဆောင်ပိုင်ခွင့်ရှိတယ်၊ (နယ်ချဲ့ ခွင့်တော့ မရှိပါ)၊ ထိုသို့ အခွင့်အရေးတွေ အပြည့်ပေးထားပါလျှက် ပြည်သူနဲ့ နိုင်ငံကို စော်ကားလာသော တမီးကုလားများကို သတ်ဖြတ်ချေမှုန်းပစ်ခြင်းသည် ဖြစ်သင့်သော ကိစ္စတစ်ခုပင် မဟုတ်ပါလော။ အေးချမ်းသော ဘာသာတရား လက်ကိုင်မရှိသော ကုလားအများစုသည် အရိပ်နေနေ အခက်ချိုးချိုးများသာ ဖြစ်သည်၊ သူများ နိုင်ငံအတွင်း မှာ လာနေသည်၊ သူတို့ကို လူသားချင်း စာနာမှု့ဖြင့် နေထိုင်ခွင့် လုပ်ပိုင်ခွင့် ပေးသည်၊ သူတို့က မကျေနပ်ပါ၊ နယ်မြေလိုချင်သည်၊ ပြည်သူများကို စော်ကားချင်သည်၊ နေခွင့်ပေးသော အစာစားခွင့်ပေးသော ရေသောက်ခွင့်ပေးသော လေရှူခွင့်ပေးသော သွားလာလုပ်ကိုင်ခွင့်ပေးသော ကျေးဇူးများကိုမှ မထောက် စော်ကားတတ်ကြသည်၊ ထိုသို့သော ကုလားများကို အမြစ်ပြတ် ချေမှုန်းပစ်သင့်သည်၊ စာရေးသူ တွေးမြင်မိပါသေးသည်။ စာရေးသူတို့ နိုင်ငံမှာလည်း ကုလားများ များစွာဝင်ရောက်နေပါသည်၊ တစ်နေ့ သူတို့ဟာ ဆူပူသောင်းကျန်းပြီး နယ်မြေပိုင် တောင်းလာလိမ့်မည်ဟု၊ ထိုသို့ တောင်းလာလျှင် စာရေးသူတို့ နိုင်ငံက ပြည်သူ့အကျိုးဆောင် တာဝန်ယူထားသော လုပ်ပိုင်ခွင့်ရှိ လူကြီးများနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်နေပါသည် ဆိုသည့် စစ်တပ်က ဘယ်လိုများ ကာကွယ်ပေးကြမှာပါလဲ၊ ပိုင်ဆိုင်ပြီးသား နယ်မြေကို တစ်ဝက်ခွဲပေး လေမလားပဲနော်။
ပြည်သူ့အကျိုးကို ဆောင်ရွက်ဘို့ ပြည်သူ့တာဝန်ကို သယ်ပိုးဘို့ လုပ်ပိုင်ခွင့်ရထားသော လူတစ်ခုက ပြည်သူတွေကို ပြန်လည် " ဒက် ဒက် ဒက် " လုပ်နေတော့ အရမ်းအရမ်းကိုပဲ ၀မ်းနည်းမိသည်၊ ဗိုလ်ချုပ်ပြောခဲ့သော " စစ်တပ်ဆိုတာ ပြည်သူကို ပြန်သတ်ဘို့ ထူထောင်ထားတာ မဖြစ်ရဘူး၊ ပြည်သူနဲ့ နိုင်ငံကို ကာကွယ်ဘို့ ထူထောင်တာပဲ ဖြစ်ရမယ် " ဟူသော စကားကို ပြန်လည်တမ်းတ လွမ်းဆွတ်မိသည်၊ ပြည့်သူ အကျိုးကို ဆောင်ရွက်ဘို့ တာဝန်တွေ ရာထူးတွေ ယူထားကြသည်၊ ပြည်သူကလည်း ယုံယုံကြည်ကြည်နဲ့ အပ်နှင်းထားသည်၊ သို့သော် သူတို့က ပြည်သူနဲ့ နိုင်ငံအကျိုးကို မသယ်ပိုး မဆောင်ရွက် ၊ ယုံယုံကြည်ကြည်နဲ့ ပေးအပ်ထားသော ပြည်သူတွေမှာ မည်မျှခံစားရမည်နည်း စဉ်းစားသာ ကြည့်ပါတော့၊ ယုံကြည်မှု့ကို ဖျက်ဆီးခံရတာလောက် နာကျင်စရာကောင်းတာ လောကမှာ ရှိမည်ဟုတောင် မထင်မိပါ။
သမ္မတ ဟူသော ဓလေ့ ထုံတမ်းသည် ဟို ရှေး ရှေး ခေတ်ကတည်းက ရှိခဲ့သည် ဓလေ့ထုံတမ်း စဉ်လာတစ်ခုဖြစ်သည်၊ ပါဠိစာပေမှာတော့ " အများက ချစ်ခင် ယုံကြည်စိတ်ဖြင့် အများအကျိုးကို သယ်ပိုးရွက်ဆောင်ဘို့ လုပ်နိုင်သူကို ခေါင်းဆောင်ဟု သမုတ်ကြသည်၊ ခေါ်ဆိုကြသည်၊ ထိုသို့ခေါ်ဆို ခံရသူသည် သမ္မတ ဖြစ်သည် " ဟု ပါရှိသည်၊ ပထမ လူတွေ စတင်ဖြစ်ပေါ်နေချိန်တွင် လူများမှာ လောဘ ဒေါ်သတို့ မဖြစ်ခင်က အကုသိုလ်လည်း မလုပ်ကြသေးပေ၊ ထိုလောဘ ဒေါသတို့ ပေါ်လာချိန်မှာ သတ်မှု့ဖြတ်မှု့ ခိုးမှု့ဝှက်မှု့ သားမယားပြစ်မှားမှု့ စသည့်စသည့်အပြစ်များကို လုပ်လာကြသည်၊ ထိုသို့လုပ်လာကြသောအခါ နေရာထိုင်ရတာ မအေးချမ်းတော့ ၊ ကြောက်လန့် နေကြရသည်၊ ထိုသို့သော ဘေးအန္တရာယ်များမှ ကာကွယ်ဘို့ ခေါင်းဆောင် ခန့်အပ်ကြသည်၊ ထိုခေါင်းဆောင်ကလည်း သူယူထားသော တာဝန်ကျေအောင် ထမ်းဆောင်ရသည်၊ ထိုသူသည် အများက ချစ်ခင်သော ကြည်ညိုသော ယုံကြသော (အများသမုတ်ထားသူ - သမ္မတ) သမ္မတပင်ဖြစ်သည်၊ ထို ရှေးခေတ်ကာလကတည်းက သမ္မတ ဆိုတာ ရှိသည်၊ (သမ္မတ - အများက သမုတ်ထားသူ)။
သမ္မတဟူသည် အများချစ်ခင် ကြည်ညိုသော လေးစားယုံကြည်သော သူဖြစ်သင့်သည်၊ ထိုသူသည်လည်း အများ၏ ယုံကြည်သည့်အတိုင်း လုပ်ကိုင် ဆောင်ရွက်သင့်သည်၊ သူ့ကို တာဝန်ပေးထားခြင်းသည် အလုပ်လုပ်ဘို့ဖြစ်သည်၊ အခွင့်အရေးယူဘို့ ပေးထားခြင်းမဟုတ်ပါ။ စာရေးသူတို့နိုင်ငံမှာလည်း ပြည်သူချစ်သော ပြည်သူ့အကျိုးနဲ့ နိုင်ငံအကျိုးကို ဆောင်ရွက်သော ပြည်သူနဲ့နိုင်ငံကို ချစ်သော ကာကွယ်သော သမ္မတရှိလျှင်မည်မျှကောင်းလိုက်မည်နည်းဟု တွေးမိသည်၊ မည်သို့ပင်ဖြစ်စေ သမ္မတ ဟူသည် ပြည်သူများက ချစ်အောင် ယုံကြည်အောင် ပြည်သူများကို အလေးထားသင့်သည်၊ ပြည်သူ့အကျိုးကို ဆောင်ရွက်သင့်သည် ၊ နိုင်ငံအကျိုးကို ဆောင်ရွက်သင့်သည်၊ ပြည်သူနဲ့နိုင်ငံကို စော်ကားလာသော ရန်သူမှန်သမျှ ချေမှုန်းပစ်သင့်သည်။
ပြည်သူချစ်သော သမ္မတသည်-----
(၁) ပြည်သူနဲ့ နိုင်ငံအကျိုးစီးပွားကို ဆောင်ရွက်ရမည်၊
၂) ပြည်သူနဲ့ နိုင်ငံအပေါ် ကြရောက်လာသော ဘေးရန်များကို ကာကွယ်ချေမှုန်း သုတ်သင်ပေးနိုင်ရမည်။
စာရေးသူတို့နိုင်ငံမှာလဲ ထိုအချက်နှစ်ချက်နဲ့ ညီညွတ်သော သမ္မတ ရှိလျှင် စာရေးသူ ပီတိမျက်ရည်များစွာကို စီးဆင်းခွင့်ပေးမိမည်မှာ အမှန်ပင်ဖြစ်သည်၊ ထိုသို့စီးဆင်းလာသော မျက်ရည်ကြည်များကို မသုတ်ပစ်လိုပါ၊ လွန်စွာမှကို တန်းဘိုးထားမိလိမ့်မည်။ ပြည်သူချစ်သော သမ္မတဟူသည် အထက်ပြောခဲ့သော အချက်နှစ်ချက် ရှိနေဘို့ ပြည့်စုံနေဘို့ လိုသည်၊ ထိုအချက်နှစ်ချက်နဲ့ ပြည်စုံနေလျှင် ပြည်သူချစ်သော သမ္မတ ဖြစ်လာလိမ့်မည်မှာ မလွဲဧကန်ပင်၊ ( ခုတော့ သမ္မတ မဟိန္ဒကို ဒုတိယအကြိမ်မဲရွေးရာမှာ မသမာ မှု့တွေ ရှိသည်ဟု သံသယ၀င်ပြီး တစ်ချို့ က အမြင်စောင်းနေကြသည်၊ မစောင်းလျှင်လည်း မကြည်လင်ကြပါ၊ စာရေးသူ ကြားမိတာကတော့ " သမ္မတ မဟိန္ဒသည် သူပုန်းချေမှုန်းနည်းအပြင် အာဏာတည်မြဲအောင် လုပ်နည်းကိုပါ စစ်အာဏာတည်မြဲအောင်လုပ်နိုင်သောနိုင်ငံတစ်ခုမှ အကြံအဥာဏ်များ တောင်းယူခဲ့ အကူညီတောင်းခဲ့သည် " ဟု ဖြစ်သည်၊ ထို့ကြောင့် အမြင်စောင်းနေကြခြင်းဖြစ်သည်၊ ထိုနိုင်ငံကိုတော့ မပြောပြတော့ပါဘူး၊ ဂုဏ်ယူစရာ ကောင်းသည့်အချက် ဖြစ်မနေလို့ပါ၊ အင်း အဲလို လုပ်ရုံလေးနဲ့သာ အမြင်စောင်းကြမည်ဆိုလျှင် စာရေးသူတို့အဘို့ အမြင်စောင်းရုံတင်မဟုတ်ပဲ မျက်စိနဲ့ ခြေဖ၀ါး ပြောင်းပြန်တောင် ဖြစ်နေလောက်ပြီ)။ ထားပါတော့လေ စာရေးသူ ပြောချင်တာက " အထက်ပါ အချက်နှစ်ချက်နဲ့ ညီညွတ်လျှင် ပြည်သူချစ်သော သမ္မတ ဖြစ်လာမည် " ဟု ---------------
No comments:
Post a Comment