Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Wednesday, January 25, 2012

စုန်း (သို့) ကဝေ အတတ်


ယခုရေးသားမည့် အကြောင်းများသည် “ စုန်း (သို့) ကဝေ ”ဟု  အသိများသော အကြောင်းကို ရေးသားပါမည်၊ ရေးသားရာတွင်လည်း အဖြစ်မှန်များကိုသာ ရေးသားပါမည်၊ ထိုအဖြစ်မှန်များသည်ပင် လိမ်လည်မှု့တစ်ခုပါဟု ဆိုလျှင်တော့ စာရေးသူလည်း လိမ်လည်ခံရသူများထဲတွင် တစ်ယောက်အပါ အ၀င်သာ ဖြစ်သည်၊ သို့သော်လည်း တကယ်ကို ဖြစ်ပျက်ခဲ့သည်ဆိုတာကိုတော့ အာမခံ ပြောရဲပါ သည်၊ စာရေးသူကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသော အဖြစ်အပျက်များကိုလည်း ထည့်သွင်း ရေးသားပါမည်၊ စာဖတ်သူအပေါင်းကို ပြောပြချင်တာ တစ်ခုရှိနေပါသည်၊ ထိုအချက်မှာ “ စုန်း (သို့) ကဝေများသည် ပြိတ္တာများကဲ့သို့ ဘ၀တစ်ခုဖြင့်သီးသန့် တည်နေကြသူများ မဟုတ်၊ သာမာန်လူများထက် ပိုလွန်သော အစွမ်းအစ စွမ်းအားရှိသူများဖြစ်သည် ” ဟူသော အချက်ဖြစ်သည်။

သာမာန်လူသားတွေထက် ပိုလွန်ထူးခြားသော စွမ်းအားများသည် များစွာရှိသည်၊ အကျဉ်းချုပ်လိုက် လျှင်တော့ ကောင်းသော စွမ်းအားနဲ့ မကောင်းသော စွမ်းအားဟု နှစ်မျိုးသာ ရှိမည်ထင်သည်၊ ဘုရားစသော အရိယာသူတော်ကောင်းများသည် မဟဂ္ဂုတ်ဈာန်/ အဘိညာဉ်များ, လောကုတ္တရာ ဈာန်/အဘိညာဉ်များ ရရှိကြသည်၊ ထိုသို့ရရှိခြင်းသည်လည်း သာမာန်လူများထက် ကျော်လွန်သော စွမ်းအားရှိသူများဖြစ်သည်၊ ထိုဘုရားစသော အရိယာသူတော်ကောင်းများသည် ကောင်းမြတ်သော အကျိုးများသော အေးချမ်းသော မြင့်မြတ်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်၊ ထိုပုဂ္ဂိုလ်များကို သာမာန်လူတန်းစားကအစ မည်သူကမျှ ကြည်ပယ်ထားလိုစိတ်မရှိပဲ မြတ်နိုး တန်းဘိုးထားကြသောကြောင့် ပရလောကသားလို့တော့ မခေါ်သင့် မခေါ်ထိုက်၊ အထက်လမ်းဆရာ အောက်လမ်းဆရာ ဂိုဏ်းဆရာများနဲ့  စုန်းကဝေအတတ် အပင်းအတတ် အင်းအတတ် စသည့်စသည့် အတတ်များကို သိထားသော တတ်ထားသောသူများသည် မကောင်းသော စွမ်းအား ဟု ဆိုနိုင်သည်၊ အဘယ့်ကြောင့် ထိုသို့ ဆိုနိုင်သနည်းဟူသော အချက်ကို ဒီဆောင်းပါးကို ပြီးအောင်ဖတ်ပြီးသွားသော အခါ သိလာပါလိမ့်မည်။

ထိုမကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားကြသူများကို ဥပမာပေးရမည်ဆိုလျှင် “အဆိပ်ရှိသောမြွေ  နဲ့တူသည်”ဟု ဆိုချင်သည်၊ ဥပမာပေးချင်သည်၊ အဆိပ်ရှိသော မြွေများသည် စွမ်းအားရှိကြသည်၊ ထိုစွမ်းအားသည် တစ်ဘက်သားကို ကြီးစွာသော ဆိုးကျိုးဖြစ်စေသည့်အတွက် မကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်၊ ထိုသို့နည်းတူပုံများကို စာဖတ်လို့ ပြီးသွားသောအခါ သိလာပါလိမ့်မည်၊ ဒီဆောင်းပါးမှာ အကြောင်းအရာ အဖြစ်အပျက်များကို အပိုဒ်များခွဲပြီး ရေးသားသွားပါမည်။

(၁) ဒေါ်လေးနဲ့ အစ်မအကြောင်း
ဒေါ်လေး (ဖေဖေနဲ့မောင်နှမတစ်ဝမ်းကွဲ) သည် စာရေးသူတို့ အိမ်၏ တောင်ဘက်ခြံဝန်းထဲမှာ နေသည်၊ ဒေါ်လေးသည် အကြော် (မုန့်ကြော်) ကြော်ရောင်းသည်၊ တစ်နေ့ သူအကြော်ကြော်နေစဉ် ခွေးနီတစ်ကောင် သူတို့အိမ်လှေကားမှာ လာရပ်နေသည်၊ ထိုခွေးနီသည် “စုန်းပူးခွေး” ဟု နာမည်ကြီးသည်၊ ဒေါ်လေးလည်း ထိုသို့နာမည်ကြီးတာကို သိသည်၊ ထို့ကြောင့် ကျက်ပြီးသော မုန့်တစ်ခုကို သစ်ဖက်နဲ့ ထုပ်ကာ ကျွေးလိုက်သည်၊ မြန်လိုက်သည့်ခွေး ဘယ်လိုစားပစ်မှန်း မသိလိုက်၊ ဒေါ်လေးလည်း မီးဖိုနားပြန်ရောက်တော့ ခွေးက ထပ်ပြီး ကြည့်နေပြန်သည်၊ ဒေါ်လေးက စိတ်မရှည်သဖြင့် “ဟဲ့ ငါ့မှာ ဈေးဦးတောင် မပေါက်သေးဘူး၊ ငါ တတ်နိုင်သလောက် ကျွေးထားပြီးပြီ၊ တော်ပြီပေါ့ ၊ ပြန်တော့” ဟု ဒေါသသံနဲ့ ပြောပစ်သည်၊ ထိုသို့ အော်လိုက်ချိန်မှာပဲ မုန့်ကြော်နေသော လက်သည် တဆတ်ဆတ်တုန်ခါလာတော့သည်၊ ဘယ်လိုမှ ဆက်ပြီး မုန့်မကြော်နိုင်တော့ပါ၊ ဒေါ်လေးက “လုပ်ကြပါဦး၊ ငါ့လက်တွေ အရမ်းတုန်နေပြီ” ဟု အော်ဟစ်တော့သည်၊ စာရေးသူတို့ အိမ်မှ ဖေဖေရော မေမေရော မမရော စာရေးသူရော ပြေးသွားရသည်။

Monday, January 9, 2012

ကျေးဇူးပါ ချစ်ညီမလေး


ဖေဖေသည် ညီမလေးကို သိပ်ချစ်သည်၊ သူ့ဘ၀မှာ ညီမလေးသည် ပထမလို့ ပြောရင် ရနိုင်သည်၊ ဖေဖေသည် တကယ့်မုဆိုးတစ်ယောက်လိုဖြစ်နေသည်၊ အမှန်တကယ် တော့ မုဆိုးတစ်ယောက် မဟုတ်ပါ၊ သို့သော်လည်း တောဝက် လိုက်သွားလျှင် ဖေဖေမပါလျှင် မပြီး၊ ဖေဖေ့ကိုပဲ အားကိုးကြသည်၊ (အားကိုးလောက် အောင်လည်း ဖေဖေက လှံထိုးသိပ်ကျွမ်းကျင်သည်၊ သူ့သူငယ်ချင်းဦးဦးများ ပြောပြလို့ သိရတာပါ၊ စာရေးသူကိုယ်တိုင်တော့ မမြင်ဖူးပါ)၊ အိမ်မှာ ဖေဖေကိုင်သော နှစ်ဘက်သွားနဲ့ လှံရှည်တစ်ချောင်းရှိသည်၊ တစ်ခါတစ်လေ ကိုနုအောင်ဟုခေါ်သော ရဲသား တစ်ယောက်စီမှ သေနတ်ငှါးပြီး တောပစ်ထွက်တတ်သည်၊ ရလာသော တောကောင်၏ ပေါက်တစ်ဘက်ကို စခန်းမှူးအားပေးရသည်၊ (သေနတ် အသုံးပြုခပေါ့နော်)၊ ညဘက်ဆိုလျှင်လည်း တောကောင်ပစ် ထွက်သည်၊ ဒူးလေးကိုထမ်းလျှက် အဖော် တစ်ယောက်နဲ့ ထွက်တတ်သည်၊ တကယ်တမ်းတော့ ဖေဖေဟာ လယ်ယာလုပ်ငန်း ကိုပဲ စွဲစွဲမြဲမြဲလုပ်တတ်သူပါ၊ လယ်ယာများ ဥယျာဉ်များဆိုလည်း ဖေဖေစွမ်းရည်ကို တောသို့ ဥယျာဉ်သို့ ရောက်ဖူးမှ အံ့သြရလောက်အောင် ထက်မြတ်မှန်းသိရသည်၊ ဖေ့ဖေ့ဝါသနာကြောင့်သာ မုဆိုးတစ်ယောက်လို ဖြစ်နေရှာတဲ့ ဖေဖေ၊ ဆန်ကောင်း စားချင်ရင် ကိုယ်တိုင်စိုက်လို့ ပြောတတ်တဲ့ ဖေဖေ။

ညနေခင်းဆိုလျှင် အိမ်နောက်ဘေးက ဥယျာဉ်ထဲမှာ ဖေဖေက လူငယ်များကို လေးပစ်  သင်ပေးတတ်သည်၊ လူငယ်များကလည်း ရေမချိုးခင် (၁) နာရီလောက် ကြိုလာ တတ်သည်၊ နေ့တိုင်းလိုလို လူငယ်များစွာ ရှိနေသဖြင့် အလှည့်ကျ စနစ်ဖြင့် သင်ပေး ရသည်၊ ညဘက် တောပစ်က ပြန်လာပြီးဆိုလျှင် တောကြက်များ ၁၀ ကောင်လည်း ဟုတ်သည်၊ တစ်ချို့ညဆိုလျှင် အကောင် ၂၀ ရတာတွေလည်း ရှိသည်၊ ပြောလျှင် ပိုသည်ဟု ထင်ကြလိမ့်မည်၊ အဲဒါတွေဟာ အမှန်တွေပါပဲ၊ တောက ဥယျာဉ်များ ယာခင်းများကို လာရောက်စားသောက်တတ်သော တောခွေးများ တောကြက်များ လင်းယုန်များဆိုလည်း ဖေဖေ့ ညွှတ်ကိုင်းနဲ့မိပြီး ခဏခဏ သေပွဲဝင်ကြရသည်၊ လင်းယုန်ကို အစာနဲ့မျှားခေါ်ပြီး ထောင်ဖမ်းပုံများ တောခွေးများကို ဖိတုံးနဲ့ ထောင်ဖမ်းပုံများ တောကြက်များကို ကွင်းဖျောက်ပြီး ထောင်ဖမ်းပုံများကို စာရေးသူ လည်း အတုယူခဲ့ဘူးသည်။

စာရေးသူသည် ငယ်ငယ်က တော်တော်ဆိုးခဲ့သည်၊ မိဘပြောစကားလည်း နားမထောင်ခဲ့၊ လုပ်ချင်တာသာ လုပ်ခဲ့သည်၊ ညီမလေးသည် စာရေးသူကို အရမ်းချစ် သည်၊ ချစ်မှာပေါ့ သူ့မှာ အားကိုးစရာဆိုလို့ ဒီအစ်ကိုပဲ ရှိတာကိုး၊ သူဘာပဲ လုပ်လုပ်၊ ဘာပဲ စားချင်စားချင် စာရေးသူကိုသာ ပူဆာတတ်သည်၊ စာရေးသူလည်း ညီမလေးကို သိပ်ချစ်ရသည်၊ ညီမလေးသည် သုံးနှစ်ပြည့်ခါနီးတိုင်အောင် မေမေ့နို့ကို စို့နေဆဲပါ၊ မေမေက နို့ဖြတ်ချင်သည်၊ ညီမလေးက မရ၊ ဒီတော့ မေမေက ငြုတ်သီးတို့ ပရုတ်ဆီ တို့ကို အသုံးပြုတော့သည်၊ ညီမလေးက မြတ်နိုးစွာ ဆာလောင်စွာ သောက်စို့တဲ့အခါ အဆိပ်ခပ်ခံရသလို ဖြစ်ဖြစ် သွားရှာသည်၊ မေမေ့ကို ဘာလို့အဲလိုလုပ်ရတာလဲလို့ မေးကြည့်တော့ “သွားတွေ ပိုးစားမှာ စိုးလို့” လို့ ပြောသည်၊ (အင်း ဒါက မေမေ့စေတနာပါ၊ ဟိ ဖေဖေ့ကြောင့်တော့ မဟုတ်လောက်ပါဘူး၊ ဒါပေမဲ့ ညီမလေး ခံစားရတာကို မြင်ရတော့ စိတ်ထဲမှာ မကောင်းဘူး)၊ ညီမလေးက စပ်လို့ အော်ငိုတဲ့အခါ မေမေ့မှာ ငိုရခက် ရယ်ရခက်ပါ၊ မေမေက “နောက် စို့ဦးမလား”လို့ မေးတဲ့အခါ ညီမလေးက “ ကြည်လင် ၀င်းပတဲ့ မျက်ရည်ပုလဲလုံးလေးတွေကို လက်ကလေးနဲ့ ပွတ်သပ်ရင်း” ခေါင်းလေးကို ခါခါ ပြတတ်သည်၊ ခဏခဏ ဒီအတိုင်းဖြစ်နေကြပါ။

တစ်နေ့ ညီမလေး ၀မ်းခဏခဏသွားသည်၊ စာရေးသူပဲ သိသည်လေ၊ ကျန်းမာရေး အကြောင်းလည်း ကောင်းကောင်းမသိသေးတဲ့အရွယ်၊ မိဘတွေကိုလည်း အထူး တလည် လုပ်ပြီး ပြောမပြမိခဲ့ဘူး၊ ၀မ်းခဏခဏသွားနေပေမဲ့ နည်းနည်း နည်းနည်းသာ သွားသည်၊ ၀မ်းကိုက်နေသည် ဖြစ်မှာပေါ့နော်၊ ဒီလိုနဲ့ သုံးရက်မြောက်နေ့ည သန်းခေါင်ယံ အချိန်မှာတော့ ညီမလေးက အမောဖောက်ပါတော့သည်၊ စာရေးသူက မေမေ့ရင်ခွင့်ထဲမှာပါ၊ ဖေဖေကတော့ ညီမလေးကို ပွေ့ချီထားသည်၊ ဘေးမှာလည်း အမျိုးတွေက အများကြီး ၀ိုင်းအုံလို့၊ ဆရာဝန်ကို ပင့်ရသည်၊ ဆရာဝန်က ခေါင်းခါပြ သည်၊ ဘာရောဂါမှန်းလည်း မသိခဲ့၊ ဒါနဲ့ နောက်ထပ် ဂိုဏ်းဆရာ တစ်ယောက်ကို ပင့်ရပြန်သည်၊ ဂိုဏ်းဆရာကြီးက ရွာသူနဲ့တောသူ ပေါင်းပြီးပြုစားတာလို့ ပြောသည်၊ မေမေလည်း ဂိုဏ်းဆရာကြီးပြောသည့်အတိုင်း ခေါစာပစ်ရသည်၊ စာရေးသူက မကျေနပ်၊ ဘာကြောင့် ညီမလေးကို ဒီလိုလုပ်ရသလဲဆိုတဲ့ ဒေါသ စိတ်က နဖူးထိပ်ထိ ရောက်နေသည်၊ အဲဒီဒေါသကြောင့်ပဲ  မေမေခေါစာ ပစ်တဲ့နေရာနဲ့ မနီးမဝေးမှာ သွားနေလိုက်သည်။

စာရေးသူက ရွာသူလာစားလျှင် ရိုက်ဘို့ ၀ါးရင်းတုတ်တစ်ချောင်းကို ကိုင်လျှက် အရိပ်ရသည့်နေရာမှ စောင့်ကြည့်နေသည်၊ ခဏကြာတော့ ခွေးတစ်ကောင်က ထိုခေါစာကို လာစားသည်၊ ဒေါသထွက်နေတဲ့ စာရေးသူလည်း ဘာမှ တွေးမနေတော့ဘူး၊ လက်ထဲရှိတဲ့ ၀ါးရင်တုတ်နဲ့ ဒီလောက်ရှုပ်တဲ့ခွေးဆိုပြီး လှမ်းပစ်လိုက်ည်၊ “ ဂိန်း ”လို့ အော်ပြေးရမည့်ခွေးက မအော်ပါ၊ သူ့ကို ထိမှန်တော့ စာရေးသူကို ရပ်ကြည့်နေသည်၊ မကျေနပ်တဲ့ ပုံစံနဲ့၊ သိပ်ဒေါသဖြစ်ဘို့ ကောင်းသည်၊ စာရေးသူလည်း နောက်ထပ်ခဲတစ်လုံး ကောက်ဘို့ ရှာနေချိန် ထိုခွေးက ပြန်လစ်ပြေးသည်၊ ခေါစာ ပစ်ထားတဲ့ဥစ္စာလည်း လွင့်စင်သွားသည်၊ စာရေးသူ ပစ်လိုက်သောဝါးရင်းတုတ်က ခွေးကိုထိမှန်သည်၊ ယိုင်ခွေ သွားသော ခွေးက ခေါစာကို တိုက်မိသည်၊ ဒီတော့ ခေါစာလည်း လွင့်စင် မှောက်သွားပြီပေါ့။

စာရေးသူလည်း အရိပ်ထဲမှာပဲ ခဲတစ်လုံးကို ကိုင်ထားလျှက် စောင့်ကြည့်နေသည်၊ ခဏကြာတော့ မေမေက ပစ်ထားတဲ့ ခေါစာကိုလာကြည့်သည်၊ ခေါစာမှောက်နေတာ တွေ့တော့ မေမေ ခဏရပ်ပြီး တွေဝေနေသည်၊ စာရေးသူ အနားရောက်သွားတော့ ဘယ်လိုဖြစ်တာလဲ ဟု မေးသည်၊ စာရေးသူလည်း အဖြစ်မှန်ကို ပြောပြလိုက်သည်၊ အဲလို မလုပ်ရဘူး၊ အဲဒါ ရွာသူက ခွေးကို ပူးကပ်ပြီး လာစားတာ လို့ ပြောသည်၊ ပြီးတော့ အိမ်ပေါ် အမြန်တက်သွားပြီး ပြန်လာသည်၊ လင်ပန်းထဲမှာ စောစာကအတိုင်း ခေါစာပစ်ဘို့ ပါလာပြန်သည်၊ ခေါစာပစ်ပြီး စာရေးသူကိုလည်း အိမ်ပေါ်ခေါ်သွားသည်၊ အိမ်ပေါ်ရောက်တော့ ညီမလေးပါးစပ်ထဲမှာ အမြှုပ်ဖွေးဖွေးတွေက ထမင်းအိုး ဝေကျသလို တက်တက်လာနေသည်၊ ဖေဖေကတော့ “ သမီး ဘုန်းဘုန်းပြန်လာပြီ၊ ဘုန်းဘုန်းပြန်လာပြီ၊ ကန်တော့ရအောင် ကန်တော့ရအောင်” ဆိုပြီး တဖွဖွပြောနေရှာ သည်၊ မေမေရဲ့မောင် ဦးဇင်းရှိသည်လေ။

 ညီမလေးသည် အသည်းအသန် မောဟိုက်နေပေမဲ့ ဖေ့ဖေ့စကားကို ကြားသည်၊ သူ့စိတ်ထဲမှာလည်း ဦးလေးဘုန်းကြီးကို အာရုံပြုနေသည်ထင်သည်၊ “အင်း အင်း အင်း” ဟူသော အဖြေပေးသံက အဆက်မပြတ် ပေါ်ထွက်လာနေသည်၊ မနက် ၄း၀၀ နာရီလောက်မှာ မေမေက အားကြီး ငိုနေပါပြီ၊ မေမေ့ငိုသံနဲ့ ကိုယ်ခန္ဓာက တသိမ့်သိမ့် တုန်လှုပ်နေမှု့ကြောင့် စာရေးသူလည်း နိုးသွားသည်၊ မေမေ့ရင်ခွင်ထဲက ထလိုက်သည်၊ ဖေဖေက ဘဘကြီးတို့နဲ့ စကားပြောနေသည်၊ ညီမလေး ဆုံးသွားပါပြီ၊ ဆုံးသွား သော်လည်း စာရေးသူ ဘာမှန်း မသိခဲ့ဘူး၊ မေမေငိုလို့ လိုက်ငိုမိသေးသည်၊ ရင်ထဲမှာ တော့ ဘယ်လိုမှ မခံစားရ၊ သေသည် ဆုံးသည်ဆိုသော စကားသံလည်း ခဏခဏ ကြားဖူးသည်၊ သို့သော် ထိုစကားသံ၏ အဓိပ္ပာယ် သဘောတရားကို နားမလည်ခဲ့၊ မနက်မိုးလင်းတော့ ရပ်ဝေးမှ ဆွေမျိုးများလည်း ရောက်လာကြသည်၊ စာရေးသူတို့ အမျိုးသည် ဆွေးကြီးမျိုးကြီးဖြစ်သည်၊ ဟဲဟဲ ၊ ကြွားတာနော်၊ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်သာ ရှိနေပါမူ မည်မျှတောင် ပျော်စရာကောင်းလိုက်မည်နည်း၊ ခုတော့ ဒီလိုမဟုတ်ပါ၊ ထားပါတော့လေ (ဆွေးကြီးမျိုးကြီးဆိုလို့ ချမ်းသာတယ် ဂုဏ်တင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်၊ သွေးသားတော်စပ်သူတွေ များစွာရှိတယ်လို့ အရေအတွက်ကို ပြောတာပါ)။

မနက်မိုးလင်းတော့ စာရေးသူက မေမေ့ရင်ခွင်ထဲမှာပါ၊ မေမေက စာရေးသူ ခေါင်းကို ပွတ်သပ်းရင် အမျိုးများနဲ့ စကားပြောလိုက် ငိုလိုက်နဲ့ မေမေလည်း တော်တော်လေး မောဟိုက်နေသည်၊ ညီမလေးကို ရေပတ်တိုက်ပြီး သန့်ရှင်းပေးသည်၊ ပြီးတော့ မေမေက သနပ်ခါးပါ လိမ်းပေးထားသည်၊ အဖွားစော ရောက်လာတော့ “ဟဲ့ ၊ ငါ့မြေး မသေပါဘူးအေ၊ ငါ့မြေးလေး သတိမေ့နေတာပါ၊ ကြည့်စမ်းပါဦး၊ ငါ့မြေးလေးက လှလိုက်တာ၊ အိပ်နေတာပါအေ” လို့ မျက်ရည်တွေ စိုရွဲလို့ ပြောရင်း ငိုနေရှာသည်၊ ဟုတ်ပါသည်၊ ညီမလေးသည် သေသူနဲ့ မတူပါဘူး၊ ပြုံးပြုံးလေးနဲ့ အိပ်နေသလိုပါပဲ၊ ခုမှ ပိုလှနေ သည်ဟုပင် ထင်ရသည်၊ စကားသိပ်တတ်တဲ့ ညီမလေးပါ၊ သုံးနှစ်ပြည့်ဘို့ သုံးရက်ပဲ လိုပါတော့တယ်၊ ရဟန်း(၅)၀ါ ရသည့်ထိ သာသနာ့ဘောင်မှာ နေဖူးသော အဖွားငယ်ရဲ့ ခင်ပွန်းက “သိပ်ပြီး ၀မ်းနည်း မနေကြပါနဲ့၊ နင်တို့ သမီးလေးက ကောင်းရာသုဂတိရောက်မှာ သေချာပါတယ်၊ အတိတ် နိမိတ်ကောင်းကို မြင်ရပြီး သွားရောက်ရမှာ ပျော်လို့ ခုလို ပြုံးပြုံးလေး ဆုံးသွားတာပါ၊ အတိတ်နိမိတ်မကောင်းတာကို မြင်ရပြီး သွားရောက်ရမှာ ကြောက်တဲ့ သူတွေကြတော့ လန့်ပြီး အော်ပြီး မဲ့ရွဲ့ပြီး ဆုံးသွားကြရတာ၊ အဒါလေးကို တွေးပြီး ၀မ်းသာပေးကြပါ၊ ငိုမနေကြပါနဲ့တော့ အရမ်းပင်ပန်းနေကြပြီ” လို့ ပြောသည်။

ဘယ်လိုပင် ပြောသော်လည်း အဖွားစောနဲ့မေမေက မရပါဘူး၊ ငိုသံတွေ ပြောသံဆိုသံ တွေက လျော့မသွားခဲ့၊ မနက်မိုးလင်းတော့ လူတွေအများကြီးရောက်လာသည်၊ ညီမလေးအတွက် ပြင်ဆင်ကြသည်၊ လူရှုပ်ရင် မနေတတ်သော စာရေးသူက ဥယျာဉ်ထဲသို့ သွားနေလိုက်သည်၊ ဘာရယ်လို့တော့ မဟုတ်၊ ယောင်တောင်တောင်နဲ့၊  သေရင် ဘာဖြစ်လဲ ဆုံးရင် ဘာဖြစ်လဲဆိုတဲ့ အတွေးနဲ့သာ လုံးချာလိုက်နေသည်၊ ဗိုက်ဆာလို့ ပြန်လာတော့ နေ့ခင်းအိမ်မှာ လူတွေ သိပ်မရှိကြ၊ ဖေဖေ မေမေနဲ့ ဘဘ ဖွားဖွားတို့ကိုလည်း မတွေ့ရဘူး၊ ပြီးတော့ ညီမလေးကို တွေ့ချင်လာသည်၊ နေ့တိုင်း မြင်နေကြ ညီမလေးကို မမြင်ရ မတွေ့ရတော့ ရင်ထဲမှာ ဟာနေသည်၊ တစ်ခုခု လိုနေသည်၊ အမြဲတမ်း နေနေကြ အိမ်ကလည်း ယောင်တောင်တောင်ကြီးဖြစ်နေသည်၊ အိပ်နေသော ညီမလေးလည်း မရှိတော့ဘူး၊ ဘာညာဘာညာလည်း မမေးချင်ဘူး၊ ဦးကြီးတစ်ယောက်က ထမင်းစားဘို့ ပြောပြီး ပြင်ကျွေးသည်၊ စာရေးသူလည်း ထမင်းစားပြီး ဟိုအဝေးက ဦးလေးငယ်တို့တောသို့ လစ်ထွက်ခဲ့သည်၊ ထမင်းကျွေးသော ဦးကြီးက တားပါသည်၊ ဒီနေ့ ဘယ်မှ မသွားဘို့ ပြောသည်၊ စာရေးသူက လှည့်တောင် မကြည့်ခဲ့ပါဘူး၊ စကားလည်း ပြန်မပြောခဲ့မိဘူး။

ဦးလေးငယ်တို့ မောင်နှမတစ်စုသည် တောမှာပဲနေကြသည်၊ သူတို့တောသည်လည်း စာရေးသူတို့တောလိုပါပဲ ပျော်စရာကောင်းသည်၊ စိမ်းစိုပြီး အေးချမ်းသည်၊ လူအရောက်လည်း နည်းသည်၊ ညနေရောက်တော့ ဦးလေးက ပြန်ဘို့ ပြောသည်၊ စာရေးသူက ညအိပ်မှာဖြစ်ကြောင်း ပြောတော့ ဦးလေးလန့်သွားသည်၊ ဦးလေးငယ်တို့ တစ်အိမ်လုံးနီးပါး စာရေးသူတို့ အိမ်သို့ ရောက်နေကြသည်၊ ဦးလေးငယ်က တောစောင့်နေခဲ့ရသည်၊ စာရေးသူ ညအိမ်မည်ဆိုတော့ မတားချင်သော်လည်း တားသည်၊ သူက ကျောပိုးပြီး ပြန်ပို့ပေးမည်ဟု ပြောသဖြင့် သဘောတူလိုက်သည်၊ မပြန်ချင်တဲ့ စာရေးသူကို ကျောပိုးပြီး လိုက်ပို့သည်၊ လာတုန်းက ခြေညောင်း မောပန်းအောင်လာခဲ့ရသည့် ဒီခရီး အပြန်မှာတော့ ကျောပိုးစီးလို့ ၊ ဟီးးးးးးး ပျော်လိုက်သေးသည်။

အိပ်ပြန်ရောက်တော့ ဖေဖေရော မေမေရော စိတ်ပူနေကြသည်၊ ဒေါ်လေးတို့ကလည်း စာရေးသူကို ဆူသူကဆူ, ချော့သူက ချော့နဲ့၊ မနက်ခင်းကလောက် လူတွေလည်း သိပ်မရှုပ်တော့ဘူး၊ ဘဘကြီးတို့ ဖွားဖွားတို့လည်း ရှိနေကြသည်၊ ဒေါ်လေး တစ်ယောက်ကို မေးကြည့်တော့ ညီမလေးကို သဂြိုလ်လိုက်ပြီးတဲ့၊ သဂြိုလ်တယ်ဆိုတာ ဘာမှန်းမသိပေမဲ့ ထပ်ပြီးမမေးတော့ပါဘူး၊ ဦးလေးငယ်က ဖေဖေနဲ့မေမေ့ကို အကြောင်းစုံ ပြောပြပြီး ထမင်းစားသည်၊ ပြီးတော့ မျက်နှာမကောင်းစွာနဲ့တောသို့ ပြန်သွားသည်၊ စာရေးသူလည်း မေမေ့ရင်ခွင်ထဲမှာ ထိုးအိပ်လိုက်သည်၊ ဒေါ်လေး တစ်ယောက်က လာခေါ်သည်၊ ပွေ့ခေါ်သွားသည်၊ ဒေါ်လေးက သူ့လက်မောင်းပေါ်မှာ စာရေးသူကို သိပ်သည်၊ ပြီးတော့ “သားလေး၊ သားလေး မေမေနေ့ခင်းက မေ့လဲသွားသေးတယ်၊ သားလေးက ဘယ်ရောက်နေတာလဲ” လို့ ပြောသည်၊ မေမေနေ့ခင်းက ငိုတာလွန်ပြီး မေ့လဲသွားသတဲ့၊ စာရေးသူ ဘာမှမသိခဲ့ဘူး၊ ခုထိတိုင်အောင် ညီမလေးကို ဘယ်နေရာ ဘယ်လိုပုံစံနဲ့ သဂြိုလ်ခဲ့လဲဆိုတာကို မသိ၊ ညီမလေး ကောင်းရာမွန်ရာ ဘုံဘ၀မှာ ပျော်နေပါစေလို့ပဲ ဆုတောင်းကာ နေမိတော့ သည်၊ (ညီမလေးကို နေ့ချင်း သဂြိုလ်ရသည်၊ အကြောင်းမှာ အမေကြီးပွဲတော်ရက် အတွင်းဖြစ်နေလို့တဲ့၊ အဲဒီအမေကြီးကို မြင်းစီးပြီး စီးချင်းထိုး တိုက်ပစ်ချင်သည်၊ စိတ်နာ လွန်းလို့)။

ညီမလေးဆုံးပြီးတဲ့နောက်ပိုင်းမှာ ဖေဖေက ညဘက် တောပစ် မထွက်တော့ပါဘူး၊ လေးပစ်လည်း သင်မပေးတော့ပါဘူး၊ လှံကိုင်ပြီး တောင်ကောင်လိုက်လည်း မသွားတော့ပါဘူး၊ သေနတ်ထမ်းပြီး တောကောင်ပစ်လည်း မထွက်တော့ပါဘူး၊ ဒါပေမဲ့ သံကွင်းတွေ ညွှပ်ကိုင်းတွေနဲ့တော့ အကောင်တွေ ထောင်ဖမ်းနေဆဲပါပဲ၊ ဖေဖေထောင်ဖမ်းလို့ရတဲ့ ဂျီ ဆိုလည်း မနည်းလှဘူး၊ ဂျီဂျိုတွေ ဂျီသားရေတွေက သက်သေပြနေပါတယ်၊ တစ်နေ့တော့ ဖေဖေထောင်ထားတဲ့ သံကွင်းမှာ ဘဘရဲ့ခွေး  မိနေပါတယ်၊ မိပြီးဆိုတာနဲ့ သေပြီပေါ့နော်၊ သတ်စရာမလိုပါဘူး၊ မိတာနဲ့ အသေသတ်တဲ့ သစ်တုံးကြီးကြီးနဲ့ မောင်းဆင်ထားပြီးသားပါ၊ ဘဘရဲ့ခွေး သေသွားတော့ ဖေဖေက ပြုံးတုံ့တုံ့နဲ့ စိတ်မကောင်းတော့ ဖြစ်နေဟန်တူသည်၊ သို့သော်လည်း သံကွင်းကို ထပ်ထောင်ထားခဲ့သည်၊ နောက်နှစ်ရက်လောက် အကြာမှာတော့ ဂျီကလေးတစ်ကောင် မိသည်၊ သစ်တုံးဒဏ်ကြောင့် ကြေမွလို့ပါပဲ၊ အဲဒီဂျီကလေးကို ဖေဖေက အိမ်သို့ယူ မလာခဲ့ပါဘူး၊ တောက ဥယျာဉ်ထဲမှာပဲ မြှုပ်ထားခဲ့သည်၊ ပြီးတော့ ဖေဖေက သံကွင်းတွေကို အားလုံးလိုက်ဖြုတ်တော့သည်၊ ညွှတ်ကိုင်းတွေကိုလည်း ဖြုတ်သည်၊ ခုတော့ လှံရှည်ရော ဒူးလေးရော သံကွင်းတွေရော ညွှတ်ကိုင်းတွေရော အသက်မဲ့နေခဲ့ပါပြီ။

ဖေဖေသည် ညီမလေးကို အရမ်းချစ်ခဲ့သည်၊ ညီမလေးဆုံးတော့ ဖေဖေ ရင်ကွဲမတတ် ခံစားခဲ့ရသည်၊ မျက်ရည်မကျခဲ့လို့ ဖေဖေ မခံစားရဘူးလို့တော့ မထင်လိုက်ပါနဲ့၊ ဖေဖေ့မှာ မျက်ရည်မရှိသလိုဖြစ်နေလို့ မျက်ရည်တော့ မကျခဲ့ပါဘူး၊ ဂျီကလေး သေဆုံးချိန်မှာ ဂျီမိခင်ကြီး ဖခင်ကြီးများ ဘယ်လောက်တောင် ခံစားရ လိမ့်မလဲ လို့ တွေးမိပြီး ဖေဖေက အဲဒီအလုပ်တွေကို လုံးဝစွန့်ပစ်ခဲ့တယ်၊ ဖေဖေ့မှာ အဲလိုကိုယ်ချင်းစာ တရားလေး ကိန်းလာတာဟာ ညီမလေး ကျေးဇူးကြောင့်ပါ၊ အဲဒီလိုဖြစ်လာဘို့ ညီမလေးက သေဆုံးပေးခဲ့ရသလိုပါပဲ၊ ညီမလေးဆုံးသွားလို့သာ ဖေဖေ့မှာ အဲလို ကိုယ်ချင်းစာတရားလေးတွေ ကိန်းလာခဲ့တာပါ။

 ညီမလေးကို လွမ်းဆွတ်သတိရ တမ်းတနေမိပေမဲ့ ညီမလေးကြောင့် ဖေဖေ့ လုပ်ရပ်တွေ ပြောင်းလဲလာတာကို တွေ့ရတော့ ညီမလေးကို အရမ်းကျေးဇူး တင်နေမိ သည်၊ ညီမလေးရေ ကောင်းရာ သုဂတိဘ၀မှာ ဒို့ဖေဖေရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှု့ လုပ်ရပ်လေးကို မြင်ယောင် ကျေနပ်နိုင်ပါစေနော်၊ ဖေဖေဒီလို ပြောင်းလဲလာတာဟာ ညီမလေးကျေးဇူးကြောင့်ပါလို့ ကိုကိုပြောချင်ပါတယ်၊ ညီမလေးနဲ့ ခွဲခွါနေရတာကို ၀မ်းနည်းမိပေမဲ့ ဖေဖေ့ကို ပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့အတွက် ကျေးဇူးပါ ညီမလေးရယ် ----------------

( ကိုယ့်လူမျိုးစုဝင် ကိုယ့်ဘာသာဝင်များ ကောင်းစားဘို့ တိုးတက်ဘို့ များပြားလာဘို့ အတွက်သာ စိတ်ကူး ကြံစည် လုပ်ဆောင်နေကြသော အတ္တသမားများအနေနဲ့ ကိုယ်ချင်းစာ တရားလေး မြန်မြန်မွေးပေးနိုင်ကြပါစေ၊ လူသားချင်း စာနာမှု့ လူ့အခွင့် အရေးကို နားလည်မှု့ဖြင့် တစ်ခြားလူမျိုး တစ်ခြားဘာသာကို စော်ကားပုတ်ခပ်ခြင်း ရန်ပြုမှုခြင်း အတင်းသိမ်းသွင်းခြင်း  မတရားအနိုင်ကျင့် ဖျက်ဆီးခြင်းများ မြန်မြန်ကင်းဝေးပါစေ လို့ ဒီဆောင်းပါးလေးနဲ့ ဆန္ဒပြုပါတယ်၊ ငြိမ်းချမ်းသော ကမ္ဘာလောကကြီးကို တည်ဆောက်နိုင်ဘို့ ကိုယ်ချင်းစာတရား ကိုယ်စီထားကြပါစို့ -- )။




Friday, January 6, 2012

သူငယ်ချင်းနဲ့ ပြိတ္တာ


စာရေးသူမှာသူငယ်ချင်း တစ်ယောက်ရှိသည်၊ ဘောလုံးကန်အရမ်းကောင်းသည်၊ ကြေးစားလို့တောင် ပြောလို့ရပါသည်၊ သူ အကြိုက်ဆုံးအသင်းက ရီရဲမက်ဒရစ်ပါ၊ ရီရဲအသင်းရဲ့ ဂျာစီ ဓာတ်ပုံများကိုလည်း အမြဲဝယ်ထားတတ်သည်၊ သူပါသော ချိန်းပွဲများဆိုလျှင် စာရေးကို ခေါ်တတ်သည်၊ စာရေးသူလည်း လိုက်ပြီးအားပေးရ သည်လေ၊ စာရေးသူကတော့ ဘောလုံးကန်တာကို ၀ါသနာပါပေမဲ့ လူချတာများလို့ မကန်ဖြစ်တော့၊ ၀င်ကန်တဲ့ ပွဲတိုင်းလိုလိုလည်း ရန်ပွဲနွဲရတာများသည်၊ ရန်ပွဲကြောင့်ပဲ သူငယ်ချင်းများကကန်ခွင့်မပြု၊ သူတို့ငဲ့ညှာပြီး မကန်ဖြစ်တာလည်း ကြာခဲ့ပါပြီ၊ တစ်နေ့ သူငယ်ချင်းက သူ့ကိုယ်တွေ့အဖြစ်ပျက်တစ်ခုကို အားရပါးရ ပြောပြသည်၊ တကယ်ကို တွေးတွေးပြီး ကြောက်မိသည်၊ အဲဒီအဖြစ်အပျက်လေးကို ဖတ်ကြည့်ကြပါစို့နော်။

ဦးသြဘာသဆိုတဲ့ ဦးဇင်းတစ်ပါးရှိသည်၊ သူသည် စာမေးပွဲကို ငါးနှစ်တိတိကျခဲ့သည်၊ ထို့ကြောင့် အရမ်းကို စိတ်ညစ်နေသည်၊ စိတ်လေနေသည်၊ သူ့မှာယုံချက်တွေ လုံးဝပျောက်ဆုံးနေသည်၊ စာလည်း မလုပ်ချင်တော့၊ စာလည်း မသင်ချင်တော့၊ စာမေးပွဲလည်း မဖြေချင်တော့၊ ဖြေလည်း အောင်လိမ့်မယ်ဟု မယုံကြည်တော့၊ ကျောင်းမှာနေတာ နှစ်တွေလည်း ကြာလာတော့ ဆရာတော်ကြီးက သူ့ကို ကျောင်းဝေယျာဝစ္စလုပ်ရင် ကျေနပ်ပြီး ဟုပြောကာ ထားသည်၊ သူကလည်း ကျောင်း ဝေယျာဝစ္စကို ကျေပွန်အောင်လုပ်သည်၊ အားတဲ့အချိန်မှာတော့ သူနဲ့ရင်းနှီးသော မောင်ငယ်တို့အိမ်ကို သွားနေသည်၊ မောင်ငယ်နဲ့ကလည်း ညီအစ်ကိုရင်းတွေကို ခင်မင်ရင်းနှီးသည်၊ မောင်ငယ်က ကျောက်အရောင်းအ၀ယ်လုပ်သည်။

တစ်ရက်တော့ မောင်ငယ်က ကျောက်အရောင်းအ၀ယ်ဖြစ်ကာ သိန်း(၂၀) မြတ်လာ သည်၊ ဒါနဲ့ ဆိုင်ကယ်အသစ်တစ်စီး ၀ယ်လိုက်သည်၊ ဖြစ်ချင်တော့ အဲဒီလက ဦးသြဘာသနဲ့ စာရေးသူရဲ့ သူငယ်ချင်းက အလည်တိုက်ကြီးမှာ အစောင့်ကြနေသည်၊ အလည်တိုက်ကြီး၏ အိပ်ခန်းသည် သုံးပါးသာ အိပ်လို့ရသည်၊ အစောင့်ကြသော သူများသည် ထိုအခန်းမှာ အိပ်ရသည်၊ အစောင့်တစ်ခါတစ်ခါကို နှစ်ပါးနှစ်ပါး စောင့် အိပ်ရသည်၊ ဦးသြဘာသနဲ့ သူငယ်ချင်းလည်း ညအိပ်ချိန်မှသာ လာအိပ်သည်၊ နေ့ခင်းဆိုရင် အလည်တိုက်ပေါ်ကို မတက်ဖြစ်ကြ၊ အိပ်ယာမှ နိုးထလျှင်လည်း ပစ်ထားခဲ့ကြသည်၊ ခြင်ထောင်ခေါက်သည် မရှိ၊ အဲဒီလောက်ထိ သံယောဇဉ်ရှိတာ၊ ဟဲဟဲ၊ တာဝန်ကျလို့သာ နေနေရတာ၊  မနေချင်ကြပါ၊ ဒီနေ့ ည (၁၀း၀၀)နာရီ လောက်မှာ မောင်ငယ်က ဦးသြဘာသကို လာခေါ်သည်၊ ဦးသြဘာသလည်း လူထွက်ချင် နေသည်မို့ အငြင်းတော့ပဲ လူဝတ်လဲကာ လိုက်သွားတော့သည်၊ ဦးဇင်းလူထွက်သည့်နေ့ (ရှင်လိင်ပြန်သည့်နေ့ အပျော်ဆုံးနေ့ဆိုပဲ) မို့ အပြတ်ပျော် လိုက်မည်ဟုများ စိတ်ထဲမှာတွေးထားသလား မပြောတတ်၊ မောင်ငယ်နဲ့ ထွက်သွားသည်၊ မောင်ငယ်ကလည်း ဆိုင်ကယ်ကို အကြမ်းမောင်းသည်။

၈၅ - လမ်းပေါ်က ဓာတ်ဆီဆိုင်မှာ ဆီဖြည့်သည်၊ ပြီးတာနဲ့ ဆီဆိုင်မှ အထွက် ဆိုင်ကယ်ချင်း နှုတ်ဆက်သလိုဖြစ်ပြီး “ဗြုန်း”ဆိုတဲ့အသံအတူ လန်ကျလို့ သွားပါတော့ သည်၊ မောင်ငယ်က ကတ္တရာလမ်းနဲ့အနမ်းပေးလိုက်ပြီး ခေါင်းတစ်ခြမ်း ကွဲလန်သွား သည်၊ အပျော်ဆုံးနေ့လေးကို လက်ဝယ်ပိုက် ဆိုင်ကယ်မောင်းကြမ်းတဲ့ မောင်ငယ် နောက်လိုက်ခဲ့တဲ့ ကိုသြဘာလေးမှာတော့ ခြေတစ်ချောင်းထော့နဲ့ထော့နဲ့ ဖြစ်သွား သည်၊ လက်တစ်ဘက်က လှုပ်လို့မရတော့ ကျိုးသွားရှာသည်၊ အနီးနားက လူတွေက ၀ိုင်းဦးကြည့်ကြ၊ သက်ဆိုင်ရာတွေရောက်လာတော့ မှတ်ချက်တွေရေး၊ ကိုသြဘာကို ကူညီဘို့အရေး ဆေးခန်းကို ပြေးရပြန်သည်၊ မောင်ငယ်ကတော့ ပွဲချင်းပြီး သွေးအေး သွားခဲ့သည်၊ အင်း ဖြစ်ချင်ရင် နေ့တွေ နေရာတွေ ရွေးနေလို့ မလွတ်ပါဘူးလေ။

စာရေးသူ၏ သူငယ်ချင်းက မြို့ထဲက အဖြစ်အပျက်ကို မသိပါ၊ သူတစ်ယောက် တည်းသာ မီးဖွင့်ပြီး အလည်တိုက်ကြီးပေါ်မှာ အိပ်နေရှာသည်၊ သူအိပ်လို့ မပျော်သေးပါ၊ အခန်းတံခါး ပွင့်လာသည်၊ ကိုသြဘာ ပြန်လာသည်ထင်ပြီး လှည့်ကြည့်မိသည်၊ မြင်ရသည်က သွေးသံရဲရဲ ခေါင်းတစ်ခြမ်းဟက်တက်ကွဲနဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာနဲ့ မောင်ငယ် ဖြစ်နေသည်၊ အံ့သြနေမိပေမဲ့ နည်းနည်းမှမလှုပ် ကုတ်ကုတ်လေးကြည့်နေမိသည်၊ မောင်ငယ်က သူငယ်ချင်း အိပ်နေပြီ ထင်သဖြင့် မခေါက်မသိမ်းရသေးတဲ့ကိုသြခြင်ထောင်ကို မ - ကြည့်သည်၊ ပြီးတော့ “ဦးသြ၊ ဦးသြ ကံကောင်းပါတယ်၊ ကျွန်တော်ကတော့ ခေါင်းကွဲသွားတယ်” လို့ ပြောပြီး အခန်းမှ ပြန်ထွက်သွားသည်၊ သူငယ်ချင်းလည်း “ အမလေး ” လို့ အော်ဘို့ပင် မေ့နေသည်၊ အမြဲနေသော အဆောင်သို့ ခြေကုန်တင်ပြေးတော့သည်။

အဆောင်ပြန်ရောက်တော့ သူ့နေရာလေးမှာ အသာလေးကွေးနေသည်၊ ခြင်ထောင်က မရှိတော့၊ အလည်တိုက်ကြီးပေါ်မှာ ကျန်နေခဲ့သည်၊ ခြင်မြည်သံကြောင့် အိပ်လို့က မပျော်၊ မတွေးသော်လည်း ပေါ်ပေါ်လာသည်က မောင်ငယ့်မျက်နှာ၊ ကြက်သီးပင် ထထလာသည်၊ ည နက်ချိန်က အသည်းယားစရာ တိတ်ဆိတ်လွန်းလှသည်၊ ဘေးက အိပ်နေသူ၏ တိုးတိတ်စွာ အသက်ရှုသံပင် သဲသဲကွဲကွဲကြားနေရသည်၊ နာရီသံက တချောက်ချောက်နဲ့၊ ခဏကြာတော့ ကိုယ်တော်လေးတစ်ပါး အပေါ့စွန့်ဘို့ ထသွားသည်၊ သူငယ်ချင်းလည်း အားရှိသွားသည်၊ တစ်ပါးအဖော်ရသည်ပေါ့၊ ခဏကြာတော့ “အားးးးးးးးးးးး”ဟူသော စူးစူးဝါးဝါး အော်သံကြောင့် ထထိုင်လိုက်သည်၊ ပြေးတက်လာသော ခြေသံနဲ့အတူ အပေါ့စွန့်သွားသော ကိုယ်တော်လေး ရောက်လာ သည်၊ သူလည်း သူငယ်ချင်းလို မောဟိုက်လို့နေသည်၊ မျက်နှာမှာလည်း ချွေးသီးချွေး ပေါက်လေးတွေနဲ့၊ သူငယ်ချင်းလည်း အံ့သြစွာဖြင့် “ဘာဖြစ်တာလဲ” လို့ အနားကပ်ကာ မေးကြည့်သည်၊ တိုးတိုးလေးပေါ့နော်၊ ဘေးမှာက အိပ်ပျော်နေသူတွေရှိတယ်လေ၊ အပေါ့စွန့်သွားတဲ့ ကိုယ်တော်လေး ပြောပြမှ ပိုပြီးအံ့သြ ထိပ်လန့်သွားသည်၊ ထိုကိုယ်တော်လေးလည်း မောင်ငယ်ကို မြင်ခဲ့ရသည်လေ။

ထိုကိုယ်တော်လေးသည် အပေါ့စွန့်ရန် လုပ်ထားသော ရေလောင်းကျင်ငယ်အိမ်တွင် အပေါ့စွန့်နေသည်၊ ရေလောင်းကျင်ငယ်အိမ်သည် အလယ်မှာ ကာထားသည်၊ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထိုင်ပြီး အပေါ့စွန့်လျှင် တစ်ယောက်ကို တစ်ယောက်မမြင်ရပါ၊ မမြင်ရအောင်လည်း အကာလုပ်ပေးထားသည်၊ ထိုကိုယ်တော် လေး ထိုင်ပြီးအပေါ့စွန့်နေစဉ် တစ်ဘက်မှာ အပေါ့လာစွန့်သည့် ခြေသံ အပေါ့စွန့်သံ လောင်းထည့်သည့်ရေသံများကို ကြားရသည်၊ ထိုကိုယ်တော်လေး လည်း “ဒီကောင် အပေါ့စွန့်တာ မြန်လှချည်းလား”လို့ တွေးပြီး အားကုန်ညှစ်ကာ အပေါ့စွန့်မိသည်၊ အဖော်ရှိတော့ အားတက်တာပေါ့နော်၊ ညဘက်ဆိုတာ အလိုလို တိတ်ဆိတ်မှု့နဲ့တင် ကြောက်စရာကောင်းနေပါသည်။

ထိုကိုယ်တော်လေး အပေါ့စွန့် ရေလောင်းပြီးသော်လည်း တစ်ဘက်ကလူ ပြန်သွား သည့်ခြေသံကို မကြားရပါ၊ ဒါနဲ့ ဘယ်သူများလဲလို့ သိအောင် ထပြီး တစ်ဘက် ကျင်ငယ်အိမ်ဘက်သို့ ငဲ့ကြည့်လိုက်သည်၊ ဟာ ခေါင်းဟက်တက်ကွဲနဲ့ ထိုင်နေတဲ့ မောင်ငယ်၊ သွေးသံရဲရဲနဲ့ နီရဲနေတဲ့ မြင်ကွင်း၊ ချက်ချင်းပဲ အလန့်တကြားအော်ဟစ်ကာ ပြေးတက်ခဲ့တော့သည်၊ လှေကားထစ် (၁၅) ထစ်လောက်ရှိတာတောင် တစ်ခါတည်း ခုန်တက်လိုက်မိသည် ထင်သည်၊ တစ်ယောက်နဲ့တစ်ယောက် ပြောပြပြီး ထိုကိုယ်တော်လေးနဲ့ သူငယ်ချင်းမှာ မအိပ်နိုင်တော့ပါ၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့သာ နေတော့သည်၊ မနက် (၄) နာရီထိုးတော့ ဆွမ်းချက်ဘို့ အလှည့်ကျတဲ့ ကိုယ်တော်လေး သုံးပါးက ထကြပြီ၊ သူတို့ကို ကူညီရင်း သူငယ်ချင်းလည်း မအိပ်ပဲနေလိုက်တော့သည်၊ မနက်လင်းတော့ တာဝန်ရှိသူများက ဆရာတော့်ဆီလာပြီး ညက အဖြစ်အပျက်တွေကို လာရောက်လျှောက်ထားပါသည်၊ ဆရာတော်လည်း ကိုယ့်ကျောင်းမှာ နေသူမို့ စားစရာ ထမင်းဟင်းများ ဆေးဘိုးအတွက်လိုအပ်တဲ့ ငွေကြေးများ ထုပ်ပေးပြီး ကိုယ်တော်လေးများကို ကိုသြဘာကို စောင့်ရှောက်ဘို့ လွှတ်ရသည်၊ ကျောင်းသံဃာများအားလုံး ညကဆိုင်ကယ်မတော်တဆ အဖြစ်အပျက်ကို ခုမှသိကြရသည်၊ သို့သော်လည်း သူငယ်ချင်းနဲ့ အပေါ့စွန့်တဲ့ ကိုယ်တော် လေးမှာတော့ ညက ချက်ချင်းပင် မောင်ငယ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေသည်။

အထက်ပါ အဖြစ်အပျက်သည် အဖြစ်မှန်ပင်ဖြစ်သည်၊ စာဖတ်သူများ ယုံနိုင်မည် မယုံနိုင်မည်တော့ စာရေးသူ မပြောတတ်၊ နာမည်များကိုတော့ ဖြတ်လျှက် ထည့်ထားပါ သည်၊ နာမည်အရင်းများ မဟုတ်ပါ၊ ပြိတ္တာဘ၀နဲ့ မောင်ငယ်ရောက်လာ နိုင်သည်ကိုတော့ စာရေးသူက ယုံမိသည်၊ သို့သော်လည်း သေပြီးတဲ့ ခန္ဓာကိုယ်နဲ့ လာနိုင်သလား၊ သေနေတဲ့ခန္ဓာကိုယ်နဲ့ လာဘို့ရော လိုသလားလို့တော့ ခဏခဏ တွေးမိခဲ့သည်၊ သူသေသွားတဲ့ ခန္ဓာနဲ့ပဲ ပြိတ္တာဖြစ်ရသည်လို့တော့ မကြားဖူးပါ၊ ဘ၀သစ်မှာ ခန္ဓာသစ်နဲ့ပဲ ဖြစ်သင့်သည်ဟု တွေးမိခဲ့သည်၊ သေသောခန္ဓာနဲ့ဘ၀သစ်မှာ ဖြစ်နေတာဆိုလို့ အသညသတ်ဗြဟ္မာများသာ ရှိသည်ဟု မှတ်ထားဖူးသည်၊ ကံတရားရဲ့ ဆန်းပြားပုံကလည်း ရှိနေပြန်သည်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ သိစေချင်သော ဗဟုသုတ သံဝေဂရစေချင်သော ဆန္ဒသက်သက်နဲ့ ဒီအဖြစ်အပျက်လေးကို ရေးချက်လိုက်ပါ သည်ဟု -------------------

Monday, January 2, 2012

ငါတို့က သာဓုတွေပါကွာ


ဒီနေ့ တတိယအကြိမ် လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲအခန်းအနားရှိသည်၊ နေ့လည်စာ စားကြတော့ စာရေးသူက တစ်ဝိုင်းထိုင်တဲ့ သူငယ်ချင်းကို “ ဟေ့ ဒီနေ့ ညနေ ၃း၀၀ မှာ လင်္ကာတမန် မဂ္ဂဇင်း မိတ်ဆက်ပွဲ ရှိတယ်နော် ” လို့ ပြောလိုက်သည်၊ သူငယ်ချင်းက “ အဲဒါ ငါတို့နဲ့ သိပ်မဆိုင်သလိုပဲ၊ ငါတို့က ဘာမှ မဟုတ်ဘူး၊ ငါတို့က သာဓုကောင်တွေပါကွာ၊ သာဓု လောက်ပဲ ရတဲ့ကောင်တွေပါ၊ အဲလောက်ပဲ အသုံးဝင်တာလေ” လို့ ပြောသည်၊ စာရေးသူလည်း သဘောကျလို့ အားရအောင် ရယ်မိလိုက်သည်၊ မပြီးသေးတဲ့ နေ့လည်စာတောင် မစားချင်တော့၊ ဗိုက်နာနေသည်၊ သဘောကျရင် အဲလိုကို ရယ်တတ်တဲ့ စာရေးသူပါ။

စာရေးသူလည်း “ မင်းက မှတ်တမ်းတင်ရမှာလေကွာ၊ ကင်မရာ ယူလာခဲ့ပေါ့၊ မင်းက သတင်းဖြန့်ဝေရေးပဲဟာ” လို့ ပြောမိသည်၊ ဒီတော့ သူငယ်ချင်းက “ င့ါမှာ ကင်မရာမှ မရှိတာ” တဲ့၊ စာရေးသူ ထပ်ပြီး ဗိုက်နာရပြန်သည်၊ အဲဒီသူငယ်ချင်းက စာရေးသူနဲ့ တော်တော်လေးကို ရင်နှီးသည်၊ ခင်ဘို့လည်း သိပ်ကောင်းပါသည်၊ စာရေးသူလည်း အပြောမတတ်ပါဘူး၊ အပြောမတတ်ဆို စကားပြောတာ မပြေပြစ်ဘူး မကြေညစ်ဘူးလို့ ပြောတာ ပိုအဆင်ပြေပါလိမ့်မယ်၊ တည့်တွေချည်းပဲ ဒိုးဒိုးဒေါက်ဒေါက်ပဲ ပြောတတ် သည်၊ အဲ့ဒီသူငယ်ချင်းက စာရေးသူထက်ပိုသည်၊ ဟာဟ၊ သူမသိတုန်း သူ့အတင်းလေး နည်းနည်းပါးပါးတော့ တုတ်လိုက်ဦးမှ၊ ဒီလိုနဲ့ စားလို့ပြီးတော့ “ သာဓုတွေပါဆိုတာကို ငါ သဘောကျတယ်ကွ၊ စာတစ်ပုဒ်တော့ ရေးဦးမှနဲ့တူတယ် ” လို့ ပြောမိသည်၊ သူကလည်း “ရေးကွာ”လို့ ပြောသည်၊ သူပြောတာ အတည်ဟုတ်မဟုတ်တော့ မသိ၊ စာရေးသူ ကတော့ ယခု တကယ် ရေးနေမိပါပြီ။

မဂ္ဂဇင်းစာအုပ်မိတ်ဆက်ပွဲ တက်လိုက်တော့ သူငယ်ချင်းက ကင်မရာတစ်လုံးနဲ့ လက်စွမ်း ပြနေပါပြီ၊ ဘယ်သူ့ ကင်မရာလဲတော့ မသိ၊ စာရေးသူရောက်တော့ သူ့ဘေးက ခုံတစ်ခုံမှာ ထိုင်လိုက်သည်၊ သူက စာဖတ်နေပုံ လုပ်ခိုင်းသည်၊ ပြီးတော့ ဓာတ်ပုံတစ်ပုံ ရိုက်ယူသည်၊ ဒါမျိုးတွေက ရိုးတော့ ရိုးနေပါပြီ၊ မြန်မာပြည်မှာ တုန်းကလည်း စာသင်နေပုံ လုပ်ခိုင်းပြီး ဓာတ်ပုံရိုက်တာတွေ ခဏခဏကြုံခဲ့ရဘူး သည်လေ၊ ရယ်တော့ ရယ်စရာပဲနော်၊ ဟန်ဆောင်နေခဲ့ရမှု့တွေ သိပ်များနေတော့ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ရှက်မိပါသည်၊ ဘယ်လိုဟန်ဆောင်မှု့မျိုးကိုမှ စာရေးသူ မလုပ်ချင်ပါ၊ အဲဒါဟာ ရင်ထဲက ဆန္ဒအမှန်ပါ၊ ဒါပေမဲ့ လောကကြီးကိုက ဟန်ဆောင် တတ်အောင် သင်ပေးနေသလို ခံစားရသည့်အခါလည်း ရှိနေပြန်ပါသည်၊ ခက်တော့ လည်း ခက်သားနော်။

စာပေမိတ်ဆက်ပွဲ အခမ်းအနားမှာ အဓိကခေါင်းဆောင်များနဲ့ စာမူရှင်များကို မဂ္ဂဇင်းစာအုပ် လက်ဆောင်အဖြစ်ပေးအပ်ပါသည်၊ စာရေးသူလည်း စာမူရှင် တစ်ယောက်အနေနဲ့ စာအုပ်တစ်အုပ်ရခဲ့ပါသည်၊ သို့သော်လည်း မပျော်ပါ၊ အကြောင်းမှာ စာရေးသူ၏ ဆောင်းပါးကို စာရေးသူမကြိုက်သော “ မည်သို့ပင် ဆိုစေကာမူ ” စသော စကားလုံးများဖြင့် အစားထိုးပြင်ထားသောကြောင့် ဖြစ်သည်၊ တစ်ချို့ စကားလုံးများသည် အယ်ဒီတာများအနေဖြင့် နှစ်သက်ချင် နှစ်သက်ပေ လိမ့်မည်၊ သို့သော် စာရေးမကြိုက်၊ ထို့ကြောင့် စာမူအရွေးခံရသဖြင့် စာအုပ် လက်ဆောင်ရသဖြင့် ပျော်ရမည့်အစား မရွေးခံရလျှင် မပါလျှင် ပိုကောင်းမည် ဟု စိတ်ပိန်စွာ စိတ်မကောင်းစွာတွေးနေမိသည်၊ အင်း  အယ်ဒီတာတွေအားလုံးက စာရေးသူထက် အစစအရာရာ အဘက်ဘက်မှ တော်နေသူတွေဆိုတော့လည်း ကောင်းသထက် ကောင်းဘို့ပြင်တာ ဖြစ်မှာပါလေ၊ စာရေးသူကတော့ မကြိုက်ပါ၊ ( အယ်ဒီတာများအနေနဲ့ သတ်ပုံမှားနေတာ သတ်ပုံကျနေတာများကိုသာ ပရုဖတ်ပြီး ပြင်သင့်သည်ဟု စာရေးသူ ထင်မိသည်၊ စာရေးသူရဲ့ အာဘော် စကားလုံးအသုံး အနှုန်းများကိုတော့ မပြင်သင့်ဟု တွေးထင်မိသည်၊ သို့သော်လည်း စာရေးသူအနေနဲ့ စာပေရေးရာ စည်းကမ်းချက်များကို ကောင်းကောင်းနားမလည်တာကြောင့် ထိုသို့ တွေးမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်)။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ခုတော့ စာရေးသူက သာဓုသူငယ်ချင်းကိုသာ လိုက်ကြည့်နေမိသည်၊ (သာဓုတွေပါ ဟုပြောခဲ့သော သူငယ်ချင်း)၊ အခမ်းအနား စပါပြီ၊ သာဓုသူငယ်ချင်းက ကင်မရာတစ်လုံးနဲ့ ဒေါင့်စေ့အောင် ရိုက်နေရှာသည်၊ အခမ်းအနားတွင် တာဝန်ရှိပုဂ္ဂိုလ်များက တစ်ယောက်ပြီး တစ်ယောက် သူတို့တာဝန် ကျရာ အခန်းကဏ္ဍ အကြောင်းအရာများကို ပြောပြသည်၊ တစ်ယောက်ပြီးတိုင်း သာဓု ၃ ကြိမ်ခေါ်ရသည်၊ ဟိ ၊ သာဓုသူငယ်ချင်းမှာလည်း ဓာတ်ပုံရိုက်လိုက် လက်အုပ်လေးချီ ကာ သာဓုခေါ်လိုက်နဲ့ အခမ်းအနားပြီးဆုံးခဲ့ရသည်၊ ပွဲပြီးတော့မှ “သြော် သူပြောတဲ့ သာဓုတွေပါကွာ” ဆိုတဲ့ သဘောကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့သည်။

စာရေးသူသည် တရားပွဲတော်တော်များများကို နာဖူးပါသည်၊ တရားပွဲတွေမှာ သာဓုခဏခဏခေါ်ရသော တရားပွဲဆိုလျှင် သိပ်စိတ်ပျက်သည်၊ “သာဓုဆိုတာ သဘောကျ နှစ်သက်လို့ ကောင်းလိုက်တာ ကောင်းလိုက်တာ ” လို့ ကောင်းချီးပေးတဲ့ စကားသံပါ၊ တစ်ချို့ဆရာတော်တွေပြောတာ ဟောတာကို စာရေးသူ သဘောမကျပါ၊ အဲဒီအခါမျိုးမှာ စာရေးသူ သာဓုလို့ လိုက်မခေါ်ပါ၊ မဆိုပါ၊ စာရေးသူအနေနဲ့ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ရှိပါတယ်နော်၊ တရားသဘောက အရမ်းကို သဘာဝကျပြီး ကောင်းမွန်ပါသည်၊ ပြည့်စုံပါသည်၊ လေးနက်ပါသည်၊ တရားကို ဟောပြောသော ပုဂ္ဂိုလ်များ၏ အတွေးနဲ့ ပြောပြချက်တွေကြောင့် ပေါ့သွားတာ တိမ်သွားတာတွေ ရှိနေတတ်သည်၊ စာရေးသူကိုယ်တိုင်က တရားဟောတာလည်း ၀ါသနာ မပါပါ၊ ဟောလည်း မဟောတတ်ပါ၊ စာချဘုန်းကြီးပီပီ စကားပြောသလိုသာ ပြောတတ်သည်၊ ဒါကြောင့် တရားဟောသော ဆရာတော်များကို မကြိုက်တာ တစ်ချို့ရှိသော်လည်း ပုဂ္ဂိုလ်လို့ သုံးနှုန်းခေါ်ဝေါ ပြောဆိုပါသည်၊ (စာရေးသူ ထင်တာက ပုဂ္ဂိုလ်ဆိုတာ အပုတ်စာ စားတဲ့ သက်ရှိအားလုံးနဲ့ဆိုင်တယ်လို့ ထင်ထားတာပါ၊ ဒါပေမဲ့ သူငယ်ချင်း တစ်ယောက်က “ ပုဂ္ဂိုလ်ဆိုတာ မြင့်မြတ်တဲ့လူတွေ လေးစားတဲ့လူတွေကို ခေါ်တာ၊ သတ္တ၀ါဆိုတာက တိရစ္ဆာန်နဲ့တူတဲ့လူတွေနဲ့ တိရစ္ဆာန်အစစ်တွေကို ခေါ်တာ” လို့ ပြောဘူးပါသည်၊ ဒါကြောင့်လေးစားလို့ ပုဂ္ဂိုလ်လို့ သုံးနှုန်းပါသည်၊ သတ္တ၀ါဆိုရင် အားလုံးပါဝင်ပေမဲ့ “ ဒီသတ္တ၀ါလေးက ပြောရင်နားမထောင်ဘူး၊ ကလန်ကဆန်နဲ့”လို့ ပြောသံဆိုသံ ငေါက်သံတွေကို စာဖတ်သူများကြားဖူးပါလိမ့်မည်၊ အဲဒါဟာ တိရစ္ဆာန် လိုပဲ အသိမရှိဘူးလို့ နှိုင်းယှဉ်ပြောဆိုတာပါပဲ)။

ပထမအကြိမ် ကမ္ဘာ့ဘာသာရေးအစည်းအဝေးကြီးမှာ ထင်ပါသည်၊ အတိအကျတော့ မမှတ်မိတော့ပါဘူး၊ မစိုးရိမ်ဆရာတော်ကြီးလည်း တက်ရောက်တဲ့မြန်မာပြည် ကိုယ်စားလှယ်ဆရာတော်ကြီးများထဲတွင် ပါဝင်လေသည်၊ နိုင်ငံပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ကြတာဆိုတော့ နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာဘာသာကိုပဲ အသုံးပြုရပါတယ်၊ ဆရာတော်များက အင်္ဂလိပ်စာကို သူများနည်းတူ မပြောဆိုနိုင်တော့ ဘာမှမပြောခဲ့ရဘူးပေါ့နော်၊ နားပါသော်လည်း နားမကြားနိုင်သူလိုဖြစ်နေပါတယ်၊ မျက်စိပါသော်လည်း မမြင်ရသူပမာဖြစ်နေပါတယ်၊ မြန်မာပြည်ပြန်ရောက်တော့ ဆရာတော်ကြီးရဲ့ တပည့်ဒကာတစ်ယောက်က သူတို့ဆရာတော်ကြီး ဒီလိုအခမ်းအနားမှာ မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ တယ်ဆိုတော့ ၀မ်းသာလို့ မဆုံးပေါ့၊ အဲဒါနဲ့ “ ဆရာတော်ဘုရား၊ ဆရာတော်က ဘယ်လိုအခန်းကဏ္ဍကတိုင် ပါဝင် ဆောင်ရွက်ခဲ့ပါသလဲဘုရား “ လျှောက်ထားကြည့် ပါတယ်၊ ဆရာတော်ကြီးက သူ့ပင်ကိုယ်ရိုးရှင်းတဲ့ စရိုက်အတိုင်း “ငါတို့က သာဓုခေါ်ပြီး ပြန်လာရတာပါကွာ”လို့ ပြောပြပါသည်၊ အင်း ဆရာတော်ကြီးလည်း သာဓုပုဂ္ဂိုလ်ဖြစ်ခဲ့ ပါလားနော်။

တစ်ခါက စာရေးသူနေသော ကျောင်းတိုက်မှ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကတာဝန်ကို လုပ်ကိုင်ခဲ့ဘူးသောဆရာတော်တစ်ပါးဖြစ်သည်၊ ခုတော့ အနားယူနေတာကြာပါပြီ၊ အသက်အရွယ်ကလည်း ရလာပြီလေ၊ တစ်နေ့ ဆရာတော်က အဂ္ဂမဟာပဏ္ဍိတဆရာတော်များ အခမ်းအနားတက်ရောက်ဘို့ ရှိပါ သည်၊ ဆရာတော်ကလည်း အဲဒီဘွဲ့ကို လက်ခံထားသည်လေ၊ ဆရာတော်က စာရေးသူကို “ငါတို့ အခမ်းအနားတက်တယ်ဆိုလို့ အထင်ကြီးမနေနဲ့၊ အစိုးရ တာဝန်ရှိသူတွေ ပြောတာ လျှောက်ထားတာ နားထောင်ပြီး ပြန်လာရတာပဲ၊ ဒို့များ မဟနဆရာတော်ဖြစ်တုန်းကလည်း အခမ်းအနားရှိရင် ဒို့ကအရင်ရောက်နေရပြီး သူတို့ကို စောင့်နေရတယ်ဗျ၊ သူတို့ရောက်လာရင် သူတို့ ပြောတာဆိုတာ နားထောင် ခေါင်းငြိမ် လက်မှတ်ထိုးပြီး အခမ်းအနား သိမ်းတာပဲ” လို့ ပြောဘူးပါတယ်၊ စာရေးသူက ဆရာတော်ရဲ့ ဝေယျာဝစ္စလုပ်ရသူလေ၊ ဆရာတော်က သိပ်ချစ်တော့ အကုန်ပြောပြ တာပါ၊ အင်း စာရေးသူရဲ့ ဆရာတော်လည်း သာဓုပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့သည်ပေါ့။

စာရေးသူတို့ မြန်မာများကလည်း ခက်ပါသည်၊ သူများက ဘာတဲ့ ဆိုလျှင် ဘာညာဘာညာ လိုက်လုပ်တတ်ကြသည်၊ အယုံ လွယ်လွန်းသည်၊ မဖြစ်သင့်ပါ၊ စာရေးသူ ကြားဖူးတာ တစ်ခုရှိသည်၊ ဟုတ်သည် မဟုတ်သည်တော့ မသိ၊ တစ်ခါက တရားပွဲတစ်ပွဲတွင် ဆရာတော်တစ်ပါးက တရားဟောသည်၊ မောင်မျိုးဆိုတဲ့ လူတစ်ယောက်က အိပ်ချင်မူးတူးနဲ့ “မှန်ပါ မှန်ပါ ၊ဟုတ်ပါ ဟုတ်ပါ” နဲ့ လိုက်လုပ်နေသည်၊ ကြာတော့ ဆရာတော်က သူ့ကို နောက်နေတာ ထင်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်နေသည်၊ ဒါနဲ့ တရားပွဲပြီးတော့ “ ယခုပြုရ ကုသလကြောင့် မောင်မျိုး၏ သမီးကြီး ငါနဲ့နီးကာ ညားရပါစေသတည်း” ဟု တရားပွဲကို အဆုံးသတ်လိုက်သည်၊ ထိုအခါ မောင်မျိုးအပါအ၀င် အားလုံးက “သာဓု သာဓု သာဓု” လို့ သံပြိုင်ဆို လိုက်ကြ သည်၊   ဆရာတော် ဘာပြောလိုက်သည်ဆိုတာကို သေချာနားမထောင်ကြ၊ အီးယောင်ဝါးလိုက်တတ်ကြသည်၊ အဲဒီလို အချောင်လိုက် အကျင့်ကြောင့်ပဲ ဗမာပြန် မြနမာပြည် သူ့ကျွန့်ဘ၀ရောက်ခဲ့ရသည့် ထင်ရဲ့၊ ခက်လှပါသည်၊  တရားခွေကို အသံ ဖမ်းထားပြီး ပြန်ဖွင့်နားထောင်ရင်တော့ သိကြမှာပေါ့။


စာရေးသူကတော့ တဆင့်စကား ကြားရတာ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ စာရေးသူတို့ လူမျိုးများ အယုံကြည် မလွယ်သင့်ပါဘူး၊ ပြီးတော့ အရာရာတိုင်းကိုလည်း အကျိုးများသည် နည်းသည်  ဖြစ်သင့်သည် မဖြစ်သင့်ဘူး ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အကြောင်းအကျိုး အမျိုးမျိုးကို ဥာဏ်နဲ့အရင်စဉ်းစားဆင်ခြင်ပြီးမှ မှန်တယ် ကောင်းတယ် အကျိုးရှိတယ်ဆိုမှ ၀ီရီယစိုက်ထုတ်ကာ လုပ်သင့်ပါသည်၊ ဘာပဲဖြစ်ဖြစ် ပါ၊ စာဖတ်သူများ အနေနဲ့ သာဓုပုဂ္ဂိုလ်ထဲမှာ မပါပါစေနဲ့လို့ ဆုတောင်းဆန္ဒပြုရင်း ----------------------

Wednesday, December 28, 2011

မွတ်ကုလားတို့၏ စားမျိုတတ်မှု့


စာရေးသူနေသော ကျောင်းတိုက် ဘေးနားပတ်ပတ်လည်လည် တစ်ဝိုက်သည် မွတ်ကုလားများချည်း နေထိုင်ကြသည်၊ စာရေးသူ တကယ်ကို အံ့သြမိသည်၊ သီဟိုဠ်အစိုးက ဘာကြောင့်များ မြန်မာကျောင်းကို မွတ်ကုလားတောမှာ ထားပေးရသနည်းဆိုတာကိုပေါ့၊ နောက်မှ အဲလို မဟုတ်ကြောင်းသိလာခဲ့ရသည်၊ ထိုနေရာများသည် မူလအစကတော့ ဗုဒ္ဓဘာသာ သီဟိုဠ်သူ/သား များနေထိုင်ကြသည်၊ မွတ်ကုလား မိသားစု တစ်စုရောက်လာသည်၊ ထိုမိသားစုသည် အစကတော့ မိသားစု လေးယောက်ပါ၊ အစကတော့ အေးဆေးပါပဲ၊ အလုပ်အရမ်းကြိုးစားတဲ့ မိသားစုလေးပေါ့၊ တစ်လလောက်အကြာမှာတော့ သူတို့အမျိုးတွေ ရောက်လာသည်၊ တစ်အိမ်တည်းမှာ စုပြီးနေကြသည်၊ ထိုအိမ်သားများသည် အလုပ်ကိုကြိုးကြိုးစားစား လုပ်ကြသည်၊ အေးအေးဆေးဆေးနေနေကြသေးသည်၊ သူတို့ ငွေကြေးပြည့်စုံ လာသောအခါ ဘေးအိမ်ကို ၀ယ်ချင်လာသည်၊ ထို့ကြောင့် ဘေးအိမ်က လူများ မနေနိုင်အော် အမျိုးမျိုး လုပ်ဆောင်သည်၊ ဆူညံသည်၊ ရန်ဖြစ်သည်၊ စသည် လှောင်သည် ပြောင်သည်၊ ထိုသို့ များလာသောအခါ ဘေးအိမ်က လူများက မနေချင်ကြတော့ပါ၊ အခြား ဗုဒ္ဓဘာသာများကလည်း ထိုအကြောင်းကို သိထားသော ကြောင့်ထိုအိမ်ကို မ၀ယ်ယူလိုကြ၊ နောက်ဆုံး ထိုအိမ်ကမွတ်ကုလားများ ထံသို့သာ အောက်ဈေးနဲ့ ရောင်းထုတ်လိုက်ရတော့သည်။

ဒီလိုနဲ့ မွတ်ကုလား အိမ်နှစ်အိမ်ရှိသွားပါပြီ၊ နောက်သူတို့ သူငယ်ချင်းများ အမျိုးများကို ဖိတ်ခေါ်လိုက်သည်၊ ထိုအိမ်နှစ်အိမ်မှာစုပြီးနေကြသည်၊ သူတို့လည်း ရှေ့နည်းအတိုင်းပဲ လုပ်ကြပြန်သည်၊ ဒီလိုနဲ့ စာရေးသူတို့ ကျောင်းဘေး ပတ်ပတ်လည်လည် ရပ်ကွက်လေး မှာ မွတ်ကုလားတွေ များလာလေလေ ဗုဒ္ဓဘာသာတွေ နည်းနည်းလာလေလေပါပဲ၊ ဗုဒ္ဓဘာသာများက သူတို့ သမီးပျိုတွေနဲ့ မွတ်များနဲ့ မရှုပ်စေမိရန် မရောယှက် စေမိရန်ကိုလည်း ထည့်စဉ်းစားရသည့်မို့ သူတို့နဲ့ ဝေးရာဝေးရာသို့သာ ပြောင်းပြောင်း သွားကြသည်၊ နောက်ပိုင်းကုလားတွေများလာပြီး ရပ်ကွက်ထဲမှာ ထိုရပ်ကွက်လူများက သဘောတူသော မွတ်ကုလားသာ ရပ်ကွက်လူကြီးဖြစ်လာသည်၊ ဖြစ်မှာပေါ့ ရပ်ကွက်ထဲမှာက မွတ်တွေပဲ များနေတော့တာကိုး။

ခု စာရေးသူ နေနေတဲ့အချိန်မှာတော့ ရပ်ကွက်လူကြီးက သူတို့မွတ်ကုလားဖြစ်နေလို့ အောင်ပွဲခံလိုက်ကြ တာ၊ ဆူညံပွတ်လောရိုက်နေတာပါပဲ၊ မွတ်ကုလားတွေများလာသော အခါ အထက်ကိုတင်ပြပြီး ဗလီ ဆောက်လုပ်ခွင့် တောင်းသည်၊ အထက်က ချမပေးပြန်တော့လည်း လွတ်လပ်ခွင့်မရှိဘူး ၊ ဘာသာရေး ချုပ်ချယ်ခံရတယ်ဆိုပြီး ဆူကြညံကြပြန်သည်၊ ဒါနဲ့ အထက်က ချပေးလိုက်သည်၊ လမ်းဆုံမှာ ဗလီကြီး တစ်လုံး ဆောက်လိုက်ပါသည်၊ ထိုဗလီ စာရေးသူတို့ကျောင်းတိုက်နဲ့ ကိုက်(၅၀) အတွင်းမှာ ရှိပါသည်၊ ထိုဗလီမှ သောကြောနေ့တိုင်း ဆူညံနေအောင်အော်သည်၊ တရား ဟောပြောတာကလည်း ရန်ဖြစ်နေသလိုပါပဲ၊ နေ့တိုင်း တစ်နေ့ကို သုံးကြိမ်အနည်းဆုံး အော်သည်၊ ဆူညံနေအောင်ပါပဲ၊ ပတ်ဝန်းကျင်ကို သိပ်အနှောက် အယှက်ဖြစ်စေသည်၊ သို့သော် ဘာမှမတတ်နိုင်ပါ၊ ၇ပ်ကွက်လူကြီးက ခွင့်ပြုထား သည်လေ၊ ခွင့်ပြုမှာပေါ့ မွတ်ကုလားက ရပ်ကွက်လူကြီးဖြစ်နေတာကိုး။

ကုလားများသည် အိမ်ကို စည်းရိုးအပြည့် အိမ်ဆောက်သည်၊ လူများစွာ စုနေကြသည်၊ သူတို့ပိုင်တဲ့ အိမ်ဝန်းမြေနေရာကို လုံးဝ နေရာလွတ်မရှိစေရ၊ သူတို့ကားများ သရီးဝှီးများ ကို အများပိုင်လမ်းပေါ်မှာ ရပ်ထားကြသည်၊ စာရေးသူတို့ ကျောင်းပေါက်ဝမှာ အမြဲတမ်းလိုလို ပိတ်ရပ်ထားကြသည်၊ No parking - လို့ ရေးကပ်ထားလည်း မရဘူး၊ အပြင်ထွက်သည့်အခါတိုင်း စိတ်အနှောက်အယှက်ဖြစ်ရသည်၊ (လူ့အခွင့်အရေးကို မွတ်တွေလောက်တောင်းရမ်းနေကြသော လူမျိုးဘာသာဝင် မရှိလောက်ဘူး လို့ ထင်ပါသည်၊ တောင်းသာ တောင်းနေကြတာပါ၊ သူတို့ကိုယ်တိုင်က လူ့အခွင့်အရေးကို လည်း နားမလည်ကြပါဘူး၊ သူတို့ကပေးရမယ်ဆိုရင်လည်း လူ့အခွင့်အရေးက သူတို့လူမျိုးအတွက်သာ ရည်ရွယ်ထားပါတယ်၊ တစ်ခြားသူများ ဘာသာဝင်များ အတွက် မဟုတ်ပါ)၊ ရန်ဖြစ် စကားများရင် မြန်မာများအကြောင်းလည်း သိတဲ့အတိုင်းပါပဲ၊ လက်တွေ ပါချင်လာသည်၊ လက်စပါသူက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အပြစ်ကြီးကြီး ပေးခံရ သည်၊ ကျောင်းကိုပါ ချိတ်ပိတ်ခံရမှာ ငါးပါးမှောက်မည်၊ ထို့ကြောင့် မွတ်ကုလားများနဲ့ ပြဿနာမဖြစ်ကြရန် စိတ်ကိုထိန်းကြရသည်၊ ကုလားများသည် တကယ်သာ ယှဉ်ဖိုက်မယ်ဆိုရင် သိပ်ကြောက်ကြတဲ့ ကောင်တွေပါ၊ ဒီကောင်တွေက ကြောက်လေ ပိုခြောက်လေ၊ ရလေ ယူလေ ကောင်စားမျိုးတွေပါ၊ ဘယ်သောအခါမှ စာနာစိတ် ကိုယ်ချင်းစာစိတ် ငဲ့ညှာစိတ် မရှိပါဘူး၊ ရှားရှားပါးပါးအနေနဲ့ စာနာစိတ် ကိုယ်ချင်းစာ စိတ် ငဲ့ညှာစိတ် ရှိသူကို တွေ့ဖူးနိုင်ပါတယ်၊ တစ်ရာမှ တစ်ယောက်လောက်ပါပဲ၊ ဒီကောင်တွေရဲ့ စိတ်ထဲမှာ သူတို့ချည်းပိုင်ရမယ် သူတို့ချည်း စံရမယ်ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ပဲ ရှိတာပါ၊ သူများဘာသာတရား, နိုင်ငံ, လူမျိုး, ယဉ်ကျေးမှု့ ကိုလည်း ဘယ်တော့မှ လေးစားတတ်သူများ မဟုတ်ပါ။

ဒီကောင်တွေက သူတို့နိုင်ငံမှာနေရင် သူတို့နိုင်ငံ သူတို့စည်းကမ်းဆိုတဲ့အချက်နဲ့ပဲ ကိုင်တွယ်သည်၊ တစ်ခြားသူများကို မလေးစားပါ၊ တန်းဘိုးမထားပါ၊ အခွင့်အရေးလည်း မပေးတတ်ပါ၊ နေနိုင်ရင်နေ မနေနိုင်ပြန်ကြဆိုတဲ့ စိတ်အမြဲရှိကြသည်၊ သူတို့ပိုင်ဆိုင်ပြီးမှာ နေရာ ငွေကြေး လူမျိုးသည်လည်း ဆက်လက်တည်ရှိနေရမည်၊ မွတ်ဘာသာအတွက်သာဖြစ်ရမည်၊ သူတို့မပိုင်ဆိုင်သေးသော နေရာငွေကြေး လူမျိုးများကိုလည်း မွတ်ဘာသာအတွက် ဖြစ်ရမည်ဟူသော အကြံနဲ့ ပိုင်ဆိုင်အောင် ဘယ်လိုနည်းနဲ့ပဲ ရရ ရရင်ပြီးရော ပိုင်ရင်ပြီးရော လုပ်နေကြသည်၊ တစ်ခါကလည်း သူငယ်ချင်း တစ်ယောက် ကျောင်းဝန်းထဲမှာ လမ်းလျှောက်နေသည်၊ ကုလားများက ခဲနဲ့ထုပြေးကြသည်၊ မမှန်လို့ တော်သေးတာပေါ့၊ ဒါဟာ လူ့အခွင့်အရေးကို နားလည်တဲ့ သူတွေများလားဗျာ၊ စာရေးသူတို့ ဗုဒ္ဓဘာသာဟူသော အကြောင်းကြောင့် မည်သည့်နေရာ မှာပဲဖြစ်ဖြစ် နိုင်ငံတစ်ခုခု လူမျိုးတစ်ခုခု ယဉ်ကျေးမှု့တစ်ခုခုကို စပြီး စော်ကားတာ ရန်စတာ အနိုင်ကျင့်တာ မရှိခဲ့ဘူးပါဘူး၊ တစ်ခါကလည်း စာရေးသူကိုယ်တိုင် ကြုံခဲ့ရသည်၊ တက္ကသိုလ်က ပြန်လာတာပါ၊ တစ်ယောက်တည်း ပေါ့၊ လိုင်းကားတွေက ညနေချိန်ဖြစ်တော့ အချိန်အများကြီး ယူသွားပါတယ်၊ ဆရာများက အချိန်တစ်ချိန် ပိုပြီး ပို့ချပေးလိုက်တာ လည်း ပါတာပေါ့၊ အဲနေ့က လိုင်းကားဂိတ်ကတိုင် တစ်ယောက်တည်း လမ်းလျှောက်ပြန်လာခဲ့သည်၊ အခြား သူငယ်ချင်းများက စုပြီး ကားအပြတ်ငှါးသွားကြ သည်လေ၊ ကျောင်းနားရောက်တော့ သူငယ်ချင်း တစ်ယောက်က စိတ်ပူပြီး ဖုန်းဆက်ပါသည်၊ ဘယ်ရောက်နေပြီလဲလို့  သိချင်လို့ပေါ့၊ စာရေးသူလည်း ဖုန်းလာလို့ လွယ်အိတ်ထဲမှ ဖုန်းကို ထုတ်ယူကာ လမ်းလျှောက်ရင်း စကားပြန်ပြောလိုက်သည်၊ အဲဒီအချိန်မှာပဲ ခေါင်းစွတ်နဲ့ ကုလားတစ်ယောက်က “ ဖုန်းတွေ ပြောနိုင်လို့ပါလား ”လို့ ပြောလိုက်သည် ထင်တာပဲ၊ ခနဲ့တဲ့ မျက်နှာအမူအရာ လေသံနဲ့ပါ၊ စာရေးသူစိတ်ထဲမှာ ဗမာသံ ပီပီသသကြီးကို ကြားလိုက် ရသည် ထင်တာပါပဲ၊ ဒီမွတ်ကုလားက မြန်မာပြည်မှာ နေဘူးပါလိမ့်မည်၊ မြန်မာပြည်မှာ ဖုန်းကိုင်နိုင်ဘို့ မလွယ်ပါ၊ မွတ်ဘာသာဝင်များလို့တောင် ထင်ရတဲ့ တစ်ကိုယ်ကောင်း ဆန်သူ နိုင်ငံ့ခေါင်းဂေါက်တွေကြောင့် ရသင့်တဲ့ အခွင့်အရေးများ အသိအမြင်များ လက်လွှတ်ဆုံးရှုံးခဲ့ရသည်၊ သိပ်ကို စိတ်နာဘို့ ကောင်းသည်။

ဒီဆောင်းပါးလေးကို ရေးသားခြင်းသည် မွတ်ဆလင် ဘာသာရေးအပေါ်ကို ပုံကန် တိုက်ခိုက်လိုစိတ်ကြောင့် မဟုတ်ပါ၊ ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့အမူ အကျင့်များ, မှန်ကန်တဲ့ စိတ်ထား အသိများရှိနေတဲ့ စာရေးသူတို့ ဘာသာဝင်များကို ကုလားများရဲ့ သိမ်းသွင်းပုံ သိမ်းယူပုံ နယ်ချဲ့ပုံ စနစ်ကို သိစေချင်သောဆန္ဒနဲ့ မွတ်ဘာသာဝင်ကုလားများကို အားမနာ တတ်ကြဘို့ (အားနာနေလေလေ သူတို့က ပိုပြီး အခွင့်အရေးရလေလေ ခါးပါမက အမျိုးပါ မျိုလေလေ), မကြောက် တတ်ကြဘို့ (ငွေး အာဏာနဲ့ ခြမ်းခြောက်လို့ ကြောက်လေလေ ပိုပြီး ခြမ်းခြောက်လေလေပါ), အခွင့်အရေး မပေးမိကြဘို့ (အခွင့်အရေးပေးလေလေ ကုန်လေလေ အမျိုးပါကုန်မယ်), မလိုက်လျောမိကြဘို့ (လိုက်လျောမိလေလေ ဘ၀ရှုံးလေလေ) အသိပေးချင်တဲ့ ဆန္ဒကြောင့်ပါလို့  ---------------------------------------------------

(မြန်မာပြည်က ရခိုင်ရွာလေးတစ်ရွာကို ကုလားများ မျိုသွားတဲ့အကြောင်းကိုလည်း  ကြုံရင် ရေးသားတင်ပြ ပေးပါဦးမည်)။

Saturday, December 24, 2011

လေးစားမိသော ဆရာတစ်ယောက်


ယခု ရေးသားတဲ့ ဆောင်းပါးလေးက တကယ့်အိပ်မက်တစ်ခုရယ်ပါ၊ စာရေးသူ အရမ်းသဘောကျလို့ ရေးသားလိုက်ခြင်းပါ၊ အိပ်မက်ထဲမှာ စာရေးသူက နှစ်ကိုယ်ခွဲ ပုံစံမျိုးနဲ့ ပါဝင်ပတ်သက်နေပါတယ်၊ အဲဒါကလည်း အိပ်မက်ထဲကအတိုင်းပါပဲ ခင်မျာ၊ အားလုံးကို အမှန်အတိုင်းချည်းပဲ ရေးသားထားပါတယ်၊ အိပ်မက်ဆိုတော့လည်း ဆက်စပ်ယူလို့မရတာတွေ ပါနေတတ်ပါတယ်နော်၊ အဲဒါလေးကိုတော့ နားလည် ပေးနိုင်ကြပါစေ (အိပ်မက်ကို ၂၅- ၁၂- ၂၀၁၁ မှာ မက်ပါသည်) ။

သစ်ကားကြီးများ တစ်စီးပြီး တစ်စီး ခုတ်မားလာနေကြသည်၊ သစ်ကားတစ်စီး ပေါ်မှာတော့ လူနှစ်ယောက် တိုက်ခိုက်နေကြသည်၊ တစ်ယောက်က စိုးမိုး (စာရေးသူ၏ အိပ်မက်ထဲကနာမည်ပါ) ၊ ကျန်တစ်ယောက်က သီဟိုဠ်နိုင်ငံက သစ်တွေကို ခိုးထုတ်ရောင်းချနေတဲ့ မြန်မာ တစ်ယောက်ပါ၊ သစ်တုံးတွေပေါ်မှာ တိုက်ခိုက်ရင်းနဲ့ သစ်ခိုးသမား မြန်မာကို စာရေးသူက အမိအရ ဖမ်းလိုက်နိုင်သည်၊ ပြီး သက်ဆိုင်ရာ မြန်မာလူမျိုးများဆိုင်ရာ မှု့ခင်းတာဝန်ခံရုံးသို့ ဖမ်းခေါ်လာခဲ့သည်၊ (အိပ်မက်ထဲမှာ သီဟိုဠ်ရောက် မြန်မာများနဲ့ ပတ်သက်တဲ့ မှု့ခင်းတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ မြန်မာ့မှု့ခင်းရုံးတစ်ရုံးထားရှိပါသည်၊ အပြင်မှာတော့ အဲလို ရှိတယ်လို့ မကြားဖူးပါ၊ အရာလားလုံးကို မြန်မာသံရုံးနဲ့ပဲ သက်ဆိုင်သည် ထင်ပါသည်၊ အဲဒီဘက် အကြောင်းအရာများကို စာရေးသူ မကျွမ်းကျင်ပါ)။

မှု့ခင်းရုံးရောက်ပြီးတော့ အမှု့ကို ဆုံးဖြတ်ဘို့ တာဝန်ရှိ သီဟိုဠ်ရောက် ဦးဇင်းနှစ်ပါးကို ပင့်သည်၊ (ဘာကြောင့်ပင့် သလဲဆိုတာကိုတော့ တိတိကျကျမသိပါ၊ အိပ်မက်ထဲမှာ တော့ ပင့်တာ အမှန်ပါ၊ တက်ရောက်လာတဲ့ အထဲမှာ စာရေးသူရယ် အခြား ဦးဇင်း တစ်ပါးရယ်ပါ(အခြားဦးဇင်းက စာရေးသူထက် ၀ါကြီးသည်)၊ ရုံးရောက်တော့ မှု့ခင်းတာဝန်ခံ အကြီးဆုံးတာဝန်ရှိသူက ဒီအမှု့အနဲ့ ပတ်သက်ပြီး ကျခံရမည့် ပြစ်ဒဏ်များကို ပြောပြသည်၊ ပြစ်ဒဏ်က မသေးလှပါ၊ (စားပွဲဝိုင်းက လေးထောင့်ဝိုင်းပါ၊ မှု့ခင်းတာဝန်ခံ ပုဂ္ဂိုလ်ကြီးက ထိပ်ဆုံးမှ ထိုင်သည်၊ စာရေးသူတို့က သူ့ရဲ့ညာဘက်မှာ ထိုင်ကြသည်၊ ရုံးတာဝန်ရှိအခြားပုဂ္ဂိုလ်နဲ့ တရားခံရဲ့ ရှေ့နေက ဘယ်ဘက်မှာ ထိုင်သည်၊ တရားခံက အနောက်ဘက်မှာထိုင်သည်)၊ စာရေးသူသည် သီဟိုဠ်လူမျိုးက သီဟိုဠ်ပြည်သူတွေကို ချစ်ကြကြောင်း မြန်မာလူမျိုးကလည်း မြန်မာလူမျိုးကို ချစ်သင့်ကြောင်း ကြီးသည့်အပြစ်ကို သေးအောင် လေးသည့်အပြစ်ကို ပေါ့အောင် လုပ်ပေးသင့်ကြောင်း စသည်စသည်အကြောင်းများစွာကို ဒေါနဲ့ဇောနဲ့ မာမာထန်ထန် ပြင်းပြင်းထန်ထန် ပြောဆိုသည်၊ ဘေးမှ ပါလာသော ဦးဇင်းက စာရေးသူကို မပြောဘို့ရန် တားသည်၊ စာရေးသူလည်း အသာလေးငြိမ်နေရသည်၊ စိတ်ထဲမှာတော့ ပြောချင်နေသည့်စကားတွေက တန်းစီလို့၊ အဲဒီမှာဗျာ စာရေးသူ ဒေါနဲ့ဇောနဲ့ ပြောခဲ့သမျှ ကို မှု့ခင်းတာဝန်ခံကြီးက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ညင်ညင်သာသာ ပြေပြေလည်လည်လေးပဲ ပြန်ရှင်းပြသွားသည်၊ သူဝတ်ထားသည့်အ၀တ်အစားကလည်း မြန်မာဆန်ဆန် မြန်မာ့ရိုးရာပါ၊ သူ့ဥပဓိရုပ်ကလည်း ကြည်လင်လို့ သန့်ရှင်းလို့ အေးမြလို့ ငြိမ်းချမ်းလို့၊ သူ့ကို ကြည့်ပြီး စာရေးသူတောင် ကိုယ့်ကိုယ်ကို ရှက်မိသည်။

ထားလိုက်ပါတော့လေ၊ စာရေးသူ ပြောခဲ့တာတွေက တကယ့်ကို အများကြီးပါ၊ ဘေးက ဦးဇင်းက တားလို့ ဘာမှမပြောတော့ပဲ ငြိမ်နေခဲ့သည်၊ ရှေ့နေက “ မှု့ခင်းတာဝန်ခံကြီး ပြောစရာရှိပါတယ်၊ တကယ်တော့ ဒီကောင်လေးက တရားခံ မဟုတ်ပါဘူး၊ မောင်စိုးမိုးကသာ တရားခံအစစ်ပါ၊ မယုံလျှင် ဒီမှာကြည့်ပါ၊ ဒီလက်စွပ် မောင်စိုးမိုး တရားခံဆိုတာကို သက်သေခံနေပါတယ်၊ ဒီကောင်လေးက အထင်မှားပြီး ဖမ်းဆီးခံရတာပါ” လို့ ပြောဆိုပါတယ်၊ ဒီတော့ မှု့ခင်းတာဝန်ခံကြီးက ပြုံးလျှက် “ သြော် အဲဒီလက်စွက်က မိသေးဟာပါဗျာ(မိသေးဆိုတာ မှု့ခင်းရုံးမှ ထမင်းဟင်းချက်ရသော အမျိုးသမီးတစ်ယောက်ပါ)၊ စိုးမိုးကို တရားခံဖမ်းဘို့ သွားခေါ်ခိုင်းတော့ စိုးမိုးအိပ်နေလို့ မိသေးက လက်နဲ့ လှုပ်နှိုးခဲ့ပါတယ်၊ အဲဒါ ဒီလက်စွပ်လေး ပြုတ်ကျနေခဲ့တာပါ၊ ဒါက စိုးမိုးဟာ မဟုတ်ပါဘူး” လို့ ပြန်ပြောပြပါတယ်၊ ဒီတော့ ရှေ့နေက ”လက်နဲ့ ပုတ်နှိုးရုံနဲ့ လက်စွပ်ပြုတ်ကျနိုင်ပါသလား၊ ဒါဟာ မဖြစ်နိုင်ပါဘူး ” လို့ထပ်ပြောပါတယ်၊ ဒီတော့ မှု့ခင်း တာဝန်ခံကြီးက “ ဟုတ်ကဲ့ ကျွန်တော် ခိုင်းတဲ့အချိန်မှာ မိသေးက မီးဖိုချောင် ၀င်နေတာပါ၊ သူ့လက်တွေ ပေနေလို့ ဆပ်ပြာနဲ့လက်ကို ဆေးသွားပါတယ်၊ အဲဒါ ချောင်ပြီး ကျသွားတာ ဖြစ်မှာပါ၊ ဒါဟာ ဖြစ်တတ်ပါတယ်” လို့ အေးဆေးတည်ငြိမ်စွာပဲ ပြန်ဖြေသွားသည်၊ နောက်ဆုံးတော့ မှု့ခင်းတာဝန်ခံကြီးက တရားခံကို မြန်မာပြည် ပြန်ပို့မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

စာရေးသူလည်း တစ်ချိန်လုံး မှု့ခင်း တာဝန်ခံကြီး မျက်နှာနဲ့ အမူအရာများကိုသာ လိုက်ကြည့်နေမိသည်၊ တကယ့်ကို တည်ငြိမ်အေးဆေးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ ဆွေးနွေးလို့ ပြီးတော့ စာရေးသူက “ တစ်ခုတော့ မေးပါရစေ” လို့ စကားစလိုက်ပါတယ်၊ မှု့ခင်း တာဝန်ခံကြီးကလည်း မေးခွင့်ပေးပါတယ်၊ ဒါနဲ့ စာရေးသူက “ ခု ဆွေးနွေး စကားပြောနေချိန်အတွင်းမှာ ခင်များ မျက်နှာအမူအရာကရော စကားလုံးတွေကရော လေသံကရော အရမ်းကို တည်ငြိမ်အေးဆေး ညင်သာ သာယာ နူးညံ့နေပါတယ်၊ အဲဒါတွေက တမင်လုပ်ထားတာပါလား၊ ဒါမှ မဟုတ် ရင်ထဲမှာ ရှိတဲ့အတိုင်းပါလား” လို့ မေးလိုက်သည်၊ ဒီတော့ မှု့ခင်းတာဝန်ခံကြီးက ပြုံးလျှက်ပါပဲ  “ မှန်ပါ၊ တပည့်တော် ရင်ထဲက အရှိအတိုင်းပါဘုရား၊ တစ်ခုမှ ကြိုတင်စီစဉ်ထားတာ တမင်လုပ်ထားတာ မပါပါဘုရား” လို့ ပြောသည်၊ ကြည်ညိုလိုက်သည့် ဖြစ်ခြင်းဗျာ။

စာရေးသူလည်း “ ဒါအမှန်တရားဆိုရင်တော့ ဆရာလို့ ခေါ်ပါရစေ၊ ကြည်ညို လေးစားလွန်းလို့ပါ၊ ဆရာ့ရင်ထဲမှာ ရှိတဲ့ တည်ငြိမ်မှု့ အေးချမ်းမှု့ ညင်သာနူးညံ့မှု့တွေကို လေးစားလို့ ဆရာလို့ ခေါ်တာပါ၊ ပြည်သူတွေကို ပြန်ပစ်သတ်တာတွေကို ကိုယ်တိုင်မြင်ရတဲ့ အချိန်ကစပြီး ၀န်ထမ်းတွေဆိုလျှင် အထူးသဖြင့် လက်နက်ကိုင် ထားတဲ့ ၀န်ထမ်းတွေဆိုလျှင် သိပ်မုန်းတာဗျာ၊ မုန်းတဲ့ဝန်ထမ်းတွေက တစ်ယောက် အပါအ၀င် ဖြစ်တဲ့ ဆရာ့ကိုတော့ အရမ်းကို ကြည်ညိုလေးစားလွန်းလို့ ဆရာလို့ ခေါ်တာပါ၊ ဒါဟာ ပထမဆုံး ဆရာလို့ ခေါ်ခြင်းပါပဲ” ပြောလိုက်သည်၊ ဆရာ့မျက်လုံး တွေမှာ ၀မ်းသာပီတိ မျက်ရည်ဥလေးတွေပင် တွဲခိုနေပါသည်၊ ဘေးက ဦးဇင်းကတော့ နည်းနည်း လန့်နေ ဟန်တူသည်၊ စာရေးသူက “ ဆရာ ကိုယ့်လက်အောက်နေ ၀န်ထမ်းများ ကိုယ့်ပတ်ဝန်းကျင်ကလူများ ကြည်ညိုလေးစား လာဘို့ မှန်မှန်ကန်ကန် လုပ်တတ်တဲ့ အကျင့်ရယ် စိတ်ရှည်သည်းခံတတ်မှု့ရယ် မေတ္တာ ကရုဏာတရားရယ် မဖြစ်မနေ လိုအပ်ပါတယ်၊ ဆရာ့ဆီမှာ အဲဒီအရာတွေ ရှိနေပါတယ်၊ အဲဒါတွေ ရှိနေသမျှ ကာလပတ်လုံး ဆရာ မလိုချင်ပါဘူးဆိုရင်တောင် တားလို့မရတဲ့ ဂုဏ်သတင်း ကျော်စောမှု့တွေ ဂုဏ်ထူးတွေ ရာထူးတိုးတက်မှု့တွေကို ဆရာရနေဦး မှာပါ၊ ဆက်လက် ပိုင်ဆိုင်နေဦးမှာပါ၊ ဆရာရေ ကိုယ့်လက်အောက်သားတွေ ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီက ကြောက်ရွံ့ ရိုသေမှု့ကို အလို မရှိပါနဲ့၊ ချစ်ခင် လေးစား ယုံကြည် အားကိုးမှု့ကိုပဲ အလိုရှိပါ လိုးလားပါ၊ ခု ဆရာ့ဆီမှာ ရှိနေတဲ့ ပိုင်ဆိုင် ထားတဲ့ အရာတွေကို ဘယ်တော့မှ ပျောက်ပျက် ပြောင်းလဲ မသွားအောင် ထိန်းသိမ်းထားပေးပါလို့ ထိန်းသိမ်းထားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဆရာ”  လို့ ပြောချင်နေသည့် စကားများကို ပြန်ဘို့ ထချိန်မှာလည်း ပြောလိုက်မိသေးသည်၊ ဆရာသည် စကားတောင် ကောင်းကောင်း ပြန်မပြောနိုင်ရှာပါ၊ မျက်ရည်များ စီးကျလျှက် စာရေးသူ၏ လက်ကို ခိုင်မာ လေးနက်စွာ ဆုပ်ကိုင်လာသည်၊ နွေးထွေး လိုက်သည့် ဖြစ်ခြင်းပါလေ။

စာရေးသူတို့ သူ့ရုံးမှ ထွက်တော့ အိပ်မက်မှ နိုးထလာခဲ့သည်၊ အိပ်မက်ကို ပြန်တွေးကြည့်သည်၊ တရားခံဖမ်းပေးတဲ့ စိုးမိုးဆိုတာကလည်း စာရေးသူဖြစ်နေတယ်၊ ဆရာ့ကို ဒေါနဲ့ဇောနဲ့ ပြင်းပြင်းထန်ထန် ပြောခဲ့သည်ကလည်း စာရေးသူ ဖြစ်နေပြန်ပါတယ်၊ အဒါကြောင့် ဒီအိပ်မက်လေးကို ရေးလို့ကောင်း မကောင်း အချိန်တော်တော်ကြာကြာ ထိုင်ပြီး စဉ်းစားမိပါသေးတယ်၊ အိပ်မက်က ဟိုရောက် ဒီရောက် ဖြစ်နေတာတွေရော အကုန်လုံးကို တိတိကျကျ မမှတ်မိတာတွေရော ကြောင့်ပေါ့၊ ခုစာရေးနေချိန်မှာလည်း သူငယ်ချင်း တစ်ယောက်က ဖားစားတွေ ရေးနေပြီလို့ ပြောလာပါသေးတယ်၊ စာရေးသူက ကိုယ့်ခံစားချက် ပြင်းထန်လာမှ စာရေးတတ်တဲ့ သူပါ၊ ဒီဆောင်းပါးလေးကိုလည်း အိပ်မက်ထဲက ဆရာ့ကို ကြည်ညိုလွန်းလို့ ရေးလိုက်တာပါ၊ စာဖတ်သူအပေါင်းလည်း စာရေးသူကို နားလည်ပေးနိုင်ကြပါစေ အိပ်မက်ထဲက ဆရာလို ပုဂ္ဂိုလ်မျိုးနဲ့ မြန်မြန်ဆုံတွေ့ နိုင်ကြပါစေ များများဆုံတွေ့နိုင်ကြပါစေလို့ ------------------