စာရေးသူ ဆယ်တန်းတွေကို အင်္ဂလိပ်စာ သင်ပေးတော့ ဆရာတစ်ယောက်ရဲ့ eassy ကို ဖတ်ပေးသည်၊ ရေးနည်း ပြောပြပေးသည်၊ ဂရမ္မာများကို ရှင်းပြပေးသည်၊ တစ်နေရာမှာ " to the lord " ဟူသော စကားလုံးကို တွေ့ရသည်၊ ဗုဒ္ဓ စာပေတွေမှာတော့ ဘုရားကို Buddha လို့ပဲ သုံးတဲ့အကြောင်း ပြောပြဖြစ်သည်၊ lord- ဆိုတဲ့ စကားလုံးက ဖန်ဆင်းရှင်တို့နဲ့လည်း သက်ဆိုင်မှု့ ရှိနေကြောင်း Buddha ဆိုတဲ့ စာလုံးကတော့ ဖန်ဆင်းရှင်တွေ ဘာတွေနဲ့ မပတ်သက် မသက်ဆိုင်လို့ အဲဒီစကားလုံးကို ပိုသဘော ကျမိကြောင်း ပြောဖြစ်သည်၊ အင်း အဲဒါနဲ့ ပတ်သက်ပြီး ခရစ္စယာန်နဲ့ မွတ်ဆလင် ဘာသာမှာပါတဲ့ " အရာရာတိုင်းကို သူတို့ဘုရားသခင်က ဖန်ဆင်းသည်" ဆိုတဲ့ အချက်နဲ့၊ "သူတို့ဘာသာဝင်များ ပြုလုပ်သမျှ မကောင်းမှု့ရဲ့ အကျိုးကို သူတို့ ဘုရားသခင်ကပဲ ကိုယ်စားခံပေးတယ်" ဆိုတဲ့ အချက်ကို လက်ခံလား၊ ဘယ်လိုမြင်လဲ၊ သားတို့ သမီးတို့ရဲ့ လွတ်လပ်တဲ့ အတွေးလေးတွေကို သိချင်တယ် လို့ မေးမိသည်၊ တစ်ချို့ က " မတွေးတတ်ပါ ဘုရား " လို့ ပြောကြသည်၊ တစ်ချို့ က " ပြောပြပေးပါဘုရား " လို့ ပြောကြသည်၊ တစ်ချို့ က " မဖြစ်နိုင်ပါဘုရား " တဲ့။
စာရေးသူလည်း စာသင်တာကို ခဏနားပြီး သူတို့လေးတွေ သိသင့်သည်ဟု ထင်မိသဖြင့် ပြောပြဖြစ်သည်၊
စာရေးသူ " တပည့်တို့ရေ ဖန်ဆင်းတာ ဟုတ်/ မဟုတ်ဆိုတာကို အရင်ပြောကြရအောင်နော်"
တပည့်တို့ "မှန်ပါဘုရား"
စာရေးသူ "အရာရာတိုင်းကို ဖန်ဆင်းတယ်ဆိုရင် တပည့်တို့နေတဲ့အိမ် တပည့်တို့ စားတဲ့အစာ တပည့်တို့ စိုက်တဲ့ အပင်တွေကို စိုက်မနေနဲ့လေ၊ အဲဒါတွေကို ဖန်းဆင်းခိုင်းလိုက်ပေါ့၊ အဲလို ခိုင်းလို့ ရမလား"
တပည့်တို့ " မရပါဘုရား"
စာရေးသူ "တပည့်တို့အိမ် စားစရာတွေ စိုက်တဲ့ပျိုးပင်တွေကို ဘယ်သူဖန်ဆင်းတာ ထင်လဲ"
တပည့်တို့ "မသိပါဘုရား"
စာရေးသူ " အဲ မင်းတို့တော့ကွာ၊ မင်းတို့ မိဘတွေ နဲ့ မင်းတို့ပဲ ဖန်ဆင်းတာမဟုတ်လားကွ၊ အေး တစ်ခု ပြောရဦးမယ်၊ ဖန်ဆင်းတယ်ဆိုတာ ပြုလုပ်တယ်လို့ ဆိုလိုတယ်"
တပည့်တို့ " အော် မှန်ပါ ၊ တပည့်တော်တို့လုပ်တာကို ဖန်ဆင်းတယ်လို့ ဆိုလိုရင် တပည့်တော်တို့နဲ့ တပည့် တို့ မိဘတွေပဲ ဖန်ဆင်းတာပေါ့ဘုရား"
စာရေးသူ " အေး မင်းတို့ကိုရော ဘယ်သူ ဖန်ဆင်းတာလဲ"
တပည့်တို့ "မိဘတွေက ဖန်ဆင်းတာပါဘုရား"(ရယ်ကြလျှက်)
စာရေးသူ "အေး ဟုတ်တယ်၊ မင်းတို့ကို မင်းတို့မိဘတွေကဖန်ဆင်းတာပါ ၊ ဘယ်သူကမျှ ဖန်ဆင်း ပေးတာ မဟုတ်ဘူး၊ မင်းတို့တွေရဲ့ လူဖြစ်လာမယ့် ရှေးကံလည်း ပါတာပေါ့ကွာ"
တပည့်တို့ " မှန်ပါ"
စာရေးသူ " အဲဒါဆို ဖန်ဆင်းရှင်ကို ပူဇော်ကြေး အရိုသေပေးကြေး ဆိုရင် မင်းတို့မိဘတွေထက် ပိုပြီး အရိုအသေပေးစရာ ပူဇော်စရာ ရှိသေးလားကွာ"
တပည့်တို့ " မရှိပါဘုရား"
စာရေးသူ "အေး အဲဒါကို သိရမယ်၊ အရာရာတိုင်းမှာ ပြုလုပ်မှု့ ရှိတယ်၊ ပြုလုပ်မှု့ရှိမှ ဖြစ်ပေါ်မှု့ဆိုတာ ရှိတယ်၊ ပြုလုပ်သူဟာ ဖန်ဆင်းရှင်ပဲ၊ မင်းတို့တွေ စာမေးပွဲအောင်ဘို့ မင်းတို့ကိုယ်တိုင် ဖြေမှ/ ဖြေနိုင်မှ အောင်မယ်၊ စာမေးပွဲအောင်အောင် မင်းတို့ကိုယ်တိုင်ပဲ ဖန်ဆင်းရမယ်၊ မင်းတို့ စာတွေသိအောင်တော့ ဆရာတွေက ဖန်ဆင်းပေးရမယ်၊ မင်းတို့တွေ စာလုပ်နိုင်အောင် မင်းတို့မိဘတွေက ကူညီဖန်ဆင်းပေးရတယ်၊ အဲဒါဆိုရင် မင်းတို့တွေ စာမေးပွဲ အောင်တယ်ဆိုတဲ့ အချက်မှာ ဖန်ဆင်းသူ သုံးယောက်တောင်ပါနေတယ်၊ မင်းတို့ ကိုယ်တိုင်ရယ် မင်းတို့မိဘတွေရယ် မင်းတို့ကို စာသင်ပေးတဲ့ဆရာတွေရယ်ပေါ့ကွာ၊ ထားပါတော့ကွာ၊ မွေးဖွားတယ်ဆိုတဲ့ အရာကို စာပေမှာတော့ ၀ိညာဏ - လို့ ဆိုတယ်၊ ပဋိသန္ဓေစိတ်ပေါ့ကွာ၊ မင်းတို့လည်း ကြားဖူးမှာပါ၊ သင်္ခါရပစ္စယာ ၀ိညာဏံ - ဆိုတာလေ"
တပည့်တို့ "မှန်ပါဘုရား"
စာရေးသူ " အဲဒါဆိုရင် အရာရာတိုင်းမှာ ဖန်ဆင်းတယ်ဆိုတာ ဘုရားသခင် ဟုတ်ပါ့မလား"
တပည့်တို့ " မဟုတ်ပါဘုရား"
စာရေးသူ " အေး အဲဒါပဲကွ၊ ခုခေတ်မှာ သိပ္ပံပညာတွေ အရမ်းထွန်းကားလာတော့ ဖန်ဆင်းရှင်ဆိုတဲ့ ၀ါဒက ပိုပြီး မှုန်ဝါးလာတယ်၊ ဒါပေမဲ့ သူတို့မှာ ထိန်းချုပ်မှု့တွေ ငွေကြေးတွေ ပညာရေးတွေ ပျော်ရွှင်မှု့တွေနဲ့ ချည်နှောင်ထားတော့ အဲဒီဝါဒထဲကတိုင် ရုန်းမထွက်နိုင်ကြဘူးပေါ့ကွာ"
တပည့်တို့ "မှန်ပါ အရာတိုင်းတိုင်းကို ဖန်ဆင်းတာဟာ ဘုရားသခင် မဟုတ်ဘူးဆိုတာ သိပါပြီဘုရား"
စာရေးသူ "အေး မင်းတို့ကိုယ်တိုင်လည်း ဖန်ဆင်းရှင်တွေပဲဆိုတာ မမေ့နဲ့၊ ဒါဆိုရင် မင်းတို့ကိုယ်တိုင် လုပ်တဲ့ အရာရာတိုင်းမှာ စေတနာဆိုတဲ့ သဘောလေး ပါတယ်ကွ၊ ပြုလုပ်လိုတဲ့ စေတနာဆိုတဲ့ သဘောလေး ပါတယ်၊ အဲဒီသဘောလေးဟာ သာမာန်ပုထုဇဉ်တွေ အနေကြည့်ရင် ကိုယ်ကြိုက်လို့ လုပ်တဲ့အရာကို ကောင်းတယ်လို့ မြင်ကြတယ်၊ ကိုယ့်စိတ်နဲ့ အခန့်မသင့်တဲ့အရာတွေကို မကောင်းဘူးလို့ မြင်ကြတယ်၊ အရိယာ သူတော်ကောင်းတွေကြတော့ သံသရာနဲ့ ကြည့်ပြီး သံသရာထဲမှာ ဆိုးဝါးစွာ ကျင်လည်ရမဲ့အရာ တွေကို မကောင်းဘူးလို့မြင်ကြတယ်၊ သံသရာထဲမှာ ဆိုးဝါးစွာ မကျင်လည်ရမယ့်အရာတွေကို အကောင်း လို့ မြင်ကြတယ်၊ မင်းတို့တွေ ပြုလုပ်တဲ့ ကောင်း/ မကောင်း အရာရာတိုင်းမှာ စေတနာ ပါတယ်၊ အဲဒါကြောင့် ငါ ပြောချင်တာက အရာရာတိုင်းရဲ့ ဖန်ဆင်းရှင်အစစ်ဟာ စေတနာလို့ ပြောချင်တာ၊ အဘိဓမ္မာ သဘောမှာ ပြုလုပ်မှု့တိုင်းကို ကမ္မကိုခေါ်ပြီး ကမ္မအရကိုလည်း စေတနာထိ အရကောက်ရတယ်၊ သဘော ပေါက်ကြလား ဟေ့၊ နားလည်ကြလားဟေ့"
တပည့်တို့ " မှန်ပါ နားလည်ပါပြီဘုရား"
စာရေးသူ " အေး ဒါဆိုရင် နောက်တစ်ခု သူတို့ရဲ့ ဘုရားရှင်ဟာ သူတို့ပြုလုပ်သမျှ မကောင်းမှု့တွေရဲ့ အကျိုးကို ခံယူတယ်၊ ကိုယ်စား ၀န်ခံပေးတယ်ဆိုတဲ့ အချက်ကို ဆွေးနွေးကြအောင်"
တပည့်တို့ "မှန်ပါဘုရား"
စာရေးသူ " ကဲကွာ၊ သူတို့ဘာသာဝင် တစ်ယောက်ယောက်က လူသတ်လိုက်တယ်၊ သူတို့ဘုရားက ကိုယ်စား ထောင်ချခံသလား၊ သတ်တဲ့လူပဲ ထောင်ချခံရသလား"
တပည့်တို့ " သတ်တဲ့ သူပဲ ထောင်ချခံရတာပါဘုရား"
စာရေးသူ "အေးဟုတ်ပြီ ၊ အရာရာတိုင်းကို ဖန်ဆင်းတယ်ဆိုရင် မင်းတို့ ငါတို့လည်း သူဖန်ဆင်းတဲ့အထဲမှာ ပါတာပေါ့ကွာ၊ တို့တွေ မကောင်းမှု့လုပ်ရင်ရော အပြစ်ကို ဘုရားသခင်က ကိုယ်စားဝန်ခံ ပေးမလား၊ တို့တွေပဲ ခံရမလား"
တပည့်တို့ " တပည့်တော်တို့ပဲ ခံရမှာပါဘုရား"
စာရေးသူ " ကဲ ဒီလောက်ဆိုရင် ကိုယ်စားခံပေးတယ်ဆိုတဲ့ အချက်ရော မင်းတို့ လက်ခံလို့ ရနိုင်လား"
တပည့်တို့ " မရနိုင်ပါဘုရား"
စာရေးသူ " အေး မင်းတို့တွေမှာ အဲဒီအသိလေးတွေ ရှိဘို့လိုအပ်တယ်"
ခုရေးခဲ့တာလေးတွေဟာ စာရေးသူနဲ့ ကျောင်းသူ ကျောင်းသားတွေ ဆွေးနွေးခဲ့ကြ၊ ပြောဖြစ်ခဲ့ကြတာလေးတွေပါ၊
ဒါလေးကို ရေးလိုက်ခြင်းသည်လည်း တစ်ခြားဘာသာရေးကို စော်ကားလိုစိတ်နဲ့ ရေးလိုက်တာ မဟုတ်ပါဘူး၊ ကိုယ့်လူမျိုးကို ဘာသာရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး သိမ်းသွင်းနေတဲ့ အချိန်မှာ မှားယွင်းသော အသိနဲ့ ပါမသွားလေအောင် သိသင့်သိထားသင့်သည်ဟု ထင်သောကြောင့် ဆွေးနွေးပြောပြခဲ့ ရေးသားခဲ့ခြင်းသာ ဖြစ်ပါကြောင်း -----------------------
No comments:
Post a Comment