Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, January 4, 2012


"  ၆၄- လွပ်လပ်ရေးနေ့ အမှတ်တရ "


ဒီ ခြောက်ဆယ့်လေး၊ လွတ်လပ်ရေးနေ့၊
ယူပေး လွတ်လပ်၊ အအေးဓာတ်ကို၊
ညီညွတ်လို့သာ၊ ရနိုင်ပါသည်၊
ဒို့များ ညီညွတ်ကြပါစို့။

ဒီ ခြောက်ဆယ့်လေး ၊ လွတ်လပ်ရေးနေ့၊
ငါတွေးမြင်မိ၊ ဗိုလ်ချုပ်သိလျှင်၊
ငိုမိသည်ထိ ၊ ဖြစ်မိလိမ့်မည်၊
ဒို့များတွေးသိ စိုးထိပ်မိ။

နှစ်နှစ်ဆယ်ပ၊ လုပ်ဆောင်ပြသော်၊
ကမ္ဘာက သိစေ၊ မြန်မာတွေကို၊
မော်စေ ကြည့်ရ၊ ငါလုပ်ပြမည်၊
စိတ်က ရည်ထား၊ ဗိုလ်ချုပ်အားကို၊
ဒို့များတွေးမိ လွမ်းမိသည်။

ခြောက်ဆယ့်လေးမြောက်၊ တကယ်ရောက်လာ၊
စိတ်ခြောက်ခြားမိ၊ ငါ့ရင်ထိစေ၊
ငါ့အသိ များလည်း၊ မှုန်ဝါးဆဲလေ၊
ဒို့ဗိုလ်ချုပ်ရေ၊ တွေးလေတွေးလေ၊
လွမ်းဆွတ်နေဆဲ၊ ၀မ်းလည်းနည်းသည်၊
သင် သိပါစေ။

လွတ်လပ်ရေးနေ့ ၊ ငါ မမေ့ပါ၊
ရောက်လေ့ နှစ်စဉ်၊ င့ါစိတ်စဉ်ဝယ်၊
ထိပ်ပင် ပန်သ၊ ဆုတောင်းရသည်၊
မြန်မာပြည်ဖွား၊ တိုင်းရင်းသားတို့၊
လွတ်လပ်ဘို့ရန်၊ အသက်ပေးသွား၊
ဗိုလ်ချုပ်စသား ၊ ဇာနည်များတို့၊
ကောင်းရာသုဂတိ၊ လားစေဘို့ရန်၊
လွတ်လပ်ရေးနေ့ ၊ တောင်းဆုပန်။

Monday, January 2, 2012

"  ဆန္ဒတော် ပြုပါသည် "


ဗြောက်အိုးသံတွေ ဆူညံ၊
သန်းခေါင်းယံ အိပ်မရ၊
ကားလမ်းမ ထွက်ထိုင်၊
ယိုင်တိုင်တိုင်နဲ့ မူးနေကြတယ်၊
မြင်ရတာ စိတ်မကောင်း၊
အားလုံးကို ထောင်းထုပစ်ချင်တယ်။


ကြည့်နေရင်း ကားတစ်စီး ၀င်လာ၊
အခြေနေက မဟန်လှပါ၊
ဝင်ဝင်ချင်း လူတစ်ယောက်ကို ၀င်တိုက်၊
ငိုက်စိုက်ကျသွားတဲ့ ထိုလူ၊
ခေါ်သူခေါ် ထူသူထူပေမဲ့ ၊
သူ မသိရှာတော့ဘူး။



တကယ်ရူးတဲ့ လူတွေ၊
နှစ်သစ်မှာ နှစ်သက်စရာ ကောင်းတာတွေလုပ်ကြရော့ပေါ့၊
ခုတော့ မဟုတ်ပါ၊ မဟုတ်တာတွေပဲ လုပ်ကြတယ်၊
မင်းတို့ နှစ်သက်ကြိုပုံက ဘ၀င်မကျစရာပဲ၊
ဒို့ပြည်နိုင်ငံမှာလည်း ဒီလိုပဲ ကဲနေကြတယ် ထင်တယ်၊
အတုမယူတတ် မဆင်ခြင်တတ်တဲ့ လောက၊
စိတ်ဒုက္ခ သိပ်ရောက်ရတယ်။



ဘုရားသခင်က ကောင်းချီပေး၊
တွေးကြည့်စရာမလိုပြီ သေသူတွေက များလှပြီ၊
မသေအောင်သာ ဖန်ဆင်းပါတော့၊
ခေါင်းထောင်ကာ အခါခါမော့လို့ ၊
တိုင်တည်မိပေါ့။



ရုပ်ဆိုး မရှိ၊ ဆင်းရဲ မရှိ၊
အစစ တူညီ၊
ဥာဏ်ရည်တူ ဖန်းဆင်းလို့ ပေးပါ၊
ဒီလိုသာ ဖြစ်နိုင်ပါမူ၊
တူညီစွာ စိတ်ထားနဲ့၊
နှစ်သစ်ကို ကြိုဆိုဘို့၊
ကျွန်တော်ပါ ပါဝင်လို့ နေမှာပါ။


" စည်းစောင့်အပျော် "


နှစ်ကူးမှာ အထူးပျော်ဘို့၊

ရည်စူးလို့ စိတ်ကြံစည်၊

မျော်နေမည့် ချစ်သူဆီ၊

ဦးတည်လို့ လှမ်းခဲ့။



ချိန်းတဲ့နေရာ ရောက်တော့၊

စက်ဘီးဒေါက်ထောက်လို့ ထိုင်နေ၊

ချစ်သူရေ ရောက်တာ ကြာပြီလား၊

မေးလျှက် မိသား။



ချစ်သူ မျက်နှာ မရွှင်၊

စိုးထိပ်တဲ့ အသွင်ကပေါ်၊

ရွှေစိတ်တော် မရွံ့  ပါနဲ့၊

မခူး ရက်ခဲ့။



ညင်သာတဲ့ အနမ်းလေးချွေ၊

ပန်းနှင်းဆီရေ မကြွေစေချင်ဘူး၊

မဆွတ်ခူးပါဘူး ချစ်သူရယ်၊

မြန်မာ့ မျိုးဂုဏ် မပျက်စေရဘူး။



ပျော်ရွှင်စွာ ချိန်းကာမူးလို့၊

အလွန်အကြူး မခူးစေချင်၊

မြန်မာမှန်လျှင် ကျား/ မ နှစ်ဘက်၊

စည်းများ စောင့်သင့်။



ဒို့ပျိုမေများ စည်းစောင့်ငြားမှ၊

ဒို့များ ကိုယ်တွေ ထင်ကြီးပေမပေါ့၊

ဒို့များ ကိုယ်တွေ စည်းစောင့်ပေမှ၊

ဒိုများပျိုမေ သန့်ရှင်းပေမပေါ့။



ဒို့များ ကိုယ်တွေ ဒို့ပျိုမေရေ၊

ဒို့တွေ ထိန်းသိမ်း ဒို့မယိမ်းမှ၊

ဒို့များ ဂုဏ်ရည် ကမ္ဘာကျော်မည်၊

ဒို့များ ဆက်ကာ ထိမ်းကြစို့၊

ဒို့များ သစ္စာ ရှိကြစို့၊

ဒိုများ စည်းတွေ စောင့်ကြစို့။

" သူငယ်ချင်းများသို့ အမှာ "


တစ်နှစ်ကုန်ပြန်ပြီ၊
ရင့်ရော်လာသည့် ခန္ဓာ၊
ဆုတ်ယုတ်လာသည့် အားအင်၊
သေမင်းထံ နင်ပေးနေတဲ့ အချိန်ရယ်၊
မိဘကျေးဇူး ဆပ်ဖူးချင်ပါသေးတယ်၊
တရားထူးအရသာလည်း ခံစားဖူးချင်ပါသေးတယ်၊
သနားကာ ထောက်ထားလို့၊
တစ်နှစ်တာ အသက်ရှင်ခွင့်ပေးပါနော်။

မိဘကျေးဇူးလည်း ဆပ်ဖူးချင်တယ်၊
တရားထူးအရသာလည်း ခံစားဖူးချင်တယ်၊
အများအကျိုးလည်း သယ်ပိုး ရွက်ဆောင်ချင်ပါတယ်၊
ကူညီတဲ့ သဘော၊
သင့် မနောမှာ ထားလို့၊
၂၀၁၂ တစ်နှစ်တာ အသက်ရှင်ခွင့်ပေးပါနော်၊
နောက်နှစ်ခါ နှစ်ကုန်ပြန်လည်း၊
ဒီလိုပဲ တောင်းဆုချွေမည်၊
သေမင်းရေ မရယ် (မရည်) ပါနဲ့၊
လူ့ဘ၀ ရခဲလှလို့၊
တောင်းနေမိ ရဲ့  ။

ဘ၀တွက် အသက်ရှင်သန်၊
တည်မြဲနိုင်ရန်ပ ရည်စူး၊
ဝီရိယထား အလုပ် လုပ်ကားနေ၊
ကုသိုလ်ထူးလည်း ဆက်ကာထားတာမို့၊
ငါ မသေပါဘူးလို့ ယုံကြည်၊
မိဘကျေးဇူး ဆပ်ဖူးအောင်သာ ကြိုးစား၊
တရားထူးအရသာလည်း ခံစားဖူးမှ သင့်မည်၊
တရားအားထုတ်ဘို့ကိုလည်း စိတ်က ရည်ပါ။

စိတ်ဆိုတာ မကောင်းမှု့မှာ ပျော်တာမို့၊
ပျော်ဘို့လည်း စိတ်သန်မည်၊
သိပ်မာန်တွေ တက်မနေကြပဲ၊
ခံစားသင့်တာ ခံစားလို့၊
တရားထူးအရသာ စံစားဘို့လည်း စိတ်ကူးပါ၊
နှစ်ကူးမှာ အထူးမှာချင်ပါသည်၊
မိဘကျေးဇူး ဆပ်ဖူးအောင် လုပ်ပါ၊
တရားထူးအရသာကို ခံစားဖူးအောင်လည်း တရားအားထုတ်ပါ၊
နောက်တစ်နှစ် မသေချာ၊
မရေရာတဲ့ ဘ၀၊
သေချာနေတဲ့ ခဏလေးမှာ၊
ကျိုးနှစ်ဖြာ လုပ်နိုင်မှ၊
နှစ်သစ်မှာ တို့တတွေ၊
အကျိုးရှိမှာပ။

Tuesday, August 9, 2011

ချစ်သူအပေါ်မှာ သစ္စာရှိပါ

သီလတရားကို ချစ်လျှင်၊
သီလတရားအပေါ်မှာ သစ္စာရှိပါ။
သီလ ပျက်စီးသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

သမာဓိတရားကို ချစ်လျှင်၊
သမာဓိတရားအပေါ်မှာ သစ္စာရှိပါ။
သမာဓိပျက်စီးသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

ပညာ(၀ိပဿနာ)တရားကို ချစ်လျှင်၊
ပညာတရားအပေါ်မှာ သစ္စာရှိပါ။
ပညာပျက်စီးသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

ရဟန်းစစ်ဘ၀ကို ချစ်လျှင်၊
ရဟန်း သိက္ခာပုဒ်တွေအပေါ်မှာ သစ္စာရှိပါ။
သိက္ခာပုဒ်တွေပျက်စီးသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

အနှစ်ရှိတဲ့ လူသားဘ၀ကို ချစ်လျှင်၊
လူသားဘ၀အပေါ်မှာ သစ္စာရှိပါ။
လူသားတစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့ ငါးပါးသီလပျက်သွားမယ့်အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

ကိုယ့်နိုင်ငံကို ချစ်လျှင်၊
ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာရှိပါ။
ကိုယ့်နိုင်ငံ ပျက်စီးဆုတ်ယုတ်မဲ့အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

ကိုယ့်လူမျိုးကို ချစ်လျှင်၊
ကိုယ့်လူမျိုးအပေါ်မှာ သစ္စာရှိပါ။
ကိုယ့်လူမျိုး ပျက်စီးသွားမယ့် ဆုတ်ယုတ်သွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

ကိုယ့်ဘာသာတရားကို ချစ်လျှင်၊
 ကိုယ့်ဘာသာတရားအပေါ်မှာ သစ္စာရှိပါ။
ကိုယ့်ဘာသာတရားပျက်စီး နစ်နာသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

ကိုယ့်ယဉ်ကျေးမှု့ကို ချစ်လျှင်၊
ကိုယ့်ယဉ်ကျေးမှု့အပေါ်မှာ သစ္စာရှိပါ၊
ကိုယ့်ယဉ်ကျေးမှု့ ပျက်စီးသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။

လူတစ်ယောက်ယောက်ကို ချစ်လျှင်၊
သူ့အပေါ်မှာ သစ္စာရှိပါ။
ကိုယ့်ကြောင့် သူ့စိတ်ဓာတ်တွေ ပျက်စီးသွားသွားမယ့် အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။